Photo-ANP
ဇူလိုင်၊ ၂
ရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲနှစ်ကြိမ်လုံး နေရာအများစုနိုင်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကို စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပေးဖို့ပယ်ချလိုက်ပါတယ်။
ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်ပေးဖို့ ရခိုင်အမျိုးသားပါတီရဲ့လျှောက်ထားချက်အပေါ် စိစစ်ချက်တွေ အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ပါပြဌာန်းချက်တွေနဲ့မညီတာကြောင့် ငြင်းပယ်တာလို့စစ် ကောင်စီ ရွေးကောက်ပွဲကော်မရှင်ကဆိုပါတယ်။
အဲ့ဒီဥပဒေပုဒ်မမှာ မတရားအသင်းဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတဲ့အဖွဲ့အစည်း၊နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း၊ဒါမှမဟုတ် အဲ့ဒီအဖွဲ့အစည်းဝင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက် ပြီးဖြစ်စေ ဆက်သွယ်တာ၊အားပေးကူညီတာတွေလုပ်ရင် ပါတီအဖြစ် မှတ်ပုံတင်ပေးဖို့လျှောက်ထားခွင့် မရှိဘူး ဆိုတဲ့အချက်ပါဝင်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာတော့ရခိုင်အမျိုးသားပါတီကိုဘာကြောင့်မှတ် ပုံတင်ခွင့်မပေးဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြမထားပါဘူး။
ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ် စုစု ပေါင်း ၄၅နေရာအနိုင်ရခဲ့ပါတယ်။
ရခိုင်ကမဲဆန္ဒနယ်တချို့ ချန်လှပ်ကျင်းပတဲ့ ပြီးခဲ့တဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာလည်း လွှတ်တော်သုံးရပ်အ တွက် စုစုပေါင်းကိုယ်စားလှယ်လောင်း ၁၅ဦးအနိုင်ရကာ ရခိုင်ပြည်နယ်မှာအနိုင်ရကိုယ်စားလှယ်အများဆုံး ပါတီ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီပြင်ဆင်ပြဌာန်းတဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ပါတီ တွေ မှတ်ပုံတင်ပြန်တင်ရမယ်လို့ ဆိုတာကြောင့် ၂၀၂၃ခုနှစ် မတ်လကတည်းကမှတ်ပုံတင်ခွင့်လျှောက်ခဲ့ပေမယ့် တနှစ် ကျော်အကြာမှာမှ ပယ်ချကြောင်းထုတ်ပြန်လာတာပါ။
အာဏာမသိမ်းခင်က ပြည်ထောင်စုတဝန်းလုံးစည်းရုံးတဲ့ ပါတီအဖြစ် ရပ်တည်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ ဥပဒေသစ် အရ အကျပ်အတည်းတွေရှိတယ်လို့ဆိုကာ ANP ပါတီတာဝန်ရှိသူတွေက ပြည်နယ်အခြေစိုက်ပါတီအဖြစ်ပဲ မှတ်ပုံ တင်လျှောက်ခဲ့တာလို့သိရပါတယ်။
စစ်ကောင်စီကော်မရှင်ဆီမှာ ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ခြောက်ခု မှတ်ပုံတင်ပြန်လျှောက်ခဲ့ကြပေ မယ့် ANP ကလွဲလို့ ကျန်တဲ့ပါတီတွေကိုခွင့်ပြုခဲ့ပြီး ANP ကိုတော့ တစုံတရာအကြောင်းမပြန်ဘူးလို့ ပါတီတာဝန်ရှိ သူတွေက DNAကိုပြောထားပါတယ်။
ရခိုင်အမျိုးသားပါတီဟာ အာဏာသိမ်းစကာလတုန်းက ပြည်နယ်အုပ်ချုပ်ရေးကဏ္ဍမှာနေရာပေးဖို့ စစ် ကောင်စီ နဲ့ဆွေးနွေးခဲ့တာရှိပေမယ့် မပြေလည်ခဲ့တာကြောင့် လပိုင်းအကြာမှာတော့ စစ်ကောင်စီနဲ့ ဆက်ဆံရေးရပ်တန့်ပြီ လို့ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကထုတ်ပြောခဲ့ပါတယ်။
ANP ပါတီ ဒုတိယဥက္ကဌဟောင်းလည်းဖြစ်၊ပါတီဗဟိုမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ဒေါ်အေးနု စိန်က စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သလို၊ ဦးဇော်အေးမောင်ကလည်း တိုင်းရင်းသားရေးရာဒုဝန်ကြီး အ ဖြစ်စစ်ကောင်စီအစိုးရအဖွဲ့ထဲပါဝင်ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီနဲ့ ဆက်ပြီး ပူးပေါင်းဖို့၊ပူးပေါင်းမှုရပ်တန့်ဖို့တွေနဲ့ပတ်သက်ပြီး ANP ပါတီထိပ်ပိုင်း ခေါင်း ဆောင်တွေကြားသဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး ဒေါ်အေးနုစိန်နဲ့ ဦးဇော်အေးမောင်တို့ဟာ ပုဂ္ဂိုလ်ရေးဆုံး ဖြတ် ချက်အရ စစ်ကောင်စီအဖွဲ့ထဲပါဝင်နေတာလို့ လက်ရှိပါတီဥက္ကဌ ဦးသာထွန်းလှကပြောထားပါတယ်။
ရွေးကောက်ပွဲကိုလာမယ့် ၂၀၂၅ခုနှစ်မှာကျင်းပမယ်လို့ စစ်ခေါင်းဆောင်ကပြောထားပေမယ့် လက်ရှိ ရခိုင်ပြည် နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့တိုက်ပွဲတွေပြင်းထန်နေသလို ပြည်နယ်ရဲ့ တဝက် ကျော်လောက် ကို AA က သိမ်းပိုက်ထားပါတယ်။
စစ်ကောင်စီက ပြင်ဆင်ရေးဆွဲတဲ့ နိုင်ငံရေးပါတီဥပဒေအရ တည်ဆဲပါတီတွေ တရားဝင်ဆက်လက်ရပ်တည်နိုင်ဖို့ မှတ်ပုံတင်ခွင့်ပြန်လျှောက်ကြရတာပါ။
အဲ့ဒီပြဌာန်းချက်အရ စစ်ကောင်စီကိုလက်မခံတဲ့ NLD နဲ့ထင်ရှားတဲ့ နိုင်ငံရေးပါတီတချို့ အပါအဝင် မှတ်ပုံတင်ပြန် မလျှောက်တဲ့ပါတီစုစုပေါင်း လေးဆယ်ကျော်ကို ဖျက်သိမ်းတယ်လို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် မတ်လအတွင်းကြေညာခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကာလက တရားဝင်ရပ်တည်ခဲ့တဲ့ နိုင်ငံရေးပါတီ ကိုးဆယ်ကျော်ရှိပြီး အဲ့ဒီအထဲက ပါတီ ငါးဆယ် စစ်ကောင်စီကော်မရှင်ဆီမှာ မှတ်ပုံပြန်တင်ကြကာ အသစ်တည်ထောင်တဲ့ ပါတီကတော့ ၁၆ခု ရှိ တယ် လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့အချက်အလက်တွေအရသိရပါတယ်။