စစ်ကောင်စီကော်မရှင်ဆီ မှတ်ပုံတင်တဲ့ပါတီတွေ ပါတီရုံးဖွင့်ဖို့နဲ့ ပါတီဝင်တွေစုဆောင်းဖို့ ဖိအားပေးခံနေရ

အောက်တိုဘာ၊ ၂၄

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကို ပါတီဝင်အရေအတွက်နဲ့ ရုံးခန်း တွေ အချိန်မီ တင်ပြ၊ ဖွင့်လှစ်ကြဖို့ဖိအားပေးခံနေရပြီး ငွေကြေးနဲ့ အချိန်ကန့်သတ်ချက်ကြောင့် အ ခက်ကြုံနေ ကြရတယ်လို့ ပါတီတချို့ရဲ့တာဝန်ရှိသူတွေက DNAကိုပြောပါတယ်။

လက်ရှိအခြေအနေတွေအရ ပါတီဝင်အင်အား စုစည်းဖို့နဲ့ ရုံးခန်းဖွင့်လှစ်ဖို့ အခက်အခဲရှိနေပြီး ရွေး ကောက်ပွဲ ကော်မရှင် အနေနဲ့ ဖြေလျှော့ပေးဖို့လိုအပ်တယ်လို့ နိုင်ငံရေးပါတီတွေက ထောက်ပြ၊ပြောဆိုကြပါတယ်။

“လုံခြုံရေး၊ တရားဥပေဒစိုးမိုးရေးအခြေအ နေ တွေက ပုံမှန်မဟုတ်တဲ့အခြေအနေဆိုတော့ လုပ်ရတဲ့အခက်အခဲ တွေရှိ ပါတယ်၊အဲဒီအခက်အခဲတွေအပေါ် မူ တည်ပြီးတော့ ကော်မရှင်က လုံလောက်တဲ့အချိန်တိုးပြီးတော့ ပေးဖို့ တင်ပြခဲ့ပါ တယ်”လို့တနိုင်ငံလုံးမှာစည်းရုံးဖို့ မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဌ ဦးဟန်ရွှေက ပြော ပါတယ်။

စစ်ကောင်စီကဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်က သူတို့ဆီမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေကို သတ် မှတ်ချက်နဲ့ကိုက်ညီတဲ့ ပါတီဝင်အင်အားပြည့်မီအောင်စုဆောင်းထားခြင်းရှိမရှိ၊ပါတီရုံးခန်းတွေ ဖွင့်ကြတာရှိ မရှိစတဲ့ အချက်တွေကိုစစ်ဆေးတာတွေဆက်တိုက်လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ချပေးထားတဲ့ ပါတီပေါင်း ၃၇ ခုရှိပြီး စစ် ကောင် စီရွေးကောက်ပွဲကော်မရှင်ဟာ အဲဒီပါတီတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်က နေပြည် တော် မှာခေါ်ယူ တွေ့ဆုံခဲ့ပြီး ပါတီရုံးခန်းတွေ အချိန်မီဖွင့်ကြဖို့၊ ပါတီဝင်အင်အားတွေ အချိန်မီ တင်ပြကြဖို့ တိုက်တွန်း၊ဖိအားပေး  ခဲ့ပါသေးတယ်။

နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ ဥပဒေ၊ နည်းဥပဒေအတိုင်းသာ ဆောင်ရွက်မှာဖြစ်ကြောင်း ကော်မရှင်တာဝန် ရှိသူတွေကပြောဆိုလေ့ရှိတယ်လို့ နိုင်ငံရေးပါတီတွေကလည်းပြောကြပါတယ်။

“သူတို့ကတော့ ဥပဒေစာအုပ်ကိုပဲ ထောင်ပြတယ်”လို့ ရခိုင်ပြည်နယ်အခြေစိုက် လူမျိုးစုပါတီငယ်တခုရဲ့ တာဝန် ရှိသူတဦးက ပြောပါတယ်။

၂၀၁၀ ကစလို့ ၂၀၂၀ ရွေးကောက်ပွဲအထိ ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအရ တည်ထောင် ခွင့်ရ ပါတီတွေအနေနဲ့ တနိုင်ငံလုံးမှာစည်းလုံးမယ်ဆိုရင်ပါတီဝင် တထောင်၊တိုင်းနဲ့ပြည်နယ်ဒေသအလိုက်စည်းရုံးမယ် ဆိုရင် ပါတီဝင် အင်အား ငါးရာသာတင်ပြနိုင်ဖို့လိုခဲ့တာပါ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကပြင်ဆင်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေမှာတော့တနိုင်ငံ လုံးစည်းရုံးမယ့်ပါတီတွေက ပါတီဝင်အင်အားအနည်းဆုံး တသိန်း၊တိုင်းနဲ့ပြည်နယ်ဒေသအလိုက်စည်းရုံး မယ့်ပါတီ ဆိုရင် အနည်းဆုံးပါတီဝင်တထောင်စာရင်းတင်ပြရဖို့သတ်မှတ်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ပါတီမှတ်ပုံတင်ဥပေဒအရ နိုင်ငံရေးပါတီတွေဟာ ပါတီမှတ်ပုံတင်ခွင့်ပြုချက် ကျပြီး ရက် ၉၀ အတွင်း ပါတီဝင်အင်အားကို တင်ပြရမှာဖြစ်ကာ ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းတွေ ဖွင့်လှစ်ကြရမှာပါ။

ပြည်နယ်အဆင့်ပါတီတွေဆိုရင်အနည်းဆုံးမြို့နယ် ငါးခုမှာ ရုံးဖွင့်ရမှာဖြစ်ပြီး နိုင်ငံတဝှမ်းစည်းရုံးမယ့် ပါတီဆို ရင်တော့  မြို့နယ် ၁၆၅ ခုမှာ ရုံးဖွင့်ကြရမယ်လို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပေဒကဆိုထားပါတယ်။

ဒီအချက်တွေကြောင့် ပါတီငယ်တွေအနေနဲ့ ရုံးခန်းဖွင့်ဖို့ ငွေကြေးအခက်အခဲလည်း ကြုံနေကြရတယ်လို့ ဆိုပါ တယ်။

ပါတီမှတ်ပုံတင်ကြေးအဖြစ်တင်ထားရတဲ့ ကျပ်သိန်းတရာကိုလည်း ထုတ်ယူသုံးစွဲခွင့်မရတဲ့အတွက်ပိုပြီး အခက် ကြုံရတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီပြောခွင့်ရ ဦးသန်းဌေးက ပြောပါ တယ်။

“သိန်းတရာတင်ရတယ်လေ၊သုံးခွင့် ပြန်ရမယ်ဆိုပြီး မျှော်လင့်ထားတာ၊ အခု တို့လို့တောင်မရ၊ ထိလို့တောင် မရ ဘူး၊ရုံးဖွင့်မယ့်ကိစ္စ၊ပါတီအဆိုပြုလွှာကိစ္စတွေ လုပ်ဖို့အတွက် ပိုက်ဆံမရှိဘူးပေ့ါ”လို့ သူကပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့လည်း လက်ရှိအခြေအနေ တွေ ကြောင့် အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

“တကယ်တော့ ပါတီထောင်လို့မရအောင် လုပ်ထားတာပဲ၊ကျွန်တော်တို့ကတော့ ကိုယ်စားပြုခွင့်ရဖို့အတွက် ထောင်တာပေ့ါ၊သူတို့က ဒီမိုကရေစီလို့တော့ ပြောတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ မြင်တာကတော့ ပါတီကို လွတ်လွတ်လပ်လပ် တည်ထောင်ခွင့်မရအောင် ကန့်သတ်ထားတယ်လို့ မြင်တယ်”လို့ ရခိုင်ပြည်နယ်အခြေစိုက် လူမျိုးစုပါတီငယ်တခုက ဝေဖန်ပါတယ်။

ရွေးကောက်ပွဲကနေ တစ်ဆင့် ထွက်ပေါက်ရှာဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုဟာ သူတို့အာဏာပြန်ရနိုင်မယ့် အခြေ အနေ၊ အနေအထား ရောက်မှပဲ ရွေးကောက်ပွဲကို ကျင်းပလိမ့်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ၊ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြထားကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်ကောင်စီလက်အောက်မှာ မှတ်ပုံတင်ကြတဲ့ ပါတီတွေဟာ အ ကြမ်းဖက်စစ်အုပ်စုအလိုကျ လိုက်ပါအသုံးချခံကာ ပြည်သူလူထုအား ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအား မြှောက်ပြုတာဖြစ်ပြီး အဲဒီလိုအဖွဲ့အစည်းတွေအားလုံးကို အရေးယူသွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ သူတို့ကျင်းပမယ့်ရွေးကောက်ပွဲမှာ ယခင်တုန်းကလိုမျိုး နိုင်သူအကုန်ယူစနစ်မဟုတ်ဘဲ အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို အသုံးပြုမယ်လို့ ပြောထားပြီးအရင်ကအနိုင်မရဖူးတဲ့ လူမျိုးစုပါတီငယ်တွေအတွက် အခွင့်အရေးပိုရှိလာမယ်လို့ မက်လုံးပေးထားပါတယ်။

လက်ရှိ မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီ၂၇ ပါတီထဲမှာ ပြည်ခိုင်ဖြိုးပါတီအပါအဝင် အများစုဟာ စစ်အုပ်စု နဲ့ဆက်နွယ်တဲ့ပါတီတွေဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကပြော ပါတယ်။

အဲဒီပါတီတွေထဲ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ ခုနစ်ပါတီသာပါဝင်ပါတယ်။ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ တုန်းက ဒေသတွင်း နေရာအများစုအနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသားပါတီကြီးတချို့ကိုတော့စစ်ကောင်စီကော်မရှင်က လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်မပေးသေးဘူးလို့ သိရပါတယ်။