ဂုဏ်သိက္ခာရှိသော လုပ်သားများနေ့ ဆွေးနွေးပွဲမဲဆောက်မြို့မှာပြုလုပ်

အောက်တိုဘာ ၊ ၂၂

မဲဆောက်မှာရှိနေတဲ့ အလုပ်သမားရေး လှုပ်ရှားကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေက ဂုဏ်သိက္ခာရှိသော လုပ်သားများနေ့အထိမ်းအမှတ်အဖြစ် ဒီကနေ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို မဲဆောက်မှာရှိတဲ့ Queen Pleace ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံတွင်းမှာရှိနေတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်းကို ပြဇာတ်တွေ၊ ဆွေးနွေးပွဲတွေပါထည့်သွင်းပြုလုပ်ခဲ့ပါတယ်။

မဲဆောက်မြို့ကိုရောက်နေတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားအများစုကလည်း သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ သူတို့ရဲ့အခွင့်အရေးချိုးဖောက်ခံရတဲ့အခြေအနေတွေကိုထုတ်ဖော်ပြောဆိုသွားကြပါတယ်။

“ကမ္ဘာ့ဂုဏ်သိက္ခာရှိသောလုပ်ငန်းခွင်နေ့၊ ကမ္ဘာ့ကောင်းမွန်သောအလုပ်ခွင်နေ့”( World Day for Decent Work )ဟာ အောက်တိုဘာလ ၇ ရက်နေ့မှာ ကျရောက်ခဲ့ပြီး ဖြစ်ပေမယ့် ချိုးဖောက်ခံနေရတဲ့ အလုပ်သမား အခွင့်အရေးတွေအကြောင်းကို အသေးစိတ်တင်ပြနိုင်ဖို့အတွက် အခုလို စီစဉ်ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်