တကျော့ပြန် တိုက်ပွဲ ငါးရက်အတွင်း ဗိုလ်မှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဆယ်ကျော် TNLA ဆီလက်နက်ချ

Photo – TNLA

ဇွန်၊ ၂၉

လက်ရှိဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲ ငါးရက်အတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးတဦးနဲ့ တခြားအရာရှိတွေအပါအဝင် စုစုပေါင်း ၅၃ဦး လက်နက်ချခဲ့တယ်လို့ တအာင်းတပ် TNLA က ဒီကနေ့ ထုတ် ပြန်ပါတယ်။

လက်ရှိတိုက်ပွဲတွေအတွင်း လက်နက်ချလာသူတွေထဲ ဗိုလ်မှူးတဦး ဗိုလ်ကြီးလေးဦး၊ ရဲအုပ်တဦး၊ တပ်ကြပ်ကြီးခြောက်ဦး၊ ယာဉ်ထိန်းရဲတပ်ကြပ်တဦး၊ တပ်ကြပ် ၁၁ဦး၊ ဒုတပ်ကြပ်ကိုးဦး၊ ရဲတပ်သားတဦးနဲ့ တပ်သား ၁၉ဦးပါဝင် တယ်လို့သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နောင်ချို၊ကျောက်မဲ၊သီပေါ၊မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့က တိုက်ပွဲကာလ တွေအတွင်း လက်နက်ချ၊အလင်းဝင်ခဲ့ကြတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ပထမတကြိမ် ၁၀၂၇ စစ်ဆင်ရေးကာလမှာလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့ တော်လှန် ရေး တပ်တွေဆီ တပ်ရင်းအလိုက် လက်နက်ချမှုတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်ချီလက်နက်ချခဲ့ကြပါ တယ်။

လက်ရှိတကျော့ပြန်တိုက်ပွဲကာလမှာတော့ ကျောက်မဲမြို့နယ်အခြေစိုက် စကခ(၁) လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ဦး ဇွန်လ ၂၆ရက်က လက်နက်ချခဲ့တာဟာ တကြိမ်တည်းလက်နက်ချမှုအများဆုံးဖြစ်ပါတယ်။