ဖေဖော်ဝါရီ၊ ၂၁
စစ်ကောင်စီ က ဧရာဝတီတိုင်း အတွင်းကနေ ရခိုင်ပြည်နယ် ထဲကို စက်သုံးဆီ ဆန် နဲ့ စားနပ်ရိက္ခာ ကုန်စည် တွေ ပို့ဆောင်ခွင့် ကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ကစပြီး ခွင့်မပြုတော့ ဘူးလို့ ပုသိမ် အခြေစိုက် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူတွေ က DNA ကို ပြောပါတယ်။
စက်သုံးဆီ ၊ ဆန် ၊ စားသုံးဆီ ၊ ကြက်သွန် ၊အာလူး ၊ငရုတ် နဲ့ မီးဖိုချောင်သုံး စားသောက်ကုန် တွေ သာ မက ခေါက်ဆွဲခြောက် ကြာဆံ ဂေါ်ဖီ၊ ဖရဲသီး၊ ကန်ဇွန်းဥ၊ ပြောင်းဖူး ၊ပန်းသီး၊ သစ်သီး မျိုးစုံစတဲ့ စားနပ်ရိက္ခာ ကုန် ပစ္စည်း တွေကိုပါ သယ်ယူ ပို့ ဆောင် ခွင့် မပြုတာလို့ ဆိုပါတယ်။
ကုန်တွေ မပို့ရဘူး ဆိုတာ အကျယ်တဝင့် အသိမပေးဘူး စစ်ဆေးရေး ဂိတ်ရောက်တော့ မှ မသယ်ရဘူး ပြောတယ် မသယ်ရဘူး သိရင်တော့ ဘယ်သယ်ပါ့မလဲ ခုတော့ ရခိုင် ဘက်ကို ပို့ဖို့မပြောနဲ့ သာပေါင်းမြို့နယ် ထဲတောင် သယ်လို့မရဘူး အချိန်ကုန် ငွေကုန် လူပန်း ကုန်တွေ ပျက် ဆီးတာတွေ ဖြစ် ကုန်တယ် လို့ ရခိုင် ပြည်နယ် ဘက်ကို သာပေါင်းမြို့နယ် ကတဆင့် ကုန်စည်ပို့တဲ့ လုပ်ငန်း ရှင်တဦး က DNA ကို ပြောပါတယ်။
ကုန်စည်ကိုတွေ ကို ရခိုင်ပြည်နယ် အတွင်းသာ မက ရခိုင်ပြည်နယ် နဲ့ နယ်မြေ ထိစပ်နေတဲ့ မြို့နယ် အတွင်း ကိုပါ သယ်ယူခွင့်မပြုတော့တာပါ ၊ စက်သုံးဆီ ဆန် နဲ့ စားသုံးဆီ ငရုတ် အာလူး ကြက်သွန် စတဲ့ ကုန်စည် တို့ က ပြန်သယ်ယူ လို့ရပေမယ့် အသီးအရွက် တွေ က ပျက်ဆီးဆုံးရှုံးမှု တွေရှိတယ် လို့ သိရပါတယ်။
စစ်ကောင်စီ ဟာ ရခိုင်ပြည်နယ် နဲ့ တဆက်စပ်တည်း ရှိပြီး ရေလမ်း ကုန်လမ်း ခရီး တိုက်ရိုက်ရောက် တဲ့ ဧရာဝတီတိုင်း အတွင်း က ပုသိမ် လပွတ္တာ ငပုတော သာပေါင်း ငရုတ်ကောင်း ချောင်း သာ ငွေဆောင် ရွှေသောင်ယံ ဘိုကလေး ဒေးဒရဲ ဖျာပုံ ဒေသတို့မှာ ကုန်စည်နဲ့ လူအဝင်အထွက်ကို တင်းကြပ် စွာစစ်ဆေးတယ် လို့ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် ကို ကုန်လမ်း ခရီး တိုက်ရိုက် ရောက်တဲ့ ကြံခင်း ဘက်ရဲ လေးမျက်နှာ ရေကြည် င သိုင်းချောင်း သာပေါင်း ချောင်းသာ ဒေသ မှလည်း ရခိုင်ရိုးမ ထဲကို စစ်ကြောင်းထိုးတာ တွေ မကြာခဏ လုပ်ဆောင်နေပြီး ပင်လယ်ပြင် စိုးမိုးရေး အတွက် ဟိုင်းကြီးကျွန်း အုန်းကျွန် ထိပ်စွန်း တပင်မော် (ရွှေ သောင်ယံ) မှာ အမြောက် တပ်တွေ ထားရှိတယ် လို့ သိရပါတယ်။
အဓိက ကတော့ စစ်ရှုံး နေတဲ့ စစ်ကောင်စီက စစ်နိုင်နေတဲ့ ရခိုင် ကိုဖြတ်လေးဖြတ် လုပ်နေတာ ပြီးတော့ ဧရာဝတီ တိုင်း ကို အခိုင်အမာ တည်ဆောက်နေတာ ဒါပေမယ့် တကယ် မြေပြင် မှာ အဖြတ်ခံနေတာ က စစ် ကောင်စီတပ် တွေဗျ လို့ အသက် ၆၀ ကျော်ရှိ စစ်မှုထမ်းဟောင်း ဦးသိန်းဝင်း က ပြောပါတယ်။
ဧရာဝတီတိုင်း စစ်ကောင်စီ ရဲ့ ရဲ့ လက်ရှိ အခြေအန မှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် က တိုင်းအတွင်း မှာ တပ်သား သစ်ကို နည်းမျိုးစုံ နဲ့ စုဆောင်းတာ လုပ်နေပြီး မြို့အသီးသီး က အခြေစိုက် တပ်ရင်း တွေ က သက်ကြီး စစ် သားတွေ နဲ့ မွန်းမံသင်တန်း တက်ပြီး ဖြစ်တဲ့ စစ်မှုထမ်းဟောင်း တွေ က ရက်တို စစ်သင်တန်း တွေ ပေးမယ် လို့ သိရပါတယ်။
ပုံစာ-ရခိုင်နဲ့ဧရာဝတီအစပ်ငါးသိုင်းချောင်း-ဂွကားလမ်းတနေရာ