စစ်ကောင်စီလေကြောင်းတိုက်ခိုက်မူအပြီး မင်းပြားမြို့နယ် သေကန်ကျေးရွာမြင်ကွင်း

ဖေဖော်ဝါရီ၊ ၂၇

 မင်းပြားမြို့နယ်သေကန်ရွာရှိစစ်ဘေးရှောင်တွေတည်းခိုနေတဲ့စာသင်ကျောင်းတကျောင်းနဲ့ရွာထဲကိုစစ်ကောင်စီကဒီကနေ့မနက်၁နာရီကျော်လောက်မှာလေကြောင်းက ဗုံးကြဲခဲ့ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မူမှာ စစ်ဘေးရှောင်တွေအပါအဝင် အရပ်သား၃၀နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေကန်ကျေးရွာကထိခိုက်ဒဏ်ရရှိခဲ့တဲ့ပြည်သူတွေနဲ့နေအိမ်အဆောက်အဦးတွေရဲ့ဓါတ်ပုံတွေကို လက်လှမ်းမီသလောက် DNAကစုစည်းဖော်ပြလိုက်ပါတယ်။

ဒါအပြင်ဒီကနေ့ဖေဖော်ဝါရီလ (၂၇) ရက်နံနက် ၁ နာရီ ၄၅မိနစ်မှာ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံကိူအကြမ်းဖက်စစ်ကောင်စီမှ  ဂျက်တိုက်လေယာဉ်တစ်စီးနဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လိုAAကထုတ်ပြန်ထားပါတယ်။

 လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြတဲ့အပြစ်မဲ့အရပ်သားပြည်သူတွေဆေးရုံဝန်ထမ်းတွေပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုရှိခဲ့တယ်လို့AAကပြောပါတယ်။

Photo-APM/Social Media