ထားဝယ်အထူးစီးပွားရေးဇုန်ပြန်စဖို့ပြင်ပေမယ့် နယ်မြေမတည်ငြိမ်

Photo- စစ်ကောင်စီ (ပုံစာ – ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို စစ်ခေါင်းဆောင်လာရောက်စဥ်)

မေ ၊ ၂၄

စစ်ကောင်စီက ရုရှားနဲ့ ပူးပေါင်းပြီး အကောင်ထည် ဖော်မယ်ဆိုတဲ့ ထားဝယ်အထူးစီးပွားရေး ဇုန်တဝိုက် မှာ နယ်မြေတည်ငြိမ်မှု မရှိဘဲ စစ်ကောင်စီနဲ့တော် လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အား စုတွေကပြောကြပါတယ်။

“စစ်ကြောင်းမထိုးရင်တော့ အေးဆေး၊ စစ်ကြောင်း ထိုးလာရင်တော့ တိုက်ပွဲလည်းဖြစ်တာပဲ၊ အခုက စစ်ကြောင်းမရှိလို့ ငြိမ်နေတာ” လို့ ထားဝယ် အထူး စီးပွားရေးဇုန်အနီးရှိတဲ့ မူးဒူးရွာ ရွာခံတဦးက DNA ကို ပြောပါတယ်။ 

အခုလ မေ ၅ ရက်ကပဲ ထားဝယ်အထူးစီးပွားရေး ဇုန်အတွင်းက စစ်ကောင်စီတပ်စခန်းကို A Zero ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ဝင် ရောက်ပစ်ခတ်လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေ သမှာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဖို့ ရုရှားတာဝန်ရှိသူတွေနဲ့ ကနဦးအဆင့် ဆွေးနွေးထားပြီးပြီလို့ စစ်ကောင်စီရဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက Myanmar Now သတင်း ဌာနကို ပြောထားပါတယ်။ 

အကျယ်အဝန်း ဧက ငါးသောင်းဝန်ကျင်ရှိပြီး နိုင်ငံ တကာသင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ရေနက် ဆိပ် ကမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ တခြားအ လတ်စား စက်ရုံတွေ ထည့်သွင်းတည်ဆောက်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုနှစ်မှာ နအဖ  စစ်အစိုးရနဲ့ အီတာလျံထိုင်း ကုမ္ပဏီ တို့ သဘောတူ လက်မှတ်ရေးထိုးပြီး စတင်အ ကောင်ထည်ဖော်ခဲ့တာပါ။ 

ဒါပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်အတွင်းမှာတော့ ဘတ်ဂျက်လိုအပ်ချက်အရ လုပ်ငန်းရပ်ဆိုင်းခဲ့ပြီး ၁၁ နှစ်ခန့်အကြာမှ ရုရှားနဲ့ ပူးပေါင်းကာ လုပ်ငန်းပြန်စဖို့ စစ်ကောင်စီက ကြိုးပမ်းလာတာပါ။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကတော့ စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို လာရောက်ကြည့်ရှူစစ်ဆေးခဲ့ပါသေးတယ်။ 

ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင်နှစ်ဆယ် ဝန်းကျင်အကွာ၊ ရေဖြူမြို့ အနောက်ဘက် ဆယ် မိုင်ခန့်အကွာမှာရှိတဲ့ အဲဒီ ထားဝယ်အထူးစီးပွား ရေးဇုန်တဝိုက်ကို စစ်ကောင်စီတပ်က အရင်နှစ် တွေကတည်းက မကြာခဏ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်လေ့ရှိပါတယ်။ 

စစ်ကြောင်းထိုးတဲ့အချိန် တော်လှန်ရေးတပ်တွေရဲ့ ပြောက်ကျားတိုက်ခိုက်တာ ခံရလေ့ရှိတဲ့ အဲဒီ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်တာ၊ နေအိမ်မီးရှို့တာတွေ လုပ်လေ့ရှိပြီး ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ရလေ့ရှိ ပါတယ်။  

“စီမံကိန်းပြန်လုပ်မယ်ဆို အဲနေရာတွေက လုံးဝရှင်း လင်းနေမှရမှာဆိုတော့ နယ်မြေရှင်းလင်းရေး ကောင်းကောင်းလုပ်လာနိုင်တယ်” လို့ လောင်း လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူတဦးက ပြောပါတယ်။ 

အခုနှစ် ဧပြီလထဲမှာပဲ စစ်ကောင်စီတပ်က အဲဒီ ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်ကို အင်အားတ ရာနီးပါးနဲ့ နှစ်ကြိမ် စစ်ကြောင်းထိုးတာရှိခဲ့ပြီး ထိ တွေ့တိုက်ပွဲဖြစ်ပွားတာမျိုးတော့ မရှိခဲ့ပါဘူး။ 

လက်ရှိမှာတော့ ထားဝယ်အထူး စီးပွားရေးဇုန် တဝိုက် စစ်ကောင်စီတပ်တွေရှိတဲ့ နေရာဆိုလို့ အထူးစီးပွားရေးဇုန်ဧရိယာထဲမှာရှိတဲ့ စစ် ကောင် စီတပ်စခန်းတခုသာရှိပါတယ်။ 

တဧကကျော် ကျယ်ဝန်းပြီး ခြံစည်းရိုးသုံးထပ်၊ က တုတ်ကျင်း၊ ဘန်ကာတွေနဲ့ အခိုင်အမာတပ် ချထားတဲ့ အဲဒီတပ်စခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား သုံးဆယ်နဲ့ ငါးဆယ်ကြားရှိနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ခန့်မှန်းပါတယ်။ 

“သူတို့က စခန်းထဲမှာပဲနေတာများတယ်၊ စစ် ကြောင်းတွေလာရင်တော့ အဲထဲမှာစုပြီးမှ ပတ် ဝန်းကျင်ကို စစ်ကြောင်းထိုးတာ”လို့ လောင်းလုံး ပကဖ တာဝန်ရှိသူက ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်က တခြားနေရာတွေကနေ အင်အားဖြည့်စစ်ကြောင်းထိုးလာတဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာဆိုရင်တော့ ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်ကို စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ်နိုင်မှုအပြည့်အဝမရှိဘူးလို့လည်း သူကပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလအတွင်းကတော့ ထားဝယ်အထူးစီးပွားရေးဇုန်က အဲဒီတပ်စခန်းကို လောင်းလုံး ပကဖ အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေ အင်အားသုံးဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လေကြောင်းသုံးခုခံလို့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရပါတယ်။ 

အဲဒီတိုက်ပွဲဟာ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် လေကြောင်းသုံးခုခံတဲ့ တိုက်ပွဲတခုလည်းဖြစ်ပါတယ်။ 

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ အနီးဆုံးမှာရှိပြီး အင်အားကောင်းတဲ့ တခြားအခြေစိုက်စခန်းတွေကတော့ မြောက်ဘက် မိုင်လေးဆယ်လောက်အကွာ အုန်းပင်ကွင်းရွာအခြေစိုက် မောရဝတီရေတပ်စခန်း၊ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ လောင်းလုံးမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ) ၁၀၄ နဲ့ အရှေ့ဘက် ဆယ်မိုင်ခန့်အကွာက ရေဖြူမြို့အခြေစိုက် ခမရ ၄၀၆၊ ၄၀၇ နဲ့ အမြောက်တပ်ရင်း(အမတ) ၃၀၄ တို့ဖြစ်ပါတယ်။ 

ဒါ့အပြင် ထားဝယ်အထူးစီးပွားရေး အနောက်ဘက် ကပ္ပလီပင်လယ်ပြင်မှာလည်း စစ်ကောင်စီ ရေတပ်စစ်သင်္ဘောတွေ သွားလာလှုပ်ရှားတာမျိုးရှိပါတယ်။

ထားဝယ်ဒေသအပါအဝင် တနင်္သာရီတိုင်းထဲမှာ အခုနှစ်အစောပိုင်းကစလို့ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ရှိလာနေပြီး စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေအတွင်း မြေပြင်စစ်ကူမပေးနိုင်တော့ပဲ လေကြောင်းနဲ့ ရေကြောင်းကနေသာ ပစ်ကူပေးနိုင်ပါတော့တယ်။