နိုဝင်ဘာ၊ ၁၉
တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) မှာ စစ်သင်တန်း တက်ရောက်ဖူးသူတွေရဲ့ အချက်အလက်တွေကို ပညာရေးဝန်ကြီးဌာနကနေ တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်တွေကို တောင်းခံထားတဲ့ ထုတ်ပြန်ချက်တခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီ့ထုတ်ပြန်ချက်ထဲမှာ စစ်သင်တန်းတက်ရောက်ဖူးတဲ့ ၂၀၂၀ပြည့်နှစ်မတိုင်မီအထိ ကျောင်းသားကျောင်းသူတွေရဲ့ (အမည်၊ အသက်၊ နိုင်ငံသားစီစစ်ရေးကတ်အမှတ်၊ ပညာအရည်ချင်း၊ လူမျိုးဘာသာ၊ ဆက်သွယ်ရန် အမြဲတမ်းလိပ်စာ) တို့ကို ပူးတွဲ(က)ပုံစံနဲ့ အဆင့်မြင့် ပညာရေး ဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်ကို ဒီဇင်ဘာ၁၇ရက်နေ့နောက်ဆုံးထား ပေးပို့ရန် ဆိုပြီးရေးသားထားတာပါ။
အဲ့ဒီ့ ထုတ်ပြန်ချက်ကို ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ တော်လှန်ရေး ပါဝင်လှုတ်ရှားသူတွေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။
ဒီထုတ်ပြန်ချက်အမှားက တက္ကသိုလ်လေ့ကျင့်ရေးတပ်(UTC) တတ်ရောက်ဖူးတွေနဲ့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ အရှိန်အဟုန်ပြင်းစွာပျံ့နှံ့နေပါတယ်။
စစ်ဆင်ရေး ၁၀၂၇စတင်ပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က စစ်သားတွေ မကြာခဏ လက်နက်ချအလင်းဝင်မှုများနဲ့ စခန်းစွန့်ထွက်ပြေးတိန်းရှောင်မှုများ မကြာခဏ ပြုလုပ်နေတာကြတာပါ။
ဒါကြောင့်စစ်တပ်ထောက်ခံ လော်ဘီချန်နယ်တွေကနေ စစ်သည်အင်အားဖြည့်တင်းဖို့ တက္ကသိုလ်လေ့ကျင့်ရေးတပ်(UTC) တတ်ရောက်ဖူးသူ၊ အစိုးရဝန်ထန်း၊ စစ်မှုထမ်းဟောင်းတွေနဲ့ အခြားသော စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းဝိုင်းတွေကို လူသစ်စုဆောင်းရေးမှာ အသုံးချနိုင်တယ်ဆိုတဲ့လှုံ့ဆောင်မှုတွေ ပြုလုပ်ပြီးနောက်ပိုင်း ဒီထုတ်ပြန်ချက်ထွက်ရှိလာတာပါ။
DNA Fact Check Team ကနေ စစ်ဆေးကြည့်တဲ့ အခါမှာ အဲ့ဒီ့ထုတ်ပြန်ချက်က အတုသာဖြစ်ပြီး အကြောင်းရာအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်
Department of Higher Education – အဆင့်မြင့်ပညာဦးစီးဌာနကနေ မနေ့က နိုဝင်ဘာ၁၈ရက်နေ့ မနက် ၉နာရီ ကျော်မှာ အဲ့ဒီ့ ထုတ်ပြန်ချက်ဟာ အမှားဖြစ်ကြောင်း သူတို့ရဲ့ လူမှုစာမျက်နှာကနေ ရေးသားဖော်ပြထားတာကို ဒီမှာဖတ်လို့ရပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ကိုယ်ပိုင် wedsite မှာလည်း ဒီထုတ်ပြန်ချက်အကြောင်းအရာနဲ့ပတ်သတ်ပြီး တစုံတရာဖော်ပြထားခြင်းမရှိပါဘူး။
ဒါ့အပြင် ဒီထုတ်ပြန်ချက်က အမှားဖြစ်တယ်ဆိုတဲ့အကြောင်းကို အချက်အလက်စစ်ဆေးရေးအဖွဲ့တခုဖြစ်တဲ့ ‘တွေးပြီးမှယုံ’ အဖွဲ့ကနေ စစ်ဆေးပေးထားတဲ့Postကို ဒီနေရာမှာ ဖတ်လို့ရပါတယ်။
ဒ့ါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြ တာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
DNA Fact Check Team ကို ဒီနေရာကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။