အစုလိုက် အသတ်ခံရတဲ့ ပြည်သူတွေအတွက် ထိုင်းမြန်မာနယ်စပ်မှာ ဆုတောင်းပွဲပြုလုပ် October 18, 2023 နိုင်ငံရေး အောက်တိုဘာ၊ ၁၈ လိုင်ဇာ၊ အနန့်ပါ၊ ပဇီကြီး တို့အပါအဝင် စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် အစုလိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဆုတောင်းပွဲတခုကို ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲကိုတော့ ဘာသာပေါင်းစုံကွန်ရက်နဲ့ ထမင်းတနပ် ၁၅ ဘတ် အဖွဲ့က ဦးဆောင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆုတောင်းပွဲမှာ မုန်လိုင်ခက်က စစ်ရှောင် ကချင်အမျိုးသမီးတဦးကို တွေ့ဆုံအင်တာဗျူးထားတဲ့ အသံဖိုင်ကို ဖွင့်ပြခဲ့ပြီး စစ်တပ်ရဲ့အကြမ်းဖက်မှုကြား သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေအတွက် ဘာသာပေါင်းစုံက ဆုတောင်းတာတွေ လုပ်ခဲ့ကြပါတယ်။ Websiteတွင် ကြည့်ရှုရန် >>> ဓာတ်ပုံ – ကိုနိုင်သီဟ စစ်တပ်ဆုတောင်းပွဲပဇီကြီးလိုင်ဇာသတ်ဖြတ်အစုလိုက်အနန့်ပါ
နိုင်ငံရေး ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှုအတွက် အကျဉ်းသားနှစ်ဆယ်နီးပါး ထောင်ခြောက်လစီ ထပ်တိုးခံရ April 3, 2024 နိုင်ငံရေး ဧပြီ ၊ ၃ ဧရာဝတီတိုင်း၊ ဖျာပုံအကျဥ်းထောင်မှာ မတ်လ ၃၁ ရက်က ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှု အပြီးမှာ နိုင်ငံရေးအကျဥ်းသား ခုနစ်ဦး အပါအဝင် အကျဥ်းသား ၁၈ ဦး ထောင်ပြေးမှုနဲ့ ထောင်ဒဏ် [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ရခိုင်မှာ အပစ်အခတ်ရပ်စဲရေး မရှိသေးလို့ AA ဒုစစ်ဦးစီးချုပ်ပြော March 4, 2024 နိုင်ငံရေး မတ်၊ ၄ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သတ်တဲ့ ဟိုင်ဂင်သဘောတူညီချက်က ရှမ်းမြောက်ဒေသနဲ့သာ သက်ဆိုင်ပြီး ရခိုင်ပြည်နယ်ပါဝင်တာ မရှိဘူးလို့ ရက္ခိုင့်တပ်တော် (AA)ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ “ဟိုင်ဂင် သဘောတူညီမှု” ကို [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး စစ်တပ်နဲ့ KNLA တိုက်ပွဲဖြစ်ခဲ့တဲ့ ဘီးလင်းမှာ ဒေသခံနှစ်ဦးဒဏ်ရာရပြီးတဦးစိုးရိမ်ရ February 22, 2023 နိုင်ငံရေး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေလေးနာရီကျော်က စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်လလို့ နှစ်ဘက်ထိခိုက်မှုတွေရှိသလို ဒေသခံ နှစ်ဦးလည်းဒဏ်ရာရပြီး တဦးက တော့ စိုးရိမ်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]