ပေါက်ခေါင်းမှာ စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရလို့သုံးဦးသေဆုံး

ဇန်နဝါရီ၊ ၂၃

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ်မှာရှိတဲ့  ချင်းလည်ငါးဘတ်ကုန်း စစ် ကောင်စီဂိတ်စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက မနေ့ကပစ်ခတ်တိုက်ခိုက်တာကြောင့် သုံးဦး သေ ဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။

စုစုပေါင်းအင်အား ၂၅ဦးလောက်ရှိနေတဲ့ အဲ့ဒီဂိတ်စခန်းကိုမနေ့ကမနက်လေးနာရီလောက်မှာဒေသကာ ကွယ်ရေးတပ်တွေက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက် ကလည်း တုံ့ပြန်ပစ်ခတ်တာကြောင့် နှစ်ဖက် နာရီဝက်လောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၁၊ တပ်ခွဲ ၂က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ 

“ကျွန်တော်တို့က ဆိုင်ကယ်နဲ့သွားပစ်တာ၊ သေဆုံးမှုကိုတော့ ဒေသခံတွေနဲ့ ဖရဲသီးတွေကနေ အတည်ပြု တာ”လို့ သူကဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့မနက် ကိုးနာရီခွဲဝန်းကျင်မှာပဲ ပေါင်းတည်မြို့နယ်၊ ဂွေးတောက်ရွာက ထွက်လာတဲ့ အင်အားငါးဆယ်ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းကို သာယာဝတီခရိုင်တပ်ရင်း၃၈၀၁ လက် ဖြောင့်(Sniper)တပ်ဖွဲ့က သွားရာက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတဦး ဒဏ်ရာရခဲ့ပြီး အဲ့ဒီဒဏ်ရာရရှိသူကို လက်ပံခုန်ရွာကိုသယ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။

အခုလိုတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာကို ဒေသခံတွေကလည်း အတည်ပြုပြီး နောက်ဆက်တွဲအခြေအနေတွေကို စိုးရိမ်နေကြတယ်လို့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာ အနီး ဝန်း ကျင်မှာနေထိုင်တဲ့ ပေါက်ခေါင်းဒေသခံအမျိုးသမီးတဦးက DNAကိုပြောပါတယ်။

“ အမတောင်စျေးမထွက်ရဘူး၊ ဒုက္ခတွေတောင်ရောက်တယ်၊ အမတို့ရွာနဲ့နီးတယ် တရွာကျော်ပေါ့ ဒူးတောင် တုန်တယ်၊ ဂိတ်ကလူအင်အားထပ်ဖြည့်ထားတယ်၊ လက်နက်ကြီးတွေ တပ်ဆင်ထားတယ်ကြားတယ်”လို့ သူကဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဂိတ်စခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားထပ်မံ ဖြည့်တင်းထားတဲ့အပြင် ဖြတ်သန်းသွားလာတဲ့ဒေသခံတွေကို စစ်ဆေးမှုပိုပြီး တင်းကျပ်လာတာ၊ စား သောက်ကုန်တွေကိုပါ သိမ်းဆည်းထားတာတွေလုပ်နေတယ်လို့ဆိုပါတယ်။

“PDFကို ဝယ်ပေးတယ်ထင်လို့လေ ဆိုင်ကယ်သည်(ဆိုင်ကယ်နဲ့လှည့်လည်ဈေးရောင်းသူ)တွေကို၊ သူတို့က ရိုးမပေါ်သွားတဲ့ လမ်းကြောင်းနားက ရွာတွေမှာရောင်းကြတာ”လို့ အထက်ပါဒေသခံကဆိုပါတယ်။