အောက်တိုဘာ ၊ ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်းက “၁၀၂၇ စစ်ဆင်ရေး”ဒီကနေ့မနက်ပိုင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စခန်း သုံးခု ကိုထပ်မံ သိမ်းပိုက်ခဲ့သလိုချင်းရွှေဟော် ဟိုပန်ဒေသမှာလည်း စစ်ကြောင်းတခုကိုကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက် နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိထားတယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်အသိပေးထားပါတယ်။
MNDAA တပ်တွေက ဒီကနေ့ မနက်ဆယ်နာရီခွဲအထိ ရှောက်ရင်းဖန်ဒေသကစစ်စခန်းတခု၊မုံးကိုးမြို့နယ် နန်ဟာ ဒေသက တပ်စခန်းနှစ်ခုတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ချင်းရွှေဟော်ဟိုပန်ဒေသမှာ စစ်ကောင်စီ စစ်ကြောင်း ကိုကြားဖြတ်တိုက်ခိုက်ရာမှာလည်း စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများတယ်လို့ဆိုထားပါတယ်။
စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲအတွင်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း တွေများပြား တာကြောင့် ကားနဲ့ ဆယ်ကြိမ်သယ်ယူပြီးပေမယ့် နောက်ထပ် အများအပြားကျန်နေသေးတယ်လို့ ရှေ့တန်းတပ်ဖွဲ့ ဝင်တွေကိုကိုးကားပြီး MNDAA က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေ အကျအဆုံးများနေသလို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတာတွေလည်း ရှိ တယ်လို့ ကိုးကန့်တပ် (MNDAA) က ရုပ်သံတွေနဲ့ တကွ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သား နှစ်ဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးရမိပြီးနောက် မေးမြန်းစစ်ဆေးနေတဲ့ ရုပ်သံဖိုင်အတွင်းပြော ဆိုချက်တွေအရ အဲ့ဒီသုံ့ပန်းနှစ်ဦးဟာ စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချူပ်က တ ဆင့် ကိုးကန့်စစ်မြေပြင်ကိုပို့ခံရသူတွေလို့ဆိုပါတယ်။
အလားတူ MNDAA တပ်တွေက ကိုးကန့်ဒေသရဲ့အုပ်ချုပ်ရေးမြို့ဖြစ်တဲ့လောက်ကိုင်မြို့အနီးမှာလည်း စစ်ကောင် စီတပ်တွေနဲ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီလက်အောက်ခံ ကိုးကန့်အဖွဲ့တွေအနေနဲ့အလင်းဝင်ကြဖို့လည်း MNDAA က ထုတ်ပြန်အသိပေးထားပါတယ်။
အလင်းဝင်ပူးပေါင်းလာသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးမှာဖြစ်သလို လက်နက် ချလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း စစ်သုံ့ပန်းမူဝါဒအပြည့်အဝခံစားရမယ်လို့ MNDAA ကဆိုပါတယ်။
လောက်ကိုင်မြို့ပေါ်မှာ ရှိနေတဲ့ အသက်လေးဆယ်အရွယ်အမျိုးသားတဦးကတော့ မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်တွေက ချင်းရွှေဟော်မြို့ဘက်ကို နေ့ရောညပါ တိုက်ခိုက်ရေးဒရုန်းတွေ၊ လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ DNAကိုပြောပါတယ်။
“လောက်ကိုင်ဘက်ကို ရောက်လာမှာစိုးတော့ သူတို့ချင်းရွှေဟော်ဘက်ကို တောက်လျှောက်ပစ်နေတာ၊ တိုက်တွေ ပေါ်မှာလည်း နေရာယူထားတာတွေရှိတယ်၊အခုဘယ်သူမှ၀င်လို့လည်း မရဘူး၊ထွက်လို့လည်းမရဘူး၊ အကုန် ပိတ်မိနေကြတယ် ” လို့ သူကပြောပါတယ်။
ချင်းရွှေဟော်မြို့ ဒေသခံတွေဟာ လက်ရှိမှာ တရုတ်နိုင်ငံနဲ့ “၀”ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသဘက်ကို စစ်ဘေး ရှောင်အနေနဲ့ သွားရောက်နေတာတွေရှိသလို တရုတ်ဖက်ကလည်း ဒုက္ခသယ် စခန်းဖွင့်လှစ်ပြီး ကူညီပေးနေ တာလည်းရှိတယ်လို့ သိရပါတယ်။
“ ၀ ဖက်ကျတော့ ဒုက္ခသယ် တွေကို ၀င်ခွင့်ပေးတယ်၊လက်နက်ကြီးတွေတော့ ကျမရဘူး၊ရွှေလီမြစ်အရှေ့ဘက် ကမ်းတလျှောက်လုံးကို သူတို့က အသင့်အနေထားနဲ့ထိုင်နေတာ လက်နက်ကျတာနဲ့ ပြန်တွယ်မယ် ပုံစံမျိုးပဲ ” လို့လောက်ကိုင်ဒေသခံအမျိုးသားက ပြောပါတယ်။
တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းမှာ အဓိကျတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ချင်းရွှေဟော်၊ မူ ဆယ်စမြို့နယ်တွေမှာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလုပ်နေတာပါ။
ဒီလို ထိုးစစ်ဆင်တာဟာ ပြည်သူတွေကိုကာကွယ်ဖို့၊ဒေသတွင်းပိုမိုထိန်းချုပ်နိုင်ဖို့ ၊စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ၊အွန်လိုင်းလောင်းကစားနဲ့လိမ်လည်မှုလုပ်ငန်းတွေပပျောက်အောင်အရေးယူဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ MNDAA ကဆိုထားပါတယ်။
photo – The Kokang