ဒို့တာဝန်အရေးသုံးပါး ထိခိုက်စေမယ့်ကိစ္စတွေမလုပ်ဖို့ နိုင်ငံရေးပါတီတွေကို စစ်ခေါင်းဆောင် ခြိမ်းခြောက်

ဖေဖော်ဝါရီ၊ ၁၄

နိုင်ငံရေးပါတီတွေအနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို လက်ခံ လိုက်နာဖို့၊ထိခိုက်စေမယ့် ကိစ္စတွေမလုပ်ဖို့လိုသလို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ကြဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ခြိမ်းခြောက်ပြောဆို လိုက်ပါတယ်။

စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက်ရက်ပိုင်းအကြာမနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင်က အာ ဏာသိမ်းပြီးနောက် ပါတီမှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ အဲ့ဒီလို ပြောဆို ခဲ့တာပါ။

အဲ့ဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က လက်ရှိစစ်ကောင်စီရဲ့ဆောင်ရွက်ချက်တွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဝန်း ရံကူညီဆောင်ရွက်ကြဖို့တိုက်တွန်းခဲ့သလို ဆန့်ကျင်တဲ့ကိစ္စတွေမလုပ်ဖို့လည်း သွယ်ဝိုက်ခြိမ်းခြောက်ပြောဆိုမှု တွေလုပ်ခဲ့ပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ဥပဒေပြဌာန်းချက်တွေ၊သတ်မှတ်တွေအတိုင်း ဆောင်ရွက်ကြဖို့လိုပြီး “ကောင်းတဲ့စိတ်နဲ့ လုပ်ဆောင်ရင် ကောင်းတဲ့ရလဒ်တွေရမှာဖြစ်ကာ၊မကောင်းတဲ့စိတ်နဲ့ လုပ်ဆောင်ရင်တော့ မကောင်းတဲ့ရလဒ်တွေ ရမယ်”လို့ စစ်ခေါင်းဆောင်ကပြောကြောင်း စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။

ဒါ့အပြင်နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီနိုင်ငံရေးလှုပ်ရှားမှုတွေအပြင် နိုင်ငံ့အရေးဆောင်ရွက်တဲ့ နိုင်ငံရေးကို လည်းလုပ်ဖို့လိုသလို နိုင်ငံ့အရေးဟာ ပထမ၊ပါတီအရေးဟာ ဒုတိယဖြစ်တာကြောင့် ပါတီနဲ့ယှဉ်လာရင် နိုင်ငံ့ အကျိုးကိုပဲ ဦး စားပေးဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲ့ဒီတွေ့ဆုံပွဲမှာ ပြော ပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီက အသက်သွင်းခဲ့တဲ့ စစ်မှုထမ်းဥပဒေ၊အရန်တပ်ဖွဲ့ဥပဒေတွေနဲ့ ပတ်သက်လို့ လည်း  အဲ့ဒီတွေ့ဆုံပွဲတက်တဲ့ နိုင်ငံရေးပါတီတာဝန်ရှိသူတွေကို စစ်ခေါင်းဆောင်က ရှင်းပြခဲ့ပါသေးတယ်။

အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လတ်တလော အရပ်သား တွေကြား စိုးရိမ်မှုတွေရှိနေပေမယ့် စစ်ခေါင်းဆောင်ကတော့ အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီး နိုင်ငံ့အတွက်လည်း ဝန် ထုပ်ဝန်ပိုးမဖြစ်အောင် ချင့်ချိန်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

သတ်မှတ်အသက်အပိုင်းအခြားအတွင်းကနေ သင့်တင့်တဲ့ အင်အားသာ တာဝန်ထမ်းဆောင်ဖို့ဖြစ်တယ်လို့သူ ကပြောပါတယ်။

အလားတူ မနေ့ညကမှအာဏာတည်ကြောင်းစတင်ထုတ်ပြန်ခဲ့တဲ့ အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်းဟောင်း တွေကိုပြန်လည်ခေါ်ယူရာမှာလည်း အားလုံးကိုပြန်ခေါ်မှာမဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်သူတွေကိုသာခေါ် မယ် လို့ဆိုပါတယ်။

အထက်ပါ ဥပဒေနှစ်ခုကို အသက်သွင်းလိုက်တာကြောင့် ကာကွယ်ရေးအင်အား  တိုးမြင့်လာစေမှာ ဖြစ်တယ် လို့ အာဏာသိမ်းပြီးနောက်သုံးနှစ်အတွင်း စစ်အင်အား အများအပြားလျော့ကျလာတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင်ကပြောပါတယ်။

လေ့လာစောင့်ကြည့်သူတွေ၊တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား အာဏာသိမ်းစစ်တပ်ဟာ စစ်ပွဲ အရှုံးရလဒ်တွေကြောင့် လျော့နည်းလာတဲ့ စစ်အင်အားကိုဖြည့်တင်းနိုင်ဖို့ စစ်မှုထမ်းဥပဒေနဲ့ အရန် တပ်ဖွဲ့ ဥပဒေ တွေကို အသက်သွင်းလိုက်တာလို့ တညီတည်း ရှုမြင်ထားကြပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေး  အစိုးရNUG တို့ကတော့ နိုင်ငံ ရေး ပါတီတွေအနေနဲ့ စစ်ကောင်စီရဲ့ အသုံးချမှုတွေကနေ ရုန်းထွက်ရှောင်ကြဉ်နေကြဖို့ အခုလ ၁၀ရက်က ထုတ်ပြန် သတိပေးထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မနေ့က တွေ့ဆုံမှုမတိုင်ခင် တလကျော်အကြာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်း က လည်း နိုင်ငံရေးပါတီတွေနဲ့နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ပါတီတွေအနေနဲ့ လုံခြုံရေးကိစ္စတွေအတွက် ကူညီ သ တင်းပေးကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။