စစ်မှုထမ်းဥပဒေ ဆန့်ကျင်ကြောင်း နယ်သာလန်အပါအဝင် ဥရောပရောက်မြန်မာတွေ ဆန္ဒပြ

မတ်၊ ၁၇
 
အာဏာသိမ်းသိမ်းစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဥရောပနိုင်ငံ တချို့ မှာ ရောက်ရှိနေတဲ့ မြန်မာတွေက နယ်သာလန်နိုင်ငံ အမ်စတာမြို့မှာ ဒေသစံချိန်တော် မတ်လ ၁၆ ရက် နေ့လယ်က ဆန္ဒပြခဲ့ကြပါတယ်။
 
အမ်စတာဒမ်မြို့ ဒမ်စကွဲယားရင်ပြင်မှာ လုပ်ခဲ့တဲ့ ဒီဆန္ဒပြပွဲမှာ နယ်သာလန်နိုင်ငံရောက် မြန်မာတွေ၊ အိမ်နီးချင်း ဘယလ်ဂျီယဲနိုင်ငံမှာ ရောက်နေသူတွေနဲ့ ဥရောပ နိုင်ငံတချို့မှာရှိတဲ့ တက္ကသိုလ်တွေမှာ ပညာသင်နေတဲ့ ကျောင်းသားလူငယ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
 
ဆန္ဒပြပွဲအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ကာ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေကို အလေးပြုတာ၊ ပန်းတွေနဲ့ ဂုဏ်ပြုတာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။
 
ဓာတ်ပုံ – ဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ (နယ်သာလန်)