စစ်ကောင်စီရဲ့အပစ်ရပ် စာချုပ်ချိုးဖောက်မှုတွေကို သည်းမခံနိုင်တော့ရင် တုံ့ပြန်မယ်လို့ TNLA ပြော

Photo – TNLA

ဇွန်၊ ၁၃

ရှမ်းမြောက်အပစ်ရပ်ကတိကဝတ်ကိုစစ်ကောင်စီဘက်ကအကြိမ်ကြိမ်ချိုးဖောက်နေတာတွေနဲ့ပတ်သက်လို့ သည်းမခံနိုင်တော့ရင် လက်တုံ့ပြန်မယ်လို့ တ အာင်းတပ် (PSLF/TNLA)ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DNA ကို ပြောပါတယ်။ 

“စစ်ကောင်စီကကျွန်မတို့ ချုပ်ဆိုထားတဲ့ ဟိုင်ဂင် သဘောတူညီမှုကို ချိုးဖောက်ပြီးတော့ ဒေသခံ တွေ ကို ဦးတည်ပြီးတိုက်ခိုက်တာမျိုးကို မကြာခဏ တွေ့ နေရတာပေါ့လေ၊ ဒီဟာတွေကို ကျွန်မတို့က ဒီအ တိုင်းတော့ ထားမှာမဟုတ်ဘူး၊ မှတ်တမ်းနဲ့ ပြုစု ထားတယ်၊ တကယ်လို့ ကျွန်မတို့ သည်းခံ နိုင်တဲ့ပ မာဏ ကျော်လွန်သွားပြီဆိုရင်တော့ ကျွန်မတို့ကတော့တုံ့ပြန်ဖို့ရှိပါတယ်”လို့သူကပြောပါတယ်။

TNLA၊ MNDAAနဲ့ AAတို့ ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကနေ အခုနှစ်ဆန်း အထိ ရှမ်းမြောက်မှာ နှစ်လခွဲလောက်ကြာတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့စစ်ကောင်စီကိုထိုးစစ်ဆင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ကြားဝင်မှုအရ ဇန်နဝါရီ ၁၁ရက်ကစလို့နှစ်ဖက်အပစ်ရပ်ထားတာပါ။

ဒါပေမယ့်အပစ်ရပ်ဖို့နှစ်ဖက်သဘောတူစာချုပ်တွေချုပ်ဆိုပြီးတဲ့နောက် လက်ရှိအချိန်အထိ စစ်ကောင်စီဘက်ကချိုးဖောက်မှုတွေအကြိမ်ကြိမ်လုပ်နေတယ်လို့ TNLA နဲ့ ညီနောင်မဟာ မိတ်သုံးဖွဲ့ တို့က ထုတ်ဖော်ဝေဖန်ထားပါတယ်။

လတ်တလောမှာလည်း .ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နဲ့ နမ္မတူ၊ နမ့်ဆန်မြို့တွေကို ဆက်သွယ် ထားတဲ့ ကားလမ်းမကြီးကို စစ်ကောင်စီက မြောင်း ဖောက်ပြီး  ဇွန်လ ၁၂ ရက်၊ မနေ့က ဖြတ်တောက် ပစ်လိုက်တယ်လို့သိရပါတယ်။

“ဒေသခံတချို့ အဲမှာပဲ ကုန်(စည်)တွေ ရပ်ထား လိုက်ရတဲ့ အနေအထားရှိပါတယ်၊ အခုဆို ဒေသခံ တွေက မိုင်းငေါ့ဘက်ကနေ ပြန်ပတ်တဲ့လမ်းပဲ သုံးရ တော့မှာပေါ့” လို့ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကရှင်းပြပါတယ်။

သီပေါမြို့နဲ့ ငါးမိုင်ခန့်အကွာ မိုးတေရွာနဲ့ ကွန်စံ လိတ်ရွာကြား ကားလမ်းပိုင်းမှာ စစ်ကောင်စီက ဘူဒိုဇာနဲ့ မြေသားတွေ တူးထုတ်ပစ်လိုက်ပြီး ကား လမ်းကို ဖြတ်တောက်လိုက်တာပါ။

စစ်ကောင်စီက အခုလို ကားလမ်းဖြတ်တောက် တာ ဟာ နမ့်ဆန်နဲ့ နမ္မတူဒေသတွေဆီ ကုန်စည်စီး ဆင်း မှုနဲ့ ပြည်သူတွေရဲ့ သွားလာရေးကို ပိတ်ပင်တာ ဖြစ်ပြီး အဲလိုလုပ်တာဟာ ဟိုင်ဂင်သဘောတူ စာ ချုပ်ကို ချိုးဖောက်တာလို့ ထုတ်ပြန်ပြောဆို ထားပါတယ်။ 

နမ္မတူမြို့နဲ့ နမ့်ဆန်မြို့တွေကို ၁၀၂၇ စစ်ဆင်ရေးအ တွင်း TNLA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း PSLF/TNLA ရဲ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။

သီပေါမြို့ကိုတော့ အခုထိ စစ်ကောင်စီကပဲ ထိန်းချုပ်ထားတာပါ။

ဒေသခံတွေအနေနဲ့ကတော့ အခုလို ကားလမ်းဖြတ်တောက်ခံလိုက်ရတာကြောင့် နမ့်ဆန်-မိုင်းငေါ့-ကျောက်မဲ လမ်းကြောင်းကိုသာ အဓိက အသုံးပြုလို့ ရနိုင်တော့မယ့် အနေအထားရှိပါတယ်။ 

ဒါပေမယ့် အဲဒီလမ်းကြောင်းဟာ လမ်းမကောင်းတဲ့အပြင် ခရီးလည်း ဝေးကွာလွန်းတာကြောင့် အခက်အခဲတွေ ကြုံရနိုင်တယ်လို့ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့တဲ့ TNLA အပါအဝင် ညီနောင်မဟာသုံးဖွဲ့နဲ့ စစ်ကောင်စီတပ်ကြား ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး နှစ်ဖက်ပစ်ခတ်မှုတွေ ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဆွေးနွေးသဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဲဒီသဘောတူညီချက်ကို ဟိုင်ဂင်သဘောတူညီချက်လို့ လူသိများပါတယ်။ 

ဒီသဘောတူညီချက်ကြောင့် ရှမ်းမြောက်မှာ မြို့ တွေဆက်တိုက်သိမ်းယူနေတဲ့ ညီနောင်မဟာ မိတ် သုံးဖွဲ့ရဲ့ ထိုးစစ်ရပ်တန့်ခဲ့ပါတယ်။ ဒါပေမယ့်စစ်ကောင်စီကတော့ အပစ်ရပ်ပြီး နောက် ပိုင်းမှာ မဟာမိတ်တပ်တွေရဲ့နယ်မြေတွေထဲ လက်န က်ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်ခဲ့သေးတယ်လို့ ကိုးကန့်တပ် MNDAA နဲ့ TNLAတို့က ပြောထားပါတယ်။

ဟိုင်ဂင်စာချုပ် ချုပ်ဆိုပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၁၃ ရက်မှာ TNLA တပ်ဖွဲ့ဝင်တွေရှိရာကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းကို စစ်ကောင်စီတပ်က ထိုးစစ် ဆင်လာလို့နှစ်နာရီလောက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ 

အလားတူပဲ ဇန်နဝါရီ ၂၂ ရက်နေ့ညကလည်း မိုးကုတ်နဲ့ မိုးမိတ်မြို့ကြားရှိ ရှစ်မိုင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ 

ဒါ့အပြင် ဟိုင်ဂင်သဘောတူညီမှုရပြီးချိန်ကနေ အခုထိ TNLA ထိန်းချုပ်ထားရာ မိုးမိတ်၊ မိုးကုတ်၊ နောင်ချို စတဲ့ဒေသတွေဘက်ကို စစ်ကောင်စီ တပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေပြီး ဒေသခံတွေ ထိခိုက်သေ ဆုံးတာတွေလည်း ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကပဲ မိုးမိတ်မြို့နယ်ထဲရှိ TNLA တပ်စခန်းတခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ TNLA တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ 

TNLA ရဲ့ ထုတ်ပြန်ချက်အရတော့ အခု ဇွန်လ ၁ ရက်နေ့ကနေ ၉ ရက်နေ့အထိ စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့ဝင်တွေရှိရာကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထက်မနည်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ဟိုင်ဂင်သဘောတူစာချုပ်နဲ့ပတ်သက်လို့အကျယ်တဝင့် ထုတ်ဖော်ပြော ဆိုလေ့ မရှိသလိုအပစ်ရပ်သဘောတူချက်ချိူးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်တွေကိုလည်း တုံ့ပြန်တာမရှိပါဘူး။

ဟိုင်ဂင်စာချုပ် ရေးထိုးပြီးနောက် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကြား နောက်ဆက်တွဲ ဆွေး နွေးမှုတွေဆက်လုပ်နေတာရှိပေမယ့် ပြေလည်မှုမရ ဘဲတင်းမာမှုတွေရှိတယ်လို့သတင်းတွေထွက်သလို ရှမ်းမြောက်မှာလည်း တိုက်ပွဲပြန်ဖြစ်နိုင်တဲ့အ လား အလာတွေကြောင့်ဒေသခံတွေကတော့စိုးရိမ်နေကြပါတယ်။