အောက်တိုဘာ၊ ၂၄
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ရှိမ်းမကားလမ်းပေါ်က ဝက်လက်ရွဲရွာကိုဒီကနေ့မနက်ငါးနာရီလောက်မှာ စစ် ကြောင်း ထိုးခဲ့ပြီး ရွာခံ ဆယ့်ငါးဦးကို ဖမ်းခေါ်သွားတယ်လို့ ဒေသတွင်းမြေပြင်အခြေအနေတွေကို စောင့်ကြည့် ဖော်ပြပေးနေ တဲ့ Wetlet Information Network ကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အဲ့ဒီရွာဘက်ကိုစစ်ကြောင်းထိုးလာပြီးနောက်တဲတလုံးကိုမီးရှို့ကာ ရွာကပြန်အထွက်မှာ အ မျိုးသမီး တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အမျိုးသမီးခြောက်ဦးနဲ့ စုစုပေါင်းအရပ်သား ၁၅ဦးကိုဖမ်းသွားတာ ဖြစ်ပြီး ဒေသခံ တွေကတော့ ဓားစားခံအနေနဲ့ ခေါ်သွားတာလို့ ယူဆကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဝက်လက်ရွဲရွာထဲကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာပြီးကြောင့် အသက် ခြောက် ဆယ်အရွယ် ဦးချစ်ဝင်းဆိုသူအမျိုးသား ကျည်ထိမှန်ဒဏ်ရာရကာဆေးကုသမှုခံ ယူနေရတယ်လို့ ဒီအခြေ အနေတွေ ကို သိတဲ့ ဝက်လက်ဒေသခံ ကိုနဂါးလေးကပြောပါတယ်။
ဒါ့အပြင် ကျေးရွာထဲမှာ ရှိတဲ့ ဒေသခံ ပိုင်ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေကတအိမ်တက် တအိမ် ဆင်း ယူသွားကြတယ်လို့သူကဆိုပါတယ်။
အဲ့ဒီအရပ်သားတွေကို စစ်ကောင်စီတပ်က ဝက်လက်ရွဲရွာနဲ့ လေးမိုင်ဝန်းကျင်လောက်အကွာမှာရှိတဲ့ သာလိုင်ဘူ တာ ဘက်ကို ခေါ်သွားပြီး ဒီကနေ့ညနေအထိပြန်လွှတ်မပေးသေးဘူးလို့သိရပါတယ်။
သာလိုင်ဘူတာဟာ ဝက်လက်မြို့နယ်တောင်ဘက်က မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်း ဘူတာတခုဖြစ်ပြီး ပြီး ခဲ့တဲ့ လအနည်းငယ်ကစလို့ ဝက်လက်-ရွှေဘို-စစ်ကိုင်း ရထားလမ်းပိုင်းမှာ စစ်ကြောင်းတွေချပြီး စစ်ကောင်စီ က ပြန်လည်ပြုပြင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် သာလိုင်ဘူတာကို စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၆၄က တပ်ဖွဲ့ဝင် အင်အားနှစ်ရာကျော်ပါတဲ့ ရထားနှစ်စီး မနေ့က ထပ်ရောက်လာတယ်လို့ ကိုနဂါးလေးကပြောပါတယ်။
ဒါကြောင့် လတ်တလောမှာ ဝက်လက်မြို့နယ် ဝင်ပေါက်၊ထွက်ပေါက်လမ်းပိုင်းတွေကို ပြည်သူ တွေအသုံးမ ပြု ကြဖို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။
“လမ်းကို ယာယီပိတ်လိုက်တဲ့သဘော၊ဒေသခံတွေမထိခိုက်ရအောင်ပေါ့” လို့ ကိုနဂါးလေးကပြောပါတယ်