​မြန်မာလုပ်သားတွေကို တောင်ကိုရီးယား ရာသီချိန်လုပ်သားအဖြစ်ခေါ်ဖို့ သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိ

အောက်တိုဘာ၊ ၁၉ 

မြန်မာလုပ်သားတွေကို တောင်ကိုရီးယားနိုင်ငံက ရာသီချိန်လုပ်သားအဖြစ်ခေါ်မယ်လို့ ရေး သားဖော်ပြတာ တွေ ရှိနေပေမယ့် လက်ရှိအထိ  နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားတာမျိုးမရှိသေးဘူးလို့ အဲ့ဒီနိုင်ငံရောက် မြန် မာလုပ်သားအဖွဲ့အစည်းတွေကပြောပါတယ်။

“သတင်းတွေထွက်နေလို့ ကျွန်တော်တို့တောင်ကိုရီးယားတရားရေးဝန်ကြီးဌာနဘက်ရော ရာသီချိန်လုပ်သား တာ ဝန်ခံကိုပါဆက်သွယ်မေးမြန်းကြည့်ပြီးပါပြီ၊သူတို့ဘက်ကငြင်းပါတယ်”လို့တောင်ကိုရီးယားနိုင်ငံရောက်ရွှေ့ ပြောင်းအလုပ်သမားအရေးကူညီနေသူတဦးကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံက အမျိုးသမီးတွေပါသွားရောက်လုပ်ကိုင်နိုင်မယ့် ရာသီချိန်လုပ်သားတွေအဖြစ် မြန်မာလုပ် သားတွေကိုခေါ်ယူတော့မယ်ဆိုပြီး သတင်းတွေခပ်စိပ်စိပ်ထွက်နေပေမယ့် တောင်ကိုရီးယားအစိုးရဘက်က ဒါကို အတည်ပြုထားတာမရှိသေးဘူးလို့ သူကပြောပါတယ်။

ဒီလိုသတင်းတွေထွက်နေပေမယ့် တောင်ကိုရီးယားအစိုးရဘက်ကတော့ မြန်မာလုပ်သားတွေကို ရာသီချိန် လုပ် သားအဖြစ် ခေါ်ယူမယ့်ကိစ္စနဲ့ပတ်သက်လို့ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ခဲ့ဖူးပေမယ့် သဘောတူလက်မှတ် ရေးထိုးပြီးအတည်ပြုထားတာမရှိသေးတဲ့အကြောင်းအဲ့ဒိနိုင်ငံရောက် မြန်မာအလုပ်သမားအဖွဲ့တွေကို အကြောင်း ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိတောင်ကိုရီးယားအစိုးရဟာ မြန်မာအာဏာသိမ်းစစ်ကောင်စီကို လက်မခံတာကြောင့်အခုချိန်မှာ နှစ်နိုင်ငံလက်မှတ်ရေးထိုးဖို့ဆိုတာလည်း ဖြစ်နိုင်ချေနည်းတယ်လို့ အဲဒီနိုင်ငံရောက်မြန်မာလုပ်သား အသိုင်းအ ဝိုင်းကသုံးသပ်ပါတယ်။

အဲဒီရာသီချိန်လုပ်သားစေလွှတ်ရေးနဲ့ပတ်သက်လို့ ပြည်ထောက်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (နေပြည်တော် ကောင်စီ)ဥက္ကဌနဲ့ ကိုရီးယားမြန်မာချစ်ကြည်ရေးအသင်းတို့သြဂုတ်လအတွင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး တောင်ကိုရီး ယားကပြည်နယ်သုံးခုအတွက် လုပ်သား တထောင်ကျော်ခေါ်ယူဖို့ ကနဦးသဘောတူညီမူရခဲ့တယ်ဆိုတဲ့စာ တစောင်လည်း လူမူကွန်ရက်မမှာပျံ့နှံ့ခဲ့ပါသေးတယ်။

အဲဒီစာမှာပါတဲ့ပြည်နယ်သုံးခုကရာသီချိန်လုပ်သားခေါ်မယ်ဆိုတဲ့ကိစ္စကလည်း မှန်ကန်မှုမရှိတဲ့အကြောင်း  တောင်ကိုရီးယားအာဏာပိုင်တွေက ရှင်းလင်းအကြောင်းပြန်ထားတယ်လို့ မြန်မာလုပ်သားအရေးလူပ်ရှားသူ တွေ ကပြောပါတယ်။

ဒါပေမယ့် ရာသီချိန်လုပ်သားစေလွှတ်မယ်ဆိုတဲ့သတင်းဟာ စစ်ကောင်စီနဲ့နီးစပ်ထောက်ခံသူတွေဆီကနေ ဆက် လက်ထွက်ပေါ်နေပြီး သင်တန်းကျောင်းတချို့ကပါ အဲဒီသတင်းတွေကို ဖော်ညွန်းပြီးသင်တန်းဖွင့်တာ တွေရှိနေ တယ်လို့ တောင်ကိုရီးယားနိုင်ငံကိုသွားရောက်လုပ်ကိုင်ဖို့ လေ့လာနေသူတွေကပြောပါတယ်။

“ရာသီချိန်လုပ်သားတွေအတွက်ရည်ရွယ်ပြီးသင်တန်းတွေတော့ဖွင့်နေကြတာပဲ၊တကယ်လွှတ်မှာသေချာလားမေးရင်ရေရေရာရာမပြောနိုင်ကြဘူး” လို့ တောင်ကိုရီးယားကိုသွားရောက်လုပ်ကိုင်ဖို့ပြင်ဆင်နေသူတဦးက ပြောပါ တယ်။

စစ်ကောင်စီဝါဒဖြန့်သတင်းတွေဖော်ပြနေတဲ့ ပြည်တွင်းအွန်လိုင်းသတင်းဌာနတချို့မှာလည်း ရာသီချိန်လုပ်သား စေလွှတ်တော့မယ်ဆိုပြီး ဒီရက်ပိုင်းရေးသားဖော်ပြတာတွေရှိနေပါတယ်။ဒါပေမယ့် စစ်ကောင်စီကတော့ တရား ဝင်သတင်းထုတ်ပြန်အသိပေးထားတာမရှိသေးပါဘူး။

မကြာသေးခင်ကလည်း ဂျပန်နိုင်ငံမှာအလုပ်လုပ်ကိုင်ရမယ်ဆိုပြီးလူစုဆောင်းကာ စစ်တပ်ထဲ ဝင်စေခဲ့တဲ့သတင်း တွေထွက်ခဲ့တာကြောင့် အခုတောင်ကိုရီးယားအတွက်ရာသီချိန်လုပ်သားခေါ်မယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်ကြတာမျိုးတွေလည်းရှိနေပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကပဲ EPSစနစ်နဲ့အလုပ်သမားတွေကို တ ရားဝင်စေလွှတ်နေတာဖြစ်ပြီး ရာသီချိန်လုပ်သားစေလွှတ်ဖို့ကို အဲဒီဌာနကလည်း အတည်ပြုထုတ်ပြန်တာ မရှိ သေးပါဘူး။

ဌာနဆိုင်ရာမှတ်တမ်းတွေအရ လက်ရှိတောင်ကိုရီးယားနိုင်ငံမှာ EPSစနစ်နဲ့ကုန်ထုတ်၊ဆောက်လုပ်ရေး၊ စိုက်ပျိုး ရေးနဲ့မွေးမြူရေးလုပ်ငန်းတွေထဲ မြန်မာလုပ်သား ၅၀၀၀၀ နီးပါးရောက်ရှိလုပ်ကိုင်နေကြတယ်လို့သိရပါတယ်။