အိန္ဒိယ-မြန်မာနယ်စပ်က ဝိတုတ်ရွာစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

နိုဝင်ဘာ၊ ၄

စစ်ကိုင်းတိုင်း တမူးမြို့နယ် ခမ်းပတ်မြို့ဝိတုတ်ရွာက စစ်ကောင်စီစခန်းကို ဒီကနေ့မနက် ၁၁ နာရီဝန်းကျင် မှာတော် လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ ဒေသခံ တဦးက DNAကိုပြော ပါတယ်။

 “ဒီစခန်းကမလွယ်ဘူး၊တောင်ကြားထဲမှာ ရှိတာ၊သူတို့ကြောက်ပြီး စခန်းစွန့်သွားတာဖြစ်မယ်၊စစ်တပ်ဘက်က အိန္ဒိ ယဘက်ဝင်ပြေးတယ်လို့သိရတယ်”လို့ အဲ့ဒီဒေသခံကပြောပါတယ်။

 တမူးမြို့နယ်  ခမ်းပတ်မြို့နဲ့ ဝိတုတ်ရွာတွေမှာရှိတဲ့ စစ်ကောင်စီ အထိုင်တပ်စခန်းတွေကို တမူးခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်ရင်းတွေ ABSDF တပ်ဖွဲ့၊ကူကီးအမျိုးသားတပ်မတော် KNA-B စတဲ့မဟာမိတ်ပူးပေါင်းတပ်တွေက မနေ့က မနက်လေးနာရီကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

 ဝိတုတ်ရွာဟာ တမူးမြို့တောင်ဘက် အိန္ဒိယမြန်မာ နယ်စပ်မျဉ်းပေါ်ကရွာတရွာဖြစ်ပြီး ခမ်းပတ်မြို့နဲ့တော့ ၁၈မိုင် ဝန်းကျင်လောက်ဝေးပါတယ်။

 ဒီကနေ့ စခန်းသိမ်းပြီးချိန်အထိ နှစ်ဖက်တိုက်ပွဲတွေအတွင်း  တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က နှစ်ဦးကျ ဆုံးခဲ့တယ်လို့ ကနဦး သိရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့မသိရသေးပါဘူး။

 တိုက်ပွဲအတွင်း မနေ့ကရော ဒီကနေ့ညပိုင်းအထိပါ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ကင်းထောက်လေယာဉ်တွေနဲ့ လေကြောင်းတိုက် ခိုက်မှုလုပ်နေတာကြောင့် တိုက်ပွဲ ဖြစ်ရာအနီးတဝိုက်ကိုဒေသခံတွေကိုလည်း ဘေးလွတ်ရာ နေရာတွေကို ကူညီပို့ဆောင်ပေးနေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

 “ပြည်သူတွေကို ထိခိုက်မှုမရှိဖို့ ဘေးလွဝာ်ရာကို ပို့ဖို့ဦးစားပေးလုပ်ဆောင်နေပါတယ်၊လက်ရှိ ပြည်သူထိခိုက်မှု မရှိသေးပါဘူး”လို့သူကပြောပါတယ်။

 ဝိတုတ်ကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေကထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပန်းသာကျေးရွာအခြေစိုက် ရှမ်းနီ တပ် SNA နဲ့ ပျူစောထီးတွေကအင်အားရှစ်ဆယ်ဝန်းကျင်နဲ့ လာရောက်တိုက်ခိုက်တာရှိပေမယ့် ဝိတုတ်ရွာအ ထိတော့ ရောက်မလာနိုင်ကြဘူးလို့ဆိုပါတယ်။

 “ခမိတ်ရွာနားအရောက် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိတွေ့မှုဖြစ်ပြီးပျူစောထီး အကြီးပိုင်းထဲကနှစ်ယောက် ခါး အောက်ပိုင်းထိပြီး တမူး‌က ဂရေ့စ်ဆေးရုံကိုရောက်သွားတယ်၊သွေးထွက်လွန်နေတာလို့ ဖရဲသီးကပြောတယ်ဗျ၊ သေမသေတော့ မသိရသေးဘူး” လို့ ဒေသခံတဦးကပြောပါတယ်။

 လက်ရှိလည်း ခမ်းပတ်မြို့အနီးတဝိုက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဝိတုတ်ရွာကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပန်းသာကျေးရွာ၊လေးမိုင်ဂိတ်နဲ့ တမူးမြို့တွင်း ပျူစောထီးတချို့ဟာ စစ်ကောင်စီတပ် ဆီသူတို့လက်နက်တွေပြန်အပ်လိုက်ကြတာမျိုးတွေရှိတယ်လို့ တမူးဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လတ်တလောမှာ တမူး-ကလေးကားလမ်းမကို အသုံးမပြုနိုင်တာကြောင့်  အခြေခံစားသောက် ကုန်နဲ့  ဆေးဝါးများလိုအပ်နေတယ်လို့ ဒေသခံ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးကပြောပါတယ်။

 “တမူး-ကလေးကားလမ်းမကြီးအတိုင်းတိုက်ပွဲတွေဖြစ်နေတာဆိုတော့ ရိက္ခာပြတ်နိုင်တယ်၊ အခုစစ် ရှောင်နှစ် ထောင်ကျော်ရှိတာမို့ စားနပ်ရိက္ခာနဲ့ အနွေးထည်၊စောင်တွေကတော့ အရေးပေါ်လိုအပ်နေတယ်ဗျ” လို့သူကပြော ပါတယ်။