Photo – VOA (ပုံဟောင်း)
မေ၊ ၂၄
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ရိုဟင်ဂျာ ကျေး ရွာတရွာဖြစ်တဲ့ သက္ကေပြင်ရွာမှာ ဈေးမီးလောင်လို့ ဆိုင်ခန်း ခြောက်ဆယ်ကျော် မီးလောင်ဆုံးရှုံးသွား ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မေလ ၂၃ ရက် နေ့လည် နှစ်နာရီ၀န်းကျင် လောက်မှာ မီးစလောင်ခဲ့တာဖြစ်ပြီး ညနေ ငါးနာ ရီ၀န်းကျင်လောက်မှ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါ တယ်။
“ဖိနပ်ဆိုင်ကနေ စလောင်တာ၊ ဆိုလာပြားအပူပြင်း လို့ လောင်တာပြောကြတယ်၊ စားကုန်ဆိုင်တွေ၊ အ ထည်ဆိုင်တွေ ပါသွားတယ်”လို့ စစ်တွေဒေသခံ ရိုဟင်ဂျာတဦးက ပြောပါတယ်။
ဈေးဆိုင်ခန်းတွေ မီးလောင်ပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း သက္ကေပြင်ရွာသားတဦးက ပြောပါတယ်။
သက္ကေပြင်ကျေးရွာဟာ စစ်တွေမြို့အနီး မြောက် ဘက်မှာ တည်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး အနီးပတ် လည်ရှိ ရိုဟင်ဂျာရွာတွေနဲ့ ဒုက္ခသည်စခန်းကနေ ဈေးလာ၀ယ်လေ့ ရှိကြပါတယ်။
“ဒီဖက်ရွာတွေက သက္ကေပြင်ဈေးကိုပဲ အားကိုး နေ ကြတာ၊ မြို့ထက်လည်း တက်လို့ မရဘူးလေ အခု က”လို့ စစ်တွေမြိုနယ် သဲချောင်းရိုဟင်ဂျာရွာ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိ နေသေးတဲ့ စစ်တွေမြို့နယ်မှာ ရိုဟင်ဂျာတွေကို စစ်ကောင်စီ တပ်က သွား လာခွင့် ပိုမိုတင်းကြပ်ထားပြီး စစ် ဆေး၊ ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။
“ဟိုရွာ ဒီရွာသွားတာတောင် မလွတ်လပ်တော့ဘူး၊ တခုခု၀ယ်လာရင် စစ်တယ်၊ ပေးမသွားဘူး၊ ယူတာ တွေ ယူထားလိုက်ကြတယ်”လို့ သဲချောင်းရွာ ဒေသခံက ပြောပါတယ်။