စစ်ကောင်စီရဲ့လက်နက်ပို့ယာဉ်ကို PDF ကြားဖြတ်တိုက်ခိုက်သိမ်းပိုက်

ဖေဖော်ဝါရီ၊ ၁၄
 
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျစခန်းက ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆီ ပေးပို့ဖို့လာတဲ့ လက်နက်ပို့ကားတစီးကို PDF တပ်ဖွဲ့တွေက မနေ့က ကြားဖြတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။
 
ဒီတိုက်ခိုက်မှုကနေ အလောင်း လေးလောင်း၊ ပစ္စတို နှစ်လက်၊ စက်သေနတ် သုံးလက်၊ လက်နက်ငယ် ခုနစ်လက် စုစုပေါင်းလက်နက် ဆယ့်နှစ်လက်နဲ့ ကျည်နှစ်သောင်းကျော်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
 
တမူးမြို့နယ်က စစ်ကောင်စီအခြေစိုက် စခန်းတခုဖြစ်တဲ အောင်ဇေယျစခန်းကို PDF တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဲဒီစခန်းက စစ်ကောင်စီတပ်တွေ ဆုတ်ခွာထွက်ပြေးသွားခဲ့တာ ရှိပါတယ်။
 
အဲဒီလို ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေအတွက် လက်နက်ခဲယမ်းတွေကို ဟုမ္မလင်းမြို့အခြေစိုက် စစ်ကောင်စီတပ်က ကားတစီးနဲ့ သယ်ယူလာပြီး ပေးပို့ဖို့ ကြိုးစားချိန် PDF တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
 
ဓာတ်ပုံ – NUG