ဆယ်လသားအရွယ်ကလေးငယ်နဲ့ သက်ကြီးအမျိုးသမီးတွေဟာ PDF တွေလား 

မေ၊ ၁၅

မကွေးတိုင်းနဲ့ချင်းပြည်နယ်အစပ် ဆောမြို့နယ်ထဲက တောမရွာ လေကြောင်းတိုက်ခိုက်ခံရမှုဟာ လသား အရွယ်ကလေးနဲ့ သက်ကြီးအမျိုးသမီးတွေပါ သေဆုံးတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းလူသိများ တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တခုဖြစ်ပါတယ်။

ဒါပေမယ့် ဒီလေကြောင်းတိုက်ခိုက်မှုဟာ PDF တွေအစည်းအဝေးလုပ်နေတယ်ဆိုတဲ့သတင်းအရ တိကျတဲ့ တိုက်ခိုက်မှုတခုဖြစ်ပြီး PDF တပ်ဖွဲ့ဝင်အ များအပြား သေဆုံးတယ်ဆိုပြီး ဝါဒဖြန့် ရေးသား ထားတဲ့ အကြောင်းအရာတခုလည်း လူမှု ကွန်ရက်ပ လက်ဖောင်းတွေမှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်လော်ဘီချန်နယ်ဖြစ်တဲ့ Ko Thet ချန်နယ်က  မေ ၁၄ရက်၊  ည၇နာရီခွဲ ဝန်းကျင်မှာ ဒီအကြောင်းအရာကိုစတင်ဖြန့်ဝေခဲ့တာပြီး ကြည့်ရှုသူ ၁၇,၉၆၉ဦး၊  ကြိုက်နှစ်သက်သူ ၄၃၉ဦးနဲ့ ပြန်လည်မျှ ဝေသူ ၁၆ဦးထိရှိနေကာ လူမှုကွန်ရက်အသုံးပြုသူတွေဆီဆက်ပြီးပျံ့နှံ့နေပါတယ်။ 

အလားတူ ဗုံးကြဲခံရပြီးချိန် ရှာဖွေကယ်ဆယ်ရေး လုပ်နေတဲ့ ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ဝင်တချို့ရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး နရီမိုးချန် နယ်ကလည်း လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးတာ PDF တွေသာဖြစ်ကြောင်း မေ၊ ၁၄ ရက်၊ ည၈နာရီကျော် မှာ ရေးသား ဖော်ပြခဲ့ပါ သေး တယ်။

Ko Thet ချန်နယ်နဲ့ နရီမိုးချန်နယ်က ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာ ကြည့်ရှု နိုင်ပါတယ်။

တောမရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒီကနေ့အထိ စာရင်းတွေအရ စုစုပေါင်းသေဆုံး သူရှစ်ဦးအထိရှိပါပြီ။

တိုက်ခိုက်မှုဖြစ်ချိန် ကနဦးမှာ သေဆုံးသူ ခုနစ်ဦးရှိ ကာ ဒဏ်ရာရသူတွေထဲကတဦး မေလ ၁၅ရက်မှာ ထပ်ပြီးသေဆုံးလို့ စုစုပေါင်း ရှစ်ဦးအထိဖြစ် လာတာပါ။ 

ကနဦးသေဆုံးသူတွေထဲ ဆယ်လသားအရွယ် ကလေးတဦး၊ ငါးနှစ်အရွယ် ကလေးတဦး၊အသက် (၆၀) ကျော် အမျိုးသမီးတဦး ၊ အသက် (၅၀) ကျော်အမျိုးသမီး နှစ်ဦး ၊ အသက်(၄၀)အရွယ်အမျိုးသားနှစ်ဦးပါဝင်ပြီး ထပ်တိုး သေဆုံးခဲ့သူက တော့ အသက် ခုနစ်ဆယ်ကျော်အရွယ်အ မျိုးသမီး တဦးဖြစ်ပါတယ်။

တောမရွာဗုံးကြဲခံရမှုအတွင်း PDF တွေအများ အပြားသေဆုံးတယ်ဆိုတာနဲ့ပတ်သတ်လို့ DNA Fact Check အဖွဲ့က ဒေသခံတွေကိုဆ က်သွယ် မေးမြန်းရာမှာတော့ ဝါဒဖြန့်သတင်း အမှားသာ ဖြစ်တယ်လို့တုံ့ပြန်ကြပါတယ်။ 

“အလှူရှင်တွေလှူတဲ့ပစ္စည်းဝေနေတဲ့အချိန်ပေါ့ဗျာ ပစ္စည်းဝေနေတဲ့အချိန်ဗုံးကြဲတာ၊ သူတို့ပြောသလို PDFတွေအစည်းဝေးလုပ်တာမဟုတ်ဘူး၊ပစ္စည်းဝေနေတာ၊ ဆုံးသွားသူတွေက ဒေသခံတွေချည်းပဲ”လို့ ဆောဒေသခံတဦးကပြောပါတယ်။

တောမရွာဟာ ဆောမြို့ရဲ့မြောက်ဘက် ၁၅မိုင် လောက်အကွာမှာရှိပါတယ်။ ချင်းပြည်နယ်နဲ့ထိ စပ် နေတဲ့ ဂန့်ဂေါခရိုင် ယောဒေသထဲက ရွာတရွာလည်း ဖြစ်ပါတယ်။ 

ယောဒေသဟာ တော်လှန်ရေးတပ်ဖွဲ့တွေလှုပ် ရှား မှုအားကောင်းပြီး ကျေးလက်ဒေသတွေမှာ စစ် ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားတွေ ပြတ်တောက် နေတဲ့နေရာတွေလည်းရှိပါတယ်။ 

လေကြောင်းတိုက်ခိုက်ခံရတဲ့နေ့ကတော့ တောမရွာ ခံတွေကို အလှူရှင်တွေထောက်ပံ့တဲ့ လူသားချင်းစာ နာမှုဆိုင်ရာအကူအညီတွေပေးဝေမှာကြောင့်ရွာခံတွေစုဝေးနေကြတယ်လို့ တောမရွာခံတဦးက ရှင်း ပြပါတယ်။

အဲ့ဒီရွာမှာ စစ်ဘေးရှောင်မရှိသလို စစ်ကောင်စီ တပ်တွေ စစ်ကြောင်းထိုးတာ၊တိုက်ပွဲ ဖြစ်တာမျိုး လည်း မဖြစ်တာကြာပြီလို့သူကဆိုပါတယ်။ 

ဒါ့အပြင် လေကြောင်းကနေတိုက်ခိုက်ခံရချိန်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေလည်းရှိမနေကြဘူးလို့ အဲ့ဒီဒေသခံကဆက်ပြောပါတယ်။ 

“ လေကြောင်းပစ်ခံရပြီးမှ ကူညီကယ်ဆယ်ရေး ဆို တော့ ပကဖတွေလာကြတာပေါ့၊ မသေသေးတဲ့ သူ တွေကယ်ထုတ်ကြတယ်၊ ပကဖတွေနဲ့ PDFတွေက ကူညီကြတာမျိုးဗျ”လို့ တောမရွာခံက DNA Fact Check အဖွဲ့ကိုပြောပါတယ်။

တောမရွာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၈လအရွယ်နဲ့၅နှစ်အရွယ်ကလေးတဦးအပါအဝင် အရပ်သား၇ဦးသေဆုံးခဲ့ပြီး ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိိုတဲ့အကြောင်း MIZZIMA သတင်းဌာနက ရေးသားထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဒေသတွင်းမြေပြင်အခြေအနေတွေကိုဖော်ပြပေးရာ နေရာတခုဖြစ်တဲ့ ယောအလင်းတန်းက တောမ ရွာ မှာတိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတဲ့အ ကြောင်းရေးသားထားတာကိုလည်း ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

အလားတူ အဲ့ဒီတိုက်ခိုက်မှုဖြစ်ချိန် မြေပြင်အခြေအနေတွေကိုပါ ဒေသခံတွေကို မေးမြန်းကိုးကားပြီး Myanmar Now သတင်းဌာနက ရေးသားဖော်ပြထားတာကိုလည်း ဒီနေရာ မှာ ဖတ်ရှုနိုင်ပါတယ်။

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြတာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။