ဟုမ္မလင်း-တမူးနယ်စပ်က ရှမ်းနီစခန်းတခုကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်

ဖေဖော်ဝါရီ၊ ၂၈

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းနဲ့ တမူးမြို့နယ်အစပ်မှာရှိတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA စခန်းတခုကို PDF နဲ့ကူကီးပူးပေါင်းတပ်တွေက နှစ်ရက်ဆက် တိုက်ခိုက်ပြီးသိမ်းပိုက်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာန အမှတ်(၁)စစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။

SNA ဘက်က အင်အားခြောက်ဆယ်လောက် အခြေချတပ်စွဲထားတဲ့ ကမ္ဘာလုံးစေတီ စခန်းကို တမူးခရိုင် PDF တပ်ရင်းတွေနဲ့ ကူကီးအမျိုးသားတပ်မတော် KNA(B)ပူးပေါင်းတပ်က အခုလ ၂၅ရက်ကနေ ၂၆ရက်ထိ တိုက်ခိုက် ပြီးသိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။

တိုက်ပွဲအတွင်း SNA ဘက်က လေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရကာ M-22 သေနတ်တလက်၊G-3 သေနတ်လေး လက်နဲ့ ကျည်တထောင်ကျော်၊တခြားခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတချို့  သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ်(၁)စစ် ဒေသရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက MI-2 ရဟတ်ယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် စခန်းကိုသိမ်းဆည်းနိုင်ခဲ့ တာလို့လည်းဆိုပါတယ်။

တမူး၊ဟုမ္မလင်းမြို့နယ်တွေနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတချို့မှာ လှုပ်ရှားတဲ့ SNA ရှမ်းနီးတပ်ဖွဲ့ဟာ အာ ဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ တရားဝင်ထုတ်ပြောတာမရှိပေမယ့် သူတို့လှုပ်ရှားရာ ဒေသအတွင်း PDF အပါအဝင် တခြားတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။

PDF ပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်ထားတဲ့ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ကို စစ်ကောင်စီက ပြန် လည်ထိုးစစ်ဆင်ရာမှာလည်း SNA တပ်တွေ ပါဝင်တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပြော ထားပါတယ်။

photo -အမှတ်(၁)စစ်ဒေသ