ကော့ကရိတ်တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံး

အောက်တိုဘာ ၊ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာစစ်ကောင်စီနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြား ဒီကနေ့ တိုက်ပွဲ အ တွင်းပူးပေါင်းတပ်ဖွဲ့ဘက်က သုံးဦးကျဆုံးကာ နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင် နေတဲ့ ကျားဖြူစစ်ကြောင်းတပ်ခွဲ၅ ပြန်ကြားရေးတာဝန်ခံက DNAကိုအတည်ပြုပြောပါတယ်။

“ ကျတာ ကော်ဘရာဘက်က ရဲဘော်ကျတာပါ၊ အမတို့ဘက်ကျတော့ နှစ်ဦးဒဏ်ရာရတယ်၊ တခြားဒဏ်ရာ ရတာ က ရှိနိုင်တယ်” လို့ သူကပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်က ကျဆုံးသွားတဲ့ ရဲဘော်သုံးဦးနဲ့ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းဘက်က တစုံတရာ ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး။

ဒီကနေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း သေဆုံးထိခိုက်မှုတွေရှိတယ်လို့သိရပေမယ့် အသေးစိတ်အခြေ အနေတွေကိုတော့မသိရသေးပါဘူး။

ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက် စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ အမှတ်(၇)ရပ်ကွက်၊ ကြာအင်းကုန်နဲ့ မြို့ပေါ်ရပ် ကွက်တချို့မှာ ဒီကနေ့မနက် ၈ နာရီလောက်ကစလို့  ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားဖြူစစ်ကြောင်း တပ် ခွဲ(၂)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၅)၊ ဒရုန်းတပ်ဖွဲ့တွေ ကော်ဘရာစစ်ကြောင်းစတဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ် တွေတိုက်ပွဲဖြစ်နေတာပါ။

“တိုက်ပွဲက ငြိမ်လိုက်ဖြစ်လိုက်ပဲ၊ အခုချိန်ထိပဲ၊ စစ်ရေးက တင်းမာနေဆဲပဲ၊ အခြေအနေက ဒီထက်ပိုပြီး ဆိုးလာ နိုင်တယ်” လို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ(၅)ပြန်ကြားရေး တာဝန်ခံက ဆက်ပြောပါတယ်။

လက်ရှိ ကော့ကရိတ်မြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရဆဲဖြစ်သလို စစ်ကောင်စီပူး ပေါင်းတပ်ဖွဲ့တွေကလည်း အင်အားအများအပြားဖြည့်တင်းထားတယ်လို့ မြို့ခံတဦးကအခုညပိုင်းမှာ ပြောပါတယ်။

“ခုထိ လက်နက်ကြီး ပစ်သံတွေတော့ ကြားနေရတုန်းပဲ၊ အပြင်ဘက်ကို ခိုးကြည့်ရင် စစ်တပ်ကပဲ နေရာတော် တော်များများမှာ ရှိနေတယ်၊ လူတွေတော့ ခြောက်ကပ်နေတာပဲ၊ဘာမှကို မတွေ့ရတာ” လို့ ဒီကနေ့ ည ၇ နာရီ ကျော် ကော့ကရိတ်မြို့ပေါ်အခြေ အနေကို မြို့ခံတဦးက ပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ခံ သုံးရာနီးပါးလည်း နီးစပ်ရာဆွေမျိုးနေအိမ်နဲ့ ဘုန်းတော် ကြီးကျောင်းတွေ မှာ ယာယီတိမ်းရှောင်နေရပြီး ရိက္ခာအခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။