ဇွန် ၊ ၁၅
စစ်ကောင်စီတပ်က နှစ်ပေါင်း သုံးဆယ်နီးပါးအကြာ အခြေချထားတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ နယ် ရှိ အောင်သာဝရစခန်းကို ဇွန်လ ၁၄ ရက်၊ မနေ့က ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက် ခံတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက် နိုင်ပြီလို့ KNLA ထံကနေ သိရပါတယ်။
“တိုက်ခိုက်မှုတွေလုပ်နေတာက တလကျော်ပြီ၊ မနေ့ က နေ့လယ် တနာရီလောက်မှာတော့ စခန်းမှာရှိနေ တဲ့ စကစ ရဲဘော်တွေထွက်ပြေးသွားတယ်၊ အဲလိုပဲ ကြားတယ်”လို့ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၂၇ ရဲ့ ပူးတွဲတပ်ရင်းမှူးဖြစ်သူ စောမှူးဂေက DNA ကို ပြော ပါတယ်။
ထိုင်းနယ်စပ်အနီးတနင်္သာရီမြို့နယ်နဲ့ထားဝယ်မြို့နယ်အစပ် တနင်္သာရီမြစ်ကမ်းနံဘေးမှာရှိတဲ့ အောင် သာဝရစခန်းဟာ ၁၉၉၇ ခုနှစ်ကတည်းက စစ် ကောင် စီတပ်ချထားတဲ့စခန်းလို့သိရပါတယ်။
လက်နက်ကြီးအခိုင်အမာချထားပြီး တပ်ဖွဲ့ဝင် အင် အား ငါးဆယ်ခန့်ရှိနိုင်တဲ့ အဲဒီစခန်းကို KNU တပ်မ ဟာ (၄) လက်အောက်ခံ KNDO တပ်ရင်း ၇ နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုအခြေအနေကိုတော့ အတိ အကျမသိရသေးပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြေပြင် စစ်ကူမပေးနိုင်တော့ဘဲလေကြောင်းတိုက်ခိုက်မှုတွေသာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“အဲဒီဘက်ခြမ်းကစစ်ကူတက်လာဖို့လည်းမလွယ်တော့ဘူး၊ အရင်ကတော့ မောထာနဲ့ နီးနေတော့ အ ထောက်အကူလုပ်တာတွေတော့ ရှိတာပေါ့၊ အခုက မောထာစခန်းလည်း ကျသွားပြီးပြီဆိုတော့ စစ်ကူ ကမလွယ်တော့ဘူး” လို့ တပ်ရင်းမှူး စောမှူးဂေက ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းလက်နက်တချို့သိမ်းဆည်းရမိထားတာရှိတယ်လို့ဆိုပေမယ့် အသေးစိတ် တော့ မသိရသေးပါဘူး။
အခုသိမ်းပိုက်ခံလိုက်ရတဲ့အောင်သာဝရစခန်းအနီးတဝိုက်က အင်အားငါးဆယ်ဝန်းကျင်ရှိ မောထာ စခန်းကိုလည်း KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်ကမှ သိမ်းပိုက်ရရှိ ထားတာပါ။
ကမ်းရိုးတန်းဒေသဖြစ်တဲ့ တနင်္သာရီတိုင်းအတွင်း အခုနှစ်အစောပိုင်းကစပြီး အင်အားငါးဆယ်ဝန်း ကျင်ရှိတဲ့ ကျောက်ထုစခန်း၊ မောထာစခန်း၊ ပဲဒက် စခန်း၊ ရောင်းမော်ပျူစခန်း အပါအဝင် စခန်းပေါင်း တဆယ်လောက်ကို KNU နဲ့ PDF ပူးပေါင်းတပ်တွေ က သိမ်းပိုက်ရရှိထားပါတယ်။