သတိ​​ပြုရမယ့်စစ်တပ်ရဲ့ လူမျိုးရေးပဋိပက္ခ ဖန်တီးနေမူတွေ

ဖေဖော်ဝါရီ ၊ ၁၅

ရခိုင်နဲ့ရှမ်းမြောက်အပါအဝင်ဒေသအများစုမှာ စစ်ရေးအရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်ကလူမျိုးရေးဝါဒဖြန့်မှုတွေလုပ်ဆောင်လာပြီး ပဋိပက္ခတွေ ဖြစ်ပွားလာအောင် ကြံစည်လာမှုကို ပြည်သူတှေအနနေဲ့ သတိကြီးစွာထားကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းပြောဆိုပါတယ်။

စစ်ကောင်စီက လူမျိုးရေး။ဘာသာရေးကို အသုံးချပြီး ပဋိပက္ခတွေကို ဖြစ်ပွားလာအောင် ဝါဒါဖြန့်မှုတွေ လုပ်ဆောင်လာတဲ့အပြင်  ရခိုင်နဲဗမာ လူမျိုးတွေကြား လူမျိုးရေး ပြသနာတွေ ဖြစ်ပွားလာအောင် လုပ်ဆောင်လာနေတာပါ။

!!!နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိရှိနဲ့ ဝါဒါဖြန့်တာပေါ့ ဒီနေရာမှာ ဘာသွားတွေ့ရလည်းဆိုတော့ သူတို့ရဲ့ လုပ်ရိုး လုပ်စဉ်ပေါ့နော် နည်းလမ်းအဟောင်းပေါ့ လူမျိုးရေး ကိုလက်နက်အဖြစ် အသုံးချမယ် ဘာသာရေးကို လက်နက်အဖြစ် အသုံးချမယ် သူတို့စစ်အာဏရှင် စနစ်ခိုင်မြဲရေးအတွက် နှစ်ပေါင်းမြောက်များစွာ ဒါတွေလုပ်ခဲ့ တာလေ !! လို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် မှာ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က DNA ကိုပြောပါတယ်။

ဒီလ ဖေဖော်ဝါရီ၇ ရက်နေ့နဲ့ ၈ ရက်နေ့ တွေမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်၀ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော သုံးစီးကို  AAကတိုက်ခိုက်နစ်မြုပ်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်မှာ စစ်ရှုံးပြီး စစ်သင်္ဘောနဲ့ ထွက်ပြေးဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချအညံခံဖို့နဲ့ ပြန်လည် ခုခံတာတွေ မလုပ်ဘဲ ပြည်သူဖက် အလင်းဝင်ဖို့ တိုက်တွန်းခဲ့ပေမယ့်စစ်ကောင်စီဖက်က ဒရုန်းဗုံးတွေ အသုံးချပြီး ပြန်လည်တိုက်ခိုက်လာတာဖြစ်တယ်လို့AAကဆိုပါတယ်။

အဲဒီနောက်AAက စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေကို လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အခုလို ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ရက်တွေမှာ စစ်အုပ်စုရဲ့လော်ဘီတွေက  စစ်သင်္ဘောပေါ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးတွေအပါအဝင်မိသားစုဝင်ခြောက်ရာနဲ့အထက်ကို သင်္ဘောရေနစ်မြုပ်လို့ ရေကူးပြီး ကမ်းစပ်ရောက်လာချိန် AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ တွေကဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့စွတ်စွဲပြီးရခိုင်-ဗမာ လူမျိုးရေး ပဋိပက္ခဖြစ်စေဖို့ တယ်လီဂရန်အပါအဝင်လူမူကွန်ရက်တွေကတဆင့်လှုံ့ဆော်ရေးသားခဲ့ကြပါတယ်။

ဒါ့အပြင် နာဂစ်မုန်တိုင်းတုန်းကသေဆုံးခဲ့တဲ့ ကလေးတွေအပါအဝင် ရုပ်အလောင်းပုံတွေကို အသုံးပြုပြီးတော့လည်း သွေးထိုးလှုံဆော်ဖော်ပြခဲ့ကြတာပါ။

အခုလိုမျိုးသူတို့ရဲ့ ထောင်ချောက်တွေ အာရုံလွဲမှုကို ပြည်သူလူထုက လက်ချင်းယှက်ပြီး လူမျိုးရေး ဘာသာရေး အမုန်းစကားတွေကို ဖြန့်ချီနေတာ အားလုံး ကိုတော်လှန်ရေး သတိနဲ့အတူ ပြတ်ပြတ်သားသားဆန်ကျင်ဖို့လိုတယ်လို ဦးထွန်းကြည်က ဆိုပါတယ်။

စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက ရခိုင်-ဗမာ လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားလာအောင် ကြိုးစားခဲ့ပေမယ့် အဲဒီစစ်သင်္ဘော နစ်မြုပ်မှုဖြစ်စဉ်မှာ အသက်မသေဘဲ လွတ်မြောက်လာသူတွေကို ရခိုင်တပ်ဖွဲ့တွေက လှေငယ်တွေနဲ့ ကူညီကယ်ဆယ်ပြီး စစ်သုံပန့်းဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ရုပ်သံမှတ်တမ်းတွေနဲ့ တကွAAက ထုတ်ပြန်ပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကလူမျိုးရေး ဝါဒဖြန့်မှုတွေကို အင်တာနက် စာမျက်နှာတွေတင်မကာဘဲ မြေပြင်မှာလက်တွေ့ လုပ်ဆောင်လာတာတွေလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်အတွင်းမှာပဲ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ ရခိုင်လူမျိုးတွေ ရောင်းချနေတဲ့ စားသောက်ဆိုင်တွေကို အားမပေးကြဖို့နဲ့ ရခိုင်လူမျိုးတွေကို ပြည်မကနေ ထွက်သွားကြဖို့ သွေးထိုးရေးသားထားတဲ့ စာတွေကို လူစည်းကားတဲ့ လမ်းတွေနဲ့ရခိုင်ဆိုင်တွေမှာလိုက်ကပ်တာ။ကြဲချတာတွေပြုလုပ်ခဲ့တာပါ။

နှစ်ပေါင်းများစွာ အတူတကွယှဉ်တွဲနေထိုင်လာကြတဲ့ တိုင်းရင်းသားတွေကြား အခုလို လူမျိုးရေး ပြသာနာတွေ ဖန်တီးလာတာဟာ အောက်တန်းကျတဲ့ လုပ်ရပ်သာဖြစ်ပေမယ့် လူထုက လက်ခံမှာတော့ မဟုတ်ဘူးလို့ မန္တလေးမြို့မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ကုမ္ပဏီ ဝန်ထမ်းတဦးကပြောပါတယ်။

!!အွန်လိုင်းမှာပဲ စာတွေတွေ့တာပါ မြေပြင်မှာတော့ ဘယ်သူမှာ စိတ်မဝင်စားကြပါဘူး ရခိုင်ဆိုင်တွေလည်း ပုံမှန်ဖွင့်ထားပြီး စားသောက်နေကြတာပါပဲ !! လို့ သူကဆိုပါတယ်။

စစ်ကောင်စီရဲ့သွေးထိုးလှုံ့ဆော်နေတာတွေကို ကြားသိရပေမယ့် ပြည်သူတွေအနေနဲ့အမြင်ကျယ်နေတဲ့ခေတ်ကာလမလို့ စိုးရိမ်တာသိပ်မရှိဘူးလို့လည်းရန်ကုန်မြို့ကရခိုင်တိုင်းရင်းသူတဦးကဆိုပါတယ်။

!!!ပထမတော့နည်းနည်းပူပန်တာပေါ့ကျွန်မတို့ကလူနည်းစုလေ။နောက်စဥ်းစားကြည့်တော့ဒီခေတ်ကအားလုံးကသိနေကြပြီသူတို့(စစ်ကောင်စီ)အကြောင်းကို။အဲဒီတော့အရာထင်မှာမဟုတ်ဘူး။သတိရှိဖို့တော့လိုတာပေါ့။သူတို့သွေးထိုးနေတာကို!လို့သူကပြောပါတယ်။

အလားတူပဲ ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရေး ရှုံးနိမ်ခဲ့တဲ့ စစ်ကောင်စီတပ်က ဘာသာရေးကို အသုံးချပြီး ပဋိပက္ခဖြစ်အောင် ဖန်းတီးမှုတွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

လောက်ကိုင်မြို့အနီးပွိုင့်၂၂၀၂ တောင်ကုန်းပေါ်မှာ စစ်တပ်က၂၀၁၅ ခုနှစ်မှာတည်ထားခဲ့တဲ့ စေတီကို MNDAA တပ်ဖွဲ့ဝင်တဦးက တူနဲ့ထုရိုက်ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရပ်ပေါ်မှာ ပျံနှံံခဲ့ပြီးနောက် စစ်အုပ်စုက ဆန္ဒပြမှုနဲ့ ဘာသာရေး အရ ဝါဒဖြန့်မှုတွေကို ဆက်တိုက်လုပ်ခဲ့တာပါ။

ဒါအပြင် စစ်ကောင်စီတပ်ရဲ့ ပြောခွင့်ရဗိုလ်ချူပ်ဇော်မင်းထွန်း ကိုယ်တိုင်က အခုလုပ်ရပ်ဟာ မြန်မာနိုင်ငံတွင်းက ဗုဒ္ဒဘာသာဝင်တွေကို သာမက ကမ္ဘာပေါ်က ဗုဒ္ဒဘာသာဝင်အားလုံးကို စော်ကားတဲ့လုပ်ရပ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်တပ်အနေနဲ့ ဘာသာရေးကို အလေးထားသယောင် ခုတုံးလုပ်နေပြီး သူတို့ကို မထောက်ခံတဲ့ သံဃာတွေကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေသလို ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကိုဗုံးကြဲဖျက်ဆီးနေတာလို့ရွေဝါရောင်သံဃာ့ကွန်ရက်ကဆရာတော်တွေကထောက်ပြထားတာပါ။

အခုလို စစ်အုပ်စုရဲ့ လိုသလို ကြိုးကိုင်နေတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးကြီး ဝါဒကို လူထုအနေနဲ့ ဆန်ကျင်ပြီးတပြည်လုံးမှာရှိတဲ့ လူမျိုးတွေ အားလုံး ညီညွတ်ရေးကို ပဲရှေ့ရှုသင့်တယ်လို့ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကောင်းစည်ဟိန်းက တိုက်တွန်းပါတယ်။

!! ပဋိပက္ခတွေကိုပဲ ဖော်ဆောင်နေတဲ့ အုပ်ချူပ်သူလူတန်းစာကို ဗမာပြည်သူလူထုအနေနဲ့ တော်လှန်ရေး ရေချိန်မြင့်လာတာနဲ့ အတူနောက်ကွယ်က သရုပ်မှန်ကို မြင်လာကြတယ် အဲဒီတော့ လူထုထဲမှာလည်း သက်ရောက်မှုရှိမယ် မထင်ဘူး  !!လို့ သူကဆိုပါတယ်။

ယခင်စစ်တပ်ကအရပ်သားအသွင်ပြာင်းသမ္မတဦးသိန်းစိန်လက်ထက်မှာဆိုရင်လည်း ရခိုင်ပြည်နယ်အပြင် လားရှိုး။မတ္ထီလာ ရန်ကုန်စတဲ့ဒေသတွေမှာ လူမျိုးရေး။ဘာသာရေးအသွင် ပဋိပက္ခတွေဖြစ်ပွားခဲ့ပါသေးတယ်။