အစုလိုက် အသတ်ခံရတဲ့ ပြည်သူတွေအတွက် ထိုင်းမြန်မာနယ်စပ်မှာ ဆုတောင်းပွဲပြုလုပ် October 18, 2023 နိုင်ငံရေး အောက်တိုဘာ၊ ၁၈ လိုင်ဇာ၊ အနန့်ပါ၊ ပဇီကြီး တို့အပါအဝင် စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် အစုလိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဆုတောင်းပွဲတခုကို ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ဒီကနေ့ အောက်တိုဘာ ၁၈ ရက်က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲကိုတော့ ဘာသာပေါင်းစုံကွန်ရက်နဲ့ ထမင်းတနပ် ၁၅ ဘတ် အဖွဲ့က ဦးဆောင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆုတောင်းပွဲမှာ မုန်လိုင်ခက်က စစ်ရှောင် ကချင်အမျိုးသမီးတဦးကို တွေ့ဆုံအင်တာဗျူးထားတဲ့ အသံဖိုင်ကို ဖွင့်ပြခဲ့ပြီး စစ်တပ်ရဲ့အကြမ်းဖက်မှုကြား သေဆုံးခဲ့တဲ့ အရပ်သားပြည်သူတွေအတွက် ဘာသာပေါင်းစုံက ဆုတောင်းတာတွေ လုပ်ခဲ့ကြပါတယ်။ Websiteတွင် ကြည့်ရှုရန် >>> ဓာတ်ပုံ – ကိုနိုင်သီဟ စစ်တပ်ဆုတောင်းပွဲပဇီကြီးလိုင်ဇာသတ်ဖြတ်အစုလိုက်အနန့်ပါ
နိုင်ငံရေး စစ်ကောင်စီရဲ့လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုအများဆုံးခံနေရတဲ့ ရမ်းဗြဲကဒေသခံတွေ အကူအညီလိုအပ် February 18, 2024 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၁၈ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ စစ်ကောင်စီလက်ချက်နဲ့ ဒေသခံပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က ရမ်းဗြဲမြို့ကို လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းက [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး စစ်တပ်နဲ့ KNLA တိုက်ပွဲဖြစ်ခဲ့တဲ့ ဘီးလင်းမှာ ဒေသခံနှစ်ဦးဒဏ်ရာရပြီးတဦးစိုးရိမ်ရ February 22, 2023 နိုင်ငံရေး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာမှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေလေးနာရီကျော်က စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်လလို့ နှစ်ဘက်ထိခိုက်မှုတွေရှိသလို ဒေသခံ နှစ်ဦးလည်းဒဏ်ရာရပြီး တဦးက တော့ စိုးရိမ်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ကန့်ဘလူမှာဒေသခံဆယ်ဦးထက်မနည်းကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီး၊ ဒေသခံ တသောင်းကျော်ထွက်ပြေးနေရ April 29, 2023 နိုင်ငံရေး ဧပြီ၊ ၂၉ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုုက်နယ်၊ စကျင်ကျေးရွာက အရပ်သား ဆယ်ဦးထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းက ဧပြီလ ၂၇ ရက်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” မြေပြင်သတင်းပေးပို့ချက်အရ [ဆက်လက်ဖတ်ရှုရန်]