ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်က လက်ကျန်ငွေသား ကျပ်သိန်းတသောင်းနီးပါး NUGသိမ်းဆည်းရရှိ

နိုဝင်ဘာ၊ ၁၄

စစ်ကိုင်းတိုင်း ကောလင်းခရိုင်ရုံးစိုက်ရာ ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက အခုလဆန်းမှာ သိမ်း ပိုက်ခဲ့ပြီးနောက် ခရိုင် မြန်မာ့စီးပွားရေးဘစ်က လက်ကျန်ငွေသားကျပ်သိန်း ၉၅၀၀ကျော်ကိုသိမ်းဆည်းရရှိ ထားတယ်လို့ NUG ကြားကာလဗဟိုဘဏ်ကဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကြားကာလဗဟိုဘဏ်အနေနဲ့ အဲ့ဒီငွေကြေးသိမ်းဆည်းရရှိမှုကို စာရင်း သွင်းမှတ်တမ်းတင်ထားပြီး နိုင်ငံပိုင်ငွေတွေနဲ့ ပြည်သူတွေရဲ့အပ်နှံငွေတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့ စီမံခန့်ခွဲနေ တယ်လို့လည်းဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပထမဆုံး ခရိုင်မြို့သိမ်းတိုက်ပွဲအနေနဲ့ ကောလင်းမြို့ကို KIA၊PDF စတဲ့ တော်လှန်ရေး တပ်တွေက နိုဝင်ဘာ ၆ရက်မှာ  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

မြို့ကိုစတင်သိမ်းပိုက်ပြီးနောက် တပတ်ကျော်အကြာ ဒီကနေ့အထိလည်း တော်လှန်ရေးတပ်ဖွဲ့တွေကို ကော လင်းမြို့ကိုဆက်လက်ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဟာ စစ်ကိုင်းတိုင်းအတွင်းက ခမ်းပတ်မြို့ကိုလည်း ကောလင်းမြို့ကိုသိမ်း ပိုက်အပြီးရက်ပိုင်းအတွင်းထပ်မံသိမ်းဆည်းနိုင်ခဲ့ပါတယ်။

NUG ဗဟိုယစ်အနေနဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်နေတဲ့ဒေသတွေက ပုဂ္ဂလိက ဘဏ်တွေနဲ့ နိုင်ငံပိုင်ဘဏ်တွေက အပ်နှံငွေတွေ၊စာချုပ်စာတမ်းတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့နိုင်ငံပိုင် ငွေ ကြေးပစ္စည်းတွေ နစ်နာမှုမရှိစေဖို့ကြပ်မတ်ဆောင်ရွက်နေတယ်လို့လည်း သီးခြားစီထုတ်ပြန်ထားပါသေးတယ်။

ကြားကာလပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက်အရ သိမ်းပိုက်ရရှိတဲ့နယ်မြေတွေမှာရှိတဲ့ ပုဂ္ဂလိကနဲ့နိုင်ငံပိုင် ဘဏ်တွေရဲ့ ပရိဝုဏ်၊အဆောက်အအုံ၊ဘဏ်ဝန်ထမ်း၊ငွေသား၊စာရင်းမှတ်တမ်း၊ စာချုပ်၊ပေါင်နှံစာရွက် တွေ၊ စက်ပစ္စည်းကိရိယာစတာတွေနဲ့ပတ်သက်လို့ အထူးကြပ်မတ်စီမံနေတယ်လို့ဆိုပါတယ်။

အခြေအနေတည်ငြိမ်တာနဲ့အမျှ ထိန်းသိမ်းပြုစုထားတဲ့ စာရင်း၊ဇယား၊မှတ်တမ်းတွေနဲ့အညီ ပုဂ္ဂလိက ဘဏ် တွေ မှာရှိတဲ့ ပြည်သူတွေရဲ့အပ်ငွေတွေပြန်လည်ရရှိစေဖို့ စီမံဆောင်ရွက်မယ်လို့ NUG ကြားကာလ ဗဟိုဘဏ်က မနေ့က ထုတ်ပြန်အသိပေးထားပါတယ်။

ဒါ့အပြင် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအကောင်အထည်ဖော်နေတဲ့ဒေသတွေက နိုင်ငံပိုင်ဘဏ်တွေကို ထိန်း သိမ်းပြီးနောက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးတာ၊ပြန်လည်ကောက်ခံတာ၊အငငြိမ်းစားလစာထုတ်ပေးတာ  စတဲ့ လုပ်ငန်းတွေကို ဘဏ်လုပ်ငန်းတွေပြန်လည်စတင်လည်ပတ်နိုင်ချိန်သတ်မှတ်ဆောင်ရွက်မှာဖြစ်တယ်လို့ ဒီကနေ့ ဆက်လက်ထုတ်ပြန်ထားပါတယ်။

အငြိမ်းးစားပင်စင်လစာငွေထုတ်ပေးမှုနဲ့ပတ်သက်လို့ NUG ရဲ့ CDM လှုပ်ရှားမှု နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒနဲ့အညီ အငြိမ်းစားဝန်ထမ်းတွေရဲ့ပင်စင်လစာငွေဆုံးရှုံးမှုမရှိစေဖို့ အခြေအနေတည်ငြိမ်တာနဲ့ စီမံဆောင်ရွက်မယ် လို့ဆို ပါတယ်။

photo NUG