မြဝတီမှာ မိုး များလို့ ရေကြီးရေလျှံ

Photo – Social Media

ဇွန်၊ ၉

ကရင်ပြည်နယ်၊မြဝတီမြို့မှာ မနေ့ကစပြီမိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အနိမ့်ပိုင်းနေရာတချို့မှာ ရေနစ်မြုပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 မနေ့ နေ့လယ်ပိုင်းကစပြီး မိုးသည်းထန်စွာရွာခဲ့တာကြောင့် မြို့ပေါ်လမ်းမတန်းတချို့၊ထိုင်း-မြန်မာချစ် ကြည်ရေးတံတားအနီး​နဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ဒီနေ့မနက်ပိုင်းအထိရေနစ်မြုပ်နေတာပါ။

“အမှတ်(၂)နဲ့ အမှတ်(၅)ဖက်တွေမှာတော့ရေထွက်ပေါက်ပိတ်လို့မိုးရေနဲ့ ရေမြုပ်တာတွေရှိတယ်၊သွား လာရေးတော့နည်းနည်းခက်သွားတာပေါ့၊ မြစ်ရေလျှံတဲ့အနေအထားတော့မရောက်သေးဘူး၊မိုးရေနဲ့ရေအိုင်သွားတာ”လို့ ဒေသခံတဦးကပြောပါတယ်။

မြဝတီမှာအရင်နှစ်တွေကလည်းမိုးရာသီအတွင်းမြစ်ရေလျှံကာ နေအိမ်တွေဆိုးဆိုးရွားရွားရေနစ်မြုပ်ရတဲ့ဖြစ်စဥ်တွေရှိခဲ့တာကြောင့်မြစ်ရေတက်လာမှာကိုစိုးရိမ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

လက်ရှိမိုးသည်းထန်မှု​ကြောင့်တော့အနိမ့်ပိုင်းနေရာတချို့မှာသာရေနစ်မြုပ်ခဲ့ပြီးရေဘေး ရှောင်ရတဲ့အခြေအနေမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

သောင်ရင်းမြစ်ရေဟာ ဇွန်လ၉ရက် မြန်မာစံတော် ချိန် ၉နာရီခွဲအချိန် တိုင်းထွာချက်အရ ကရင်ပြည် နယ်၊ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ပေကျော်ကို ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီမြစ်ရေဟာ နောက်၆နာရီအတွင်း မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့လည်းဆိုပါတယ်။

အဲ့ဒါကြောင့်မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ နေထိုင်ကြသူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။