ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက မိန်းကလေးတဦးရဲ့ ဗီဒီယိုကို ဟားမားစ် ထုတ်ပြန်

 

အောက်တိုဘာ၊ ၁၈

ကျူးကျော်စစ်ပွဲ ပထမဆုံးနေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အစ္စရေး အရပ်သား ရာဂဏန်းထဲက ပထမဆုံး တဦးရဲ့ ဗီဒီယိုကို ဟားမားစ် ပြောက်ကျားတွေက အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန် ပြသလိုက်ပါတယ်။

ဗီဒီယိုထဲမှာ ပါဝင်တဲ့ မိန်းကလေးက သူဟာ အစ္စရေးပိုင် ရှိုဟမ်ရွာမှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် မာယာရှမ်က ဟီးဘရူး ဘာသာစကားနဲ့ ပြောကြားခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်က ပါတီပွဲ တခုမှာ ရှိနေတဲ့အချိန် သူ့ကို ဟားမားစ် လက်နက်ကိုင်တွေက ဖမ်းဆီးသွားတာဖြစ်ပြီး သူပြန်လည် လွတ်မြောက်အောင် ကူညီပေးကြစေလိုကြောင်း ဗီဒီယိုထဲမှာ မိန်းကလေးက ပန်ကြားထားပါတယ်။