ကျောက်တော်မှာ တပ်မိသားစုဝင်တွေ အသတ်ခံရတဲ့ပုံဆိုပြီး ဓါတ်ပုံအဟောင်းတွေနဲ့ဖြန့်ဝေနေတဲ့ သတင်း မှား

ဖေဖော်ဝါရီ၊ ၁၆ 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စစ်သင်္ဘော ၃ စင်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ရေယာဉ်ပေါ်ပါ တပ်မိသားစုဝင်တွေရဲ့ ဓါတ်ပုံဆိုပြီး သေဆုံးနေတဲ့ ကလေးဓါတ်ပုံတွေနဲ့ တပ်မိသားစုဝင်တွေရဲ့နောက်ဆုံးဓါတ်ပုံ ဆိုပြီး တပ်နဲ့မိသားစုဝင်၊ ကလေးတွေပါ ဓါတ်ပုံတွေ လူမှုကွန်ယက်စာမျက်နှာ ပလက်ဖောင်းမျိုးစုံတွေမှာ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။‌

စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ Asia News အမည်ရှိတဲ့ တရုတ်စာနဲ့တယ်လီဂရန်ချန်နယ် 亞洲新聞 ကနေ ဖေဖော်ဝါရီလ ၁၁ ရက်မှာ စတင်ဖြန့်ဝေခဲ့ရာမှာ ကြည့်ရှုသူ ၃၁,၆၂၄ ဦး၊ ပြန်လည်မျှဝေသူ ၁၉၅ ဦး၊ တုန့်ပြန်မှု ၆၂ ခုရှိခဲ့တာ တွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီချန်နယ်တွေဖြစ်တဲ့ Myanmar Hard Talk၊  Snow Queenမှိုင်းဝေ  ၊ Radio Free MyanmarDoror Waddy Media  AA ရက္ခိုင့်တပ်တော် တိုက်ခိုက်လို့ စစ်သင်္ဘောသုံးစင်း နစ်မြုပ်ခဲ့ပြီး အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင် တပ်နဲ့ရဲမိသားစုဝင်တွေ၊ ဝန်ထမ်းတွေကို AA နဲ့ ရွာသူ/သားတွေ သတ်လို့ စုစုပေါင်း ကိုးရာ နီးပါး သေဆုံးခဲ့တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် တရုတ်ဘာသာနဲ့ရေးသားထားတဲ့  paukphaw network Page ကနေလဲ အဲဒီဖြစ်စဉ်ကို ဓါတ်ပုံ အမှားတွေနဲ့အတူ ဝါဒဖြန့်ရေးသားထားတာကို တွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီ Snow Queen တယ်လီဂရန်ချန်နယ်ကနေ ဖေဖော်ဝါရီလ ၁၂ ရက်မှာ “ရေယာဥ် တွေပေါ် ပါသွားတဲ့ တပ်မိသားစုတွေရဲ့ နောက်ဆုံးပုံရိပ်လေးပါ၊ ကမ္ဘာမကြေဘူး  AA”လို့ ရေးသားပြီး စစ် ကောင်စီတပ်သားတွေ၊ မိသားစုဝင်တွေ၊ ကလေးတွေပါတဲ့ ဓါတ်ပုံ ၂ ပုံနဲ့ဝါဒဖြန့်ထားတာကို ဒီမှာ နဲ့ ဒီနေရာမှာ တွေ့နိုင်ပါတယ်။

ဒီလိုဝါဒဖြန့်ထားတဲ့ ဓါတ်ပုံတွေနဲ့ပတ်သက်လို့ Delta News Agency(DNA) Fact Check Team က ဓါတ်ပုံ စစ်ဆေးနိုင်တဲ့ Tools တွေနဲ့ ဓါတ်ပုံမူလအရင်းအမြစ်ကို ရှာဖွေစစ်ဆေးကြည့်တဲ့အခါမှာ ၂၀၀၈ ခုနှစ်၊ နာဂစ်ဖြစ်စဉ်ဓါတ်ပုံ တွေနဲ့ ၂၀၁၇ ခုနှစ်က ဘူးသီးတောင်-မောင်းတော ပဋိပက္ခဖြစ်စဉ်က ဓါတ်ပုံအဟောင်းတွေကို သုံးပြီး ဝါဒဖြန့်နေတဲ့ သတင်းအမှားဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

သေဆုံးနေတဲ့ တပ်မိသားစုဝင်တွေရဲ့ ဓါတ်ပုံဆိုတာကို စစ်ဆေးကြည့်တဲ့အခါမှာ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းက သေဆုံးခဲ့သူတွေရဲ့ ပုံတွေဖြစ်တာကို World Press.com ကနေ  ၂၀၀၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့ က တင်တားတာကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

ဒါအပြင်  ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းက သေဆုံးခဲ့သူတွေကို ရက်ပေါင်း ၄၀ အကြာတွေ့ရပုံတွေဖြစ်တယ် ဆိုတာ 5ive Travellers website က ၂၀၀၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ရေးထားတာကို ဒီမှာ ကြည့်နိုင်ပါတယ်။ 

ဒါအပြင် The Irrawaddy ကနေ ၂၀၀၈ ခုနှစ်၊ မေလ ၁၂ ရက်က နာဂစ်မုန်တိုင်းကြောင့် သေဆုံးနေတဲ့ သူတွေလို့ ရေးသားပြီး ဓါတ်ပုံနဲ့အတူ တင်ထားတာကို ဒီမှာ ကြည့်နိုင်ပါတယ်။

ရက္ခိုင့်ပြည်နယ်၊ ကျောက်တော်ဖြစ်စဉ်က ရေယာဉ်ပေါ်ပါသွားတဲ့ တပ်မိသားစုရဲ့ နောက်ဆုံး ပုံရိပ်ဆိုပြီး ရေးသားထားတဲ့ ဓါတ်ပုံကို စစ်ဆေးကြည့်တဲ့အခါမှာလည်း Cnicds  twitter account ကနေ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ၁၂၃၄ အချိန်မှာ တင်ထားခဲ့တဲ့ မောင်တော-ဘူးသီးတောင်အကြမ်းဖက်မှုဖြစ်စဉ်က ဓါတ်ပုံအဟောင်းဆိုတာကို ဒီမှာ နဲ့ ဒီဓါတ်ပုံတွေမှာ ကြည့်နိုင်ပါတယ်။ 

ဒါအပြင် ၂၀၁၇ စက်တင်ဘာ ၉ ရက်မှာ စစ်ကောင်စီလော်ဘီ Kyaw Swar Twitter အကောင့်ကနေ ဝါဒဖြန့် ရေးသားထားတဲ့ တပ်မိသားစုဝင်များရဲ့ဓါတ်ပုံကို အသုံးပြုထားတာကို ဒီနေရာမှာ နဲ့ ဒီဓါတ်ပုံတွေမှာ  တွေ့နိုင်ပါတယ်။ 

DNA က ကျောက်တော် ဒေသခံတဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “အတိအကျတယောက်ဆီ ရေထားတာ မဟုတ်ဘူးလေ၊ သူတို့ပြောသလိုပေါ့၊ မိသားစုဝင်တွေကိုပါ သတ်တာ မင်းအောင်လှိုင်ပဲရှိတယ်၊ သင်္ဘောပေါ် ပါလာတဲ့သူတွေကတော့ သေမှာပေါ့၊ ရှင်လျက်ဖမ်းမိသူတွေကိုတော့ ကောင်းကောင်းထားပါတယ် သူတို့က” စစ်သင်္ဘော ၃ စီးနှစ်မြုပ်နိုင်ခဲ့တဲ့ တိုက်ပွဲအတွင်း အသက်ရှင်သူများကို ရွာသားများက ဝိုင်းဝန်း သတ်ဖြတ်တာမရှိဘူးလို့ ဖြေကြားပါတယ်။

ဒါအပြင် လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ မီဒီယာတွေမှာ စစ်သင်္ဘောမှ တပ်မိသားစုဝင်များကို စစ်လော် ဘီတွေဝါဒဖြန့်သလို AA နဲ့ရွာသားတွေသတ်ပစ်တာမဟုတ်ဘဲ ရေကူးထွက်ပြေးတဲ့ ကျောက်တော် စကခ ၉ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အပါအဝင် စစ်သည်များကို AA က ရေထဲမှ ကူညီကယ်ဆယ်ခဲ့တယ်လို့ ရေးသားထားတာကို  Western Newsခေတ်သစ်DNAMyanmar NowNarinjara တို့မှာ ဖတ်ရှုနိုင် ပါတယ်။

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြ တာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။