ပုဏ္ဏားကျွန်းမြို့တွင်းမှာတွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ

မတ်၊ ၈
 
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ကိုသိမ်းပိုက်ပြီးနောက် ဌာနဆိုင်ရာရုံးတွေနဲ့ မြို့တွင်းအရေးပါတဲ့ နေရာတချို့နဲ့အတူ AA တပ်ဖွဲ့ဝင်တွေကို အခုလိုတွေ့ရပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ ပုဏ္ဏားကျွန်းမြို့က နောက်ဆုံးလက်ကျန်စစ်ကောင်စီစခန်း ခမရ (၅၅၀) ကို နှစ်ပတ်နီးပါး ထိုးစစ်ဆင်ပြီး အခုလ ၄ ရက်မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
 
ပုဏ္ဏားကျွန်းမြို့အပါအဝင် ရခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ခုနစ်မြို့နယ်ကို သိမ်းပိုက်ထားပြီး ကျန်တဲ့မြို့တွေကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။
 
ဓာတ်ပုံ – AA Info Desk