စစ်ကောင်စီကိုပြန်တိုက်ဖို့အတွက် နှစ်ဖွဲ့ကွဲသွားတဲ့ မွန်ပြည်သစ်ပါတီ

ဖေဖော်ဝါရီ ၊ ၁၄

ဝါရင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP)က ထိပ်ပိုင်းခေါင်းဆောင် တချို့ ဦး ဆောင်တဲ့ အင်အားစုတချို့တဝက်ဟာ NCA လမ်းကြောင်းကိုစွန့်လွှတ်ပြီး စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ဖို့ဆုံး ဖြတ်လိုက်ကြပါတယ်။

 NLD အစိုးရလက်ထက် ၂၀၁၈ခုနှစ်မှာ NCA စာချုပ် လက်မှတ်ထိုးခဲ့သလို အာဏာသိမ်းပြီးနောက်မှာလည်းအဲ့ဒီ လမ်းကြောင်းပေါ်ဆက်လျှောက်ခဲ့ပေမယ့် သုံးနှစ်အကြာမှာတော့ မွန်ပြည်သစ်ပါတီဝင်ထဲကအင်အားစုတချို့က အဲ့ဒီလမ်းကြောင်းကို စွန့်လွှတ်လိုက်ကြတာပါ။

 ဒီလိုဆုံးဖြတ်လိုက်သူတွေက မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)ဆိုတဲ့နာမည်ခံလိုက်ကြပြီး လက်ရှိ  စစ်ကောင်စီကိုတော်လှန်နေတဲ့အဖွဲ့အစည်းတွေ၊နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းလက်တွဲ မယ် လို့ကြေညာလိုက်ပါတယ်။

 “စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေးအဖြေရှာရန်မဖြစ်နိုင်တော့ပါ” လို့ အဲ့ဒီအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ပထမဆုံးကြေညာချက်မှာဖော်ပြထားပါတယ်။

 “စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးတဲ့အခင်းအကျင်းမှာ မျှော်မှန်းထားတာ ဘာမှတော့ ရလဒ်ထွက်ပေါ်လာတာမရှိ ဘူး၊ သူတို့(စစ်တပ်)ခင်းကျင်းထားတဲ့အတိုင်းပဲ လိုက်နာဆောင်ရွက်နေရတယ်၊ဆိုတော့ မျှော်မှန်းချက်ပန်းတိုင်တွေ ရရှိဖို့က ဒီစစ်အာဏာရှင်ကို အပြီးတိုင် ချုပ်ငြိမ်းအောင် ချေမှုန်းရမယ်” လို့ မွန်ပြည်သစ်ပါတီရဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒုခေါင်းဆောင် ၁ တာဝန်ယူထားသူနိုင်ဗညားလယ်က DNA ကို ပြောပါတယ်။

 အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်းဒေသအနှံ့ကပြည်သူတွေအပေါ် လူမဆန်တဲ့ ဖမ်းဆီးညှင်းဆဲ အကျဉ်းချ သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေသလို မွန်ပြည်နယ်အတွင်းမြို့နယ်အများစုမှာလည်း အလားတူ ကျူးလွန်မှု တွေ ပိုပြီးလုပ်လာတာကြောင့် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့မဖြစ်နိုင်တောာ့လို့ထုတ်ပြန်ချက်ကဆိုပါတယ်။

 အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကာကွယ်ဖို့၊တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက် ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် တခုတည်းသောနည်းလမ်းဟာ စစ်အာဏာရှင်စနစ်နဲ့ အာ ဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသာဖြစ်ကြောင်းယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။

 ဒီယုံကြည်ချက်၊ ရပ်တည်ချက်ကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၅ ရက်က ရေး ချောင်းဖျားဒေသက ပါတီဌာနချုပ်မှာ ပြု လုပ်တဲ့ ၁၁ကြိမ်မြောက်ညီလာခံမှာ အကျေအလည်ဆွေးနွေးခဲ့ပေမဲ့ အောင်မြင်မှုမရခဲ့ဘူးလို့ဆိုပါတယ်။

 အခုခွဲထွက်အဖွဲ့က တင်ပြခဲ့တဲ့ စစ်ကောင်စီကိုပြန်လည်တော်လှန်ရေး အဆိုပြုချက်ဟာ မအောင်မြင်ခဲ့ဘဲ ၂၀၁၂ ခုနှစ်ကတည်းကNMSP နဲ့စစ်တပ်တို့ နှစ်ဖက်သဘောတူထားခဲ့ကြတဲ့ အပစ်ရပ်စာချုပ်အတိုင်းရပ်တည်သွားဖို့သာ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

 “Bilateral Ceasefire Agreement အတိုင်းရပ်တည်မယ်ဆိုတော့ ဒီအပေါ်မှာ လုံးဝလက်မခံနိုင်တော့ ယုံကြည် ချက်တူညီတဲ့သူတွေ စုပြီးတော့ စစ်အာဏာရှင်တိုက်ဖျက်ရေး ကြေညာလိုက်တာ” လို့ ဒု အဖွဲ့ခေါင်းဆောင် ၁ နိုင် ဗညားလယ်က ပြောပါတယ်။

 အခုခွဲထွက်လာတဲ့ အဖွဲ့ကို မွန်ပြည်သစ်ပါတီမှာ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ နိုင်ဇေယျက နိုင်ငံရေး၊စစ်ရေးအရ ဦးဆောင်မှာဖြစ်ပြီး အဲ့ဒီဦးဆောင်အဖွဲ့မှာ ဒုအဖွဲ့ခေါင်းဆောင် (၁)အဖြစ်နိုင်ဗညားလယ်၊ ဒု အဖွဲ့ခေါင်းဆောင် ၂ အဖြစ် နိုင်ရီရီကောင်း၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောတို့နဲ့အတူ မိခင်ပါတီက ဗဟို ကော်မတီဝင် တချို့လည်းပါဝင်ကြမယ်လို့သိရပါတယ်။

 ကျန်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ အင်အားစုတွေကိုတော့ NCA ထိုးချိန်ကတည်းက ဦးဆောင်ခဲ့တဲ့ နိုင်ဟံသာက ဆက်လက်ဦးဆောင်မယ့်သဘောဖြစ်ပါတယ်။

ပြီးခဲ့တဲ့သုံးနှစ်အတွင်း ရန်သူဟောင်းတွေရော၊ရန်သူအသစ်တွေနဲ့ပါ စစ်ခင်းနေရတဲ့ စစ်ကောင်စီအတွက်ကတော့ ရန်သူထပ်တိုးလာမယ့် အခုအခြေအနေက သတင်းကောင်းမဟုတ်မှာသေချာပါတယ်။

 ရှမ်းမြောက်နဲ့ ရခိုင်မှာ အကြီးအကျယ် စစ်ရှုံးပြီး အထိနာနေသလို တခြားဒေသတွေမှာလည်း စစ်မျက်နှာတွေဖွင့် ထားရပြီး အကျပ်ရိုက်နေတာကြောင့် နည်းလမ်းမျိုးစုံနဲ့စစ်အင်အားတွေစုဆောင်းခဲ့သလို ပြည်သူ့စစ်မှုထမ်း ဥပဒေ နဲ့ အရန်တပ်ဖွဲ့ဥပဒေတွေကိုပါမဖြစ်မနေ အသက်သွင်းခဲ့ရတဲ့စစ်ကောင်စီအဖို့ မွန်ပြည်သစ်ပါတီရဲ့ အခု သတင်းက မျှော်လင့်မထားဘဲ ထပ်တိုးလာတဲ့ အကျပ်အတည်းဖြစ်ပါတယ်။

 မွန်ပြည်သစ်ပါတီအနေနဲ့လည်း နှစ်ရှည်လများ မကြုံခဲ့ရတဲ့ အဖွဲ့အစည်းအတွင်း အင်အားစုတွေ ကွဲပြားသွားတဲ့ အခြေအနေကိုပြန်ကြုံလာရတာပါ။၁၉၅၈ခုနှစ်မှာ မွန်ပြည်သူ့တပ်ဦး(MPF)အဖြစ် စတင်ပေါ်ပေါက်ခဲ့ပြီး အဲ့ဒီ တပ်ဦးပြိုကွဲသွားချိန်မှာ မွန်ပြည်သစ်ပါတီကိုစတင်တည်ထောင်ခဲ့ကြပါတယ်။

 အဲ့ဒီနောက် ၁၉၈၂ခုနှစ်မှာ မွန်ပြည်သစ်ပါတီနှစ်ခြမ်းကွဲခဲ့ဖူးပေမယ့် တနှစ်အကြာမှာ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါ တယ်။

 နှစ်ပေါင်းလေးဆယ်ကျော်အကြာ လက်ရှိမှာ အတိတ်ကလို  ပြိုကွဲမှုမျိုး မွန်ပြည်သစ်ပါတီတွင်းမှာ ပြန်လည်ပေါ် ပေါက်လာတာဖြစ်ပါတယ်။ဒါပေမယ့် အာဏာသိမ်းပြီးနောက် အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲ မှုတွေကြုံ ခဲ့ တာဟာ မွန်ပြည်သစ်ပါတီက ပထမဆုံးတော့မဟုတ်ပါဘူး။

လွတ်လပ်ပြီးခေတ် မြန်မာလက်နက်ကိုင်တော်လှန်ရေးမှာအစောပိုင်းကတည်းက ပါဝင်ခဲ့တဲ့ KNU ခေါင်း ဆောင် ပိုင်းတွေကြားမှာလည်း အခုလို အတိအလင်းကြေညာချက်ထုတ်ပြီး အင်အားစုတွေကွဲထွက်မသွားပေမယ့် စစ် ကောင်စီကိုတော်လှန်တိုက်ခိုက်ရေးနဲ့ပတ်သက်လို့ သဘောထားတွေကွဲလွဲခဲ့ကြပါတယ်။

 အလားတူ ကရင်နီဒေသက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းရပ်တည်ခဲ့တဲ့ ကလလတ (KNPLF)ဟာလည်း နွေဦးတော်လှန်ရေးမှာပါဝင်ဖို့နဲ့ပတ်သက်ပြီး သဘောထားမတူသူ တွေရှိခဲ့ပါတယ်။

 မွန်ပြည်သစ်ပါတီဟာလည်း လက်ရှိအခြေအနေအရ အာဏာသိမ်းမှုကြောင့် သဘောထားရှုမြင်တွေကွဲပြားပြီး နှစ် ခြမ်းကွဲသွားရတဲ့ ဝါရင့်တော်လှန်ရေးတပ်ဖွဲ့တွေစာရင်းမှာ ထည့်သွင်းခံလာရပေမယ့် နိုင်ဗညားလယ်က တော့“လမ်းချင်းမတူတော့လို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားကြတာ”လို့ ပြောပါတယ်။

 အခုခွဲထွက်ပြီး သီးခြားရပ်တည်လာတဲ့ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး တပ်ဖွဲ့မှာ အင်အား ဘယ်လောက်ရှိနေတယ်ဆိုတာကိုတော့ သူကဖြေကြားဖို့ငြင်းဆန်ပါတယ်။သူတို့ရဲ့ ဒီကနေ့ ကြေညာချက်ကို လက် ခံယုံကြည်ပြီး ပူးပေါင်းလာမယ့်သူတွေကိုတော့ တပ်ဖွဲ့ဝင်တွေ အဖြစ် ဆက်ပြီး အသိအမှတ်ပြု လက်ခံဖို့ စီစဉ် ထားတယ်လို့ ရှင်းပြပါတယ်။

 အခုလို အင်အားစုတွေ ခွဲထွက်သွားတဲ့ အခြေအနေနဲ့ပတ်သက်ပြီး  မွန်ပြည်သစ်ပါတီ(NMSP) တာဝန်ရှိ သူတွေ ကို DNA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် အဆက်အသွယ်မရသေးပါဘူး။

 မွန်ပြည်သစ်ပါတီအရာရှိဟောင်းတဦးကတော့ အခုခွဲထွက်သွားတဲ့ အဖွဲ့မှာ အင်အားဘယ်လောက်ရှိ သလဲ ဆို တာ မသိရပေမဲ့ ဦးဆောင်အဖွဲ့မှာ မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်အများအပြားပါဝင်နေ တဲ့အတွက် စစ်ကောင် စီကို ခုခံတွန်းလှန်နိုင်တဲ့ အင်အားအပြည့်အဝရှိတယ်လို့ မှတ်ချက်ပြုပါတယ်။

 “ထိပ်ပိုင်းက ဦးဆောင်တာဆိုတော့ တော်တော်များက ပါမှာပဲ၊ အစကတည်းက တိုက်ချင်နေတဲ့ အစုအဖွဲ့ ရှိနေ တာကြာပြီ၊ စစ်တပ်ကို ကောင်းကောင်းခြိမ်းခြောက်နိုင်တဲ့ အင်အားတော့ ပါလာမှာ” လို့ သူက ပြောပါတယ်။

 အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ မွန်ပြည်ဖက်ဒရယ် ကောင်စီကတော့ စစ်ကောင်စီကို ပြန်လည်တော်လှန်တော့မယ့် မွန်ပြည်သစ်ပါတီခွဲထွက်အင်အားစုတွေရဲ့ ကြေညာချက်ကိုကြိုဆိုတယ်လို့ ဒီကနေ့မှာပဲ သဘောထားထုတ်ပြန်ပါတယ်။

 “ကျွန်တော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးပန်းတိုင်နဲ့ သူတို့ရဲ့နိုင်ငံရေးပန်းတိုင်က တူညီနေတယ်ဆို တော့အထူးပဲ ကြိုဆိုပါတယ်၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးမှုလုပ်ငန်းစဉ် တွေ ဆက်လက်ဆောင်ရွက်သွားမယ်” လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်ဆိုင်းက ပြော ပါ တယ်။

ဒီလိုမျိုး စစ်ရေးအတွေ့အကြုံရှိတဲ့ မွန်လက်နက်ကိုင်တပ်က နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ တော် လှန်ရေးအင်အားစုနဲ့အတူ ပူးပေါင်းတိုက်ခိုက်မယ်ဆိုတာဟာ   မွန်လူငယ်တွေအတွက် အချိန်အခါ ကောင်းတခု ဖြစ်တယ်လို့ သူကသုံးသပ်ပါတယ်။

 လက်ရှိ မွန်ပြည်နယ်အတွင်းမှာ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည် လွတ်မြောက်ရေးတပ်မတော်  MLA ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ ကာကွယ် ရေး တပ်မတော်တို့အပြင် ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေလည်းရှိနေပြီး စုစုပေါင်းတပ်ဖွဲ့ လေးဆယ် ထက် မနည်းရှိနေပါတယ်။

 အဲဒီအစုအဖွဲ့တွေကြား  ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး မဟာမိတ်အဖွဲ့တွေအဖြစ် ပူးပေါင်းဖော်ဆောင်တဲ့ စစ်ရေးလှုပ် ရှားမှုတွေရှိနေပြီး စခန်းသိမ်းတိုက်ပွဲတွေလည်း အရင်ကထက် ပိုလုပ်လာနိုင်တဲ့အခြေအနေရှိနေပါတယ်။

 မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ စစ်ကောင်စီကို ခုခံတော်လှန်တဲ့ ဘယ် တော်လှန်ရေးတပ်ဖွဲ့နဲ့မဆို အတူတကွပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။

 အခုလို ဝါရင့်မွန်လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပါလာဝင် လာတာ ဟာစစ်ရေးအတွက် အကျိုးရှိတဲ့ အထောက်အကူအလှည့်ပြောင်းတခုဖြစ်လာနိုင်တယ်လို့လည်းသူက သုံးသပ်ပါ တယ်။

 လက်ရှိသီးခြားခွဲထွက်လာတဲ့ အင်အားစုတွေသာမက မွန်ပြည်သစ်ပါတီအဖွဲ့တခုလုံး တော်လှန်ရေး အင်အားစု တွေနဲ့အတူ ပူးပေါင်းလာမယ်ဆိုရင် မွန်တိုင်းရင်းသားတွေရဲ့တော်လှန်ရေးရော နွေဦးတော်လှန်ရေးပါ ပိုပြီး မြန်ဆန်ထိရောက်လာမယ်လို့ ယူဆကြတာတွေလည်းရှိပါတယ်။

 မွန်ပြည်သစ်ပါတီ(NMSP)ရဲ့ အရာရှိဟောင်းတဦးကတော့ အခုလက်ရှိအခြေအနေအရကိုပဲ စစ်ကောင်စီ အ ခက်ပိုတွေ့လာဖို့ရှိတယ်လို့ သူ့အမြင်ကို အခုလိုပြောပါတယ်။ 

“ဒီရပ်တည်ချက်က နွေဦးတော်လှန်ရေးမှာ ပြောင်းလဲမှုတခုဖြစ်လာမှာသေချာတယ်၊အဓိကမွန်လူထုတွေရဲ့ တော် လှန်ရေးပေါ့၊ ဒီဘက်က စစ်ရေးအတော်လေးကို အားကောင်းလာမဲ့သဘော၊ စစ်ကောင်စီကတော့ အတော်လေးကို အကျပ်ရိုက်စေမှာအမှန်ပဲ” လို့ သူက ပြောပါတယ်။