အောက်တိုဘာ ၊ ၂၈
ပြည်ပနိုင်ငံတွေမှာရှိနေတဲ့ အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီသံရုံးတွေကစောင့် ကြည့်၊အမည်ပျက်စာရင်းသွင်းပြီးနိုင်ငံကူးလက်မှတ်သက်တမ်းတိုးမပေးတာ၊ဖျက်သိမ်းတာတွေလုပ်နေတာ ကြောင့်လှုပ်ရှားမှုတွေကိုသတိထားလုပ်လာကြရတယ်လို့ ပြည်ပရောက်မြန်မာ့အရေးလှုပ် ရှားသူတွေကပြော ပါတယ်။
“စစ်ကောင်စီသတင်းပေးတွေကလည်း ပြည်ပမှာအသီးသီးရှိတယ်၊သူတို့ရန်လည်း သတိထားရတယ်၊ သံရုံးရဲ့ စောင့်ကြည့် တာတွေလည်းခံရတယ်၊အခုနောက်ပိုင်းသိပ်ပေါ်ပေါ်ထင်ထင်မလှုပ်ရှားဖြစ်တော့ဘူး”လို့ ဒူဘိုင်း ရောက်မြန်မာတဦးကပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာလည်း စစ်ကောင်စီသံရုံးက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို စောင့်ကြည့် ပြ ဿနာရှာတဲ့ဖြစ်ရပ်တွေရှိပေမယ့်ကိုရီးယားအစိုးရက စစ်အာဏာရှင်ဆန့်ကျင်ရေးလူပ်ရှားမှုအပေါ်အားပေး ထောက်ခံတာကြောင့် ပြဿနာနည်းတာလို့ အဲဒီနိုင်ငံရောက်မြန်မာတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပြီးနောက် တောင်ကိုရီးယားအစိုးရက စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်လို့ အန္တရာယ်ကြုံရနိုင်တဲ့မြန်မာနိုင်ငံသားတွေကို အထူးနေထိုင်ခွင့်ဗီဇာလျှောက်ခွင့်ပေး ထားတာကြောင့် နိုင်ငံကုးလက်မှတ်သက်တမ်းမရှိတော့ရင်လည်း ဆက်လက်နေထိုင်ခိုလှုံခွင့်ရနေပါတယ်။
တခြားပြည်ပနိုင်ငံတွေက စစ်ကောင်စီသံရုံးတွေအနေနဲ့လည်းအလားတူစောင့်ကြည့်မှုတွေရှိနေပေမယ့် နိုင်ငံကူး လက်မှတ်သက်တမ်းတိုးမပေးဘူးဆိုတဲ့ကြေညာချက်ကိုတော့တရားဝင်ထုတ်ပြန်ထားတာမရှိဘူးလို့ ပြည်ပ ရောက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကပြောပါတယ်။
“မလေးရှားမှာတော့ မြန်မာ့အရေးလှုပ်ရှားသူတဦးရဲ့နိုင်ငံကူးလက်မှတ် စာအုပ်ပါအသိမ်းခံရတဲ့ဖြစ် စဥ်ရှိခဲ့ တယ်၊ တခြားသူတွေကိုတော့သက်တမ်းတိုးမပေးဘူးရယ်မပြောဘူး၊စာအုပ်လုပ်ရမယ့် ရက်ချိန်းကို ၂၀၂၄ နှစ်လယ်ပိုင်း အထိရွှေ့ပြီးအချိန်ဆွဲခံထားရတာတွေရှိတယ်၊သံရုံးတွေကသာမကြေညာတာသူတို့မှာမူရှိပုံရတယ်”လို့ မလေးရှား ရောက်မြန်မာလုပ်သားတဦးကပြောပါတယ်။
လက်ရှိ မြန်မာပြည်တွင်းကအာဏာရှင်ဆန့်ကျင်ရေးလူပ်ရှားမှုတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအတွက် ထောက်ပို့အခန်းကဏ္ဍမှာ ပြည်ပရောက်မြန်မာတွေရဲ့အင်အားကအရေးပါတယ်လို့ တော်လှန်ရေး အင်အားစုတွေ ကပြောကြပါတယ်။
အဲ့ဒီလိုလုပ်ကိုင်နေသူတွေထဲက လူသိများသူတွေ၊နိုင်ငံတကာက သတိထားမိသူတွေကို စစ်ကောင်စီက စောင့် ကြည့်မှတ်တမ်းတင်ပြီး အငြှိုးထားနေတာလို့ ပြည်ပရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။
စင်္ကာပူနိုင်ငံလက်ရှိအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတဦးဟာလည်း သက်တမ်းတိုးထားတာ မကြာ သေး တဲ့ သူ့ရဲ့နိုင်ငံကူးလက်မှတ်ဖျက်သိမ်းခံထားရတယ်ဆိုတာပြည်ပခရီးထွက်ချိန်မှသိရ တယ်လို့သူ့အတွေ့အကြုံ ကိုပြောပါတယ်။
“ပတ်စ်ပို့သက်တမ်းမကျန်တော့ဘူးဆိုပြီးပြောတယ်၊တကယ်က သက်တမ်းက လေးနှစ်ကျော်ကျန်တယ်၊ စစ်ဆေး တဲ့သူတွေကတော့ ကိုယ့်သံရုံးကိုယ်ပြောဆိုပြီးပြန်လွှတ်လိုက်တယ်”လို့ သူကပြောပါတယ်။
အဲဒီလို ပတ်စ်ပို့သက်တမ်းလက်ကျန်ရှိပြီး စင်္ကာပူကနေတခြားနိုင်ငံကိုထွက်မရတဲ့ မြန်မာနိုင်ငံသားလတ်တ လော မှာပဲ သုံးဦးထက်မနည်းရှိနေတယ်လို့လည်း အဲ့ဒီနိုင်ငံရောက် တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။
အခုလို တော်လှန်ရေးအတွက်လုပ်နေသူတွေပြဿနာရှာခံရတာဟာ စင်္ကာပူနိုင်ငံရောက် စစ်ကောင်စီထောက်ခံ သူတွေကသတင်းပေးတာကြောင့် သူတို့က ယူဆကြပါတယ်။
“သံရုံးမှာ တော်လှန်ရေးအတွက်လုပ်နေသူတွေကို စာရင်းလုပ်ထားတာရှိတယ်၊အခုက စပြီးပြဿနာစရှာခံရတာ” လို့ စင်ကာပူရောက်မြန်မာလုပ်သားတဦးကပြောပါတယ်။
အာဏာသိမ်းမှုလက်မခံကြောင်ဆန္ဒပြနေတဲ့ ကိုရီးယားနိုင်ငံရောက်မြန်မာများ