“ဝ”နယ်မြေထဲမှာ စစ်ဘေးရှောင်တွေကို ကူညီပေးမှုရပ်ဆိုင်းတော့မယ်

ဇန်နဝါရီ ၊ ၁၃

 ကိုးကန့်ဒေသတွင်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကိုနှစ်လကျော်ကြာ လက်ခံကူညီပေးခဲ့ပြီးနောက် အခုလ ၁၅ရက်ကစလို့ ကူညီမှုရပ်ဆိုင်းတော့မယ်လို့ “ဝ”အဖွဲ့ UWSA က ထုတ်ပြန်အသိ ပေးလိုက်ပါတယ်။

UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကလည်း အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး DNAကို အတည် ပြုပါတယ်။

 “ဆက်​နေရင် ကိုယ့်စရိတ်နဲ့ကိုယ်​နေရမယ်ကြားတယ်၊ကိုယ့်ဘာကိုယ်​နေရင် ဘာမှမဖြစ်ဘူး၊စည်းကမ်း​တော့ လိုက်နာ ရမှာ​ပေါ့”လို့ နမ့်တစ်_ပန်ဆန်း ပုံမှန်ကား​ပြေးဆွဲ​နေတဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။

 လက်ရှိ ကိုးကန့်ဒေသထဲမှာ တိုက်ပွဲတွေပြီးဆုံးပြီဖြစ်လို့ စစ်ရှောင်တွေ နေရပ်ပြန်ကြဖို့နဲ့ နောက်ထပ် စစ်ရှောင်တွေ လည်း ထပ်ပြီးလက်ခံကူညီပေးတော့မှာမဟုတ်ဘူးလို့ “ဝ”အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။

လက်ရှိမှာ​တော့ နမ့်တစ် စစ်​ရှောင်စခန်းက စစ်​ဘေး​ရှောင်​တွေကို ဆက်လက်လက်ခံကူညီ​ပေးမှုသာ ရပ်ဆိုင်းမှာ ဖြစ်ပြီး “ဝ”ပြည်ထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်နေချင်​သေးတဲ့ စစ်​ဘေး​ရှောင်​တွေအတွက်​တော့တစုံတရာ ထုတ်ပြန်ထားတာမရှိသေးဘူးလို့  လားရှိုး”ဝ” ပြင်ပဆက်ဆံ​ရေးရုံးက ဦးညီရမ်းက​ပြောဆိုထားပါတယ်။

 မြောက်ပိုင်း ညီ​နောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်​ရေး​ကြောင့် ကိုးကန့်​ဒေသက ချင်း​ရွှေ​ဟော်၊​လောက်ကိုင်၊ ကွမ်းလုံ စ တဲ့ မြို့​တွေက အရပ်သားပြည်သူ​တွေ တရုတ်နိုင်ငံမိန်းတိန်ထဲကို ထွက်​ပြေးခိုလှုံကြသူရှိသလို ဝပြည်(နမ့်တစ်) ထဲ ကိုလည်း လူဦး​ရေသောင်းချီ ဝင်​ရောက်ခိုလှုံကြပါတယ်။

 “ဝ”အဖွဲဘက်က ထုတ်ပြန်တဲ့ စာရင်းတွေအရ နိုဝင်ဘာလလကုန်ပိုင်းအထိ “ဝ”ဒေသထဲကို စစ်ရှောင်လေး သောင်းလောက် ဝင်ရောက်ခိုလှုံခဲ့တယ်လို့သိရပါတယ်။

​“ဝ” ဒေသထဲကို ထွက်​ပြေးခိုလှုံလာတဲ့ စစ်ရှောင်​တွေဟာ “ဝ” တပ်ဖွဲ့ဘက်က ဖွင့်လှစ်ထားတဲ့ နမ့်တစ် စစ်​ရှောင် စခန်းမှာ သွား​ရောက်ခိုလှုံကြတာရှိသလို ကိုယ်နည်းကိုယ့်ဟန်နဲ့ တည်းခိုခန်း​တွေမှာ သွား​ရောက်​နေထိုင်သူ​တွေ  လည်းရှိပါတယ်။

စစ်ဆင်​ရေးကာလနှစ်လ​ကျော် သုံးလ နီးပါးအတွင်း “ဝ”တပ်ဖွဲ့ဘက်က နမ့်တစ် စစ်​ရှောင်စခန်းမှာ ဝင်​ရောက်ခို လှုံလာတဲ့ အရပ်သားပြည်သူ​တွေကို ​နေထိုင်​ရေး၊စား​သောက်​ရေး၊ကျန်းမာရေး ​စောင့်​ရှောက်မှုအပြင် လိုအပ်တဲ့ တကိုယ်​ရည်သုံး ပစ္စည်း​တွေကိုပါ ကူညီ​ပေးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ချိန် တရုတ်ပြည် မိန်းတိန်စစ်​ရှောင်စခန်းမှာ သွား​ရောက်ခိုလှုံကြပြီး အဆင်မ​ပြေလို့ ပြန် ထွက် လာကြတဲ့ စစ်​ဘေး​ရှောင်​တွေကိုလည်း လက်ခံကူညီ​​ပေးတဲ့အပြင် သူတို့ဆီ​ရောက်လာတဲ့ စစ်​ဘေး​ရှော င်​တွေအ ကုန်လုံးကိုလည်း ​နေရပ်နဲ့ အနီးစပ်ဆုံး​နေရာ​တွေထိ ကူညီပို့​ဆောင်​ပေးခဲ့တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“ဝ” ဒေသတွင်းမှာ တရုတ်ငွေနဲ့သာ အသုံးပြုကြပြီး  ကုန်ကျစရိတ်ကြီးမားတာကြောင့် အဲ့ဒီဒေသထဲမှာ ကာလ ရှည် ဆက်လက်နေထိုင်ဖို့အဆင်မပြေတဲ့ စစ်ရှောင်တွေဟာ လားရှိုး၊ တန့်ယန်း၊ မန္တ​လေး စတဲ့ ​နေရာ​တွေကို ထပ်ပြီးပြောင်းရွှေ့ကြရတာပါ။

လက်ရှိမှာ ကိုးကန့်တပ်ဘက်က ထိန်းချုပ်ထားနိုင်တဲ့ မြို့​တွေမှာ နယ်​မြေရှင်းလင်း​ရေးနဲ့ ပြန်လည်ထူ​ထောင်​ရေး​တွေလုပ်​​နေပြီဖြစ်သလို တချို့မြို့​တွေမှာ အရပ်သားပြည်သူ​တွေကို ​နေရပ်မှာပြန်နေနိုင်ပြီဖြစ်ကြောင်း ကိုးကန့် တပ်ဘက်က အသိပေးထားပြီလို့ သိရပါတယ်။

“ကိုးကန့်တပ်ဘက်က ထုတ်ပြန်တာ​လေ၊ပြန်လာလို့ရပြီဆိုပြီး၊အ​တော်များများ​နေရပ်ပြန်ခိုင်းပြီ၊လောက်ကိုင်၊ ချင်း​ရွှေ​ဟော်လည်း ပြန်ကုန်ကြပြီ”လို့ နမ့်တစ်_ပန်ဆန်း ပုံမှန်ကား​ပြေးဆွဲ​နေတဲ့ ယာဉ်မောင်းကပြောပါတယ်။

 ၁၀၂၇ စစ်ဆင်ရေးကာလ နှစ်လကျော်အတွင်း ရှမ်းမြောက်က မြို့ ၁၇မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ညီနောင်မဟာ မိတ် သုံးဖွဲ့ဟာ ဇန်နဝါရီ ၁၁ရက်ညပိုင်းကစလို့ စစ်ကောင်စီနဲ့ ရှမ်းမြောက်မှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှုရထားကြောင်း ထုတ်ပြန်အသိပေးထားပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ အဲ့ဒီလို နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာဖြစ်ပေမယ့် မနေ့က ရှမ်း မြောက်မှာ ညီနောင်သုံးဖွဲ့ ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို ဒီကနေ့မှာ လည်း ကျောက်မဲမြို့အနီး TNLAတပ်တွေရှိရာ ငြိမ်းချမ်းရေးကုန်းကို ထိုးစစ်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။