တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA

အောက်တိုဘာ ၊ ၁၅

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်မှာ နေပြည်တော်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ ချုပ်ဆိုခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(Nationwide Ceasefire Agreement) ဖြစ်ပါတယ်။

ဒီကနေ့ဟာ အဲဒီ NCA စာချုပ် ချုပ်ဆိုတာ ရှစ်နှစ်မြောက်လည်းဖြစ်ပါတယ်။

အဲဒီ NCA စာချုပ်ကို  လေ့လာသူတွေ၊ ကုလသမဂ္ဂ၊ ဗြိတိန်၊ နော်ဝေ၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့အပါအဝင် နိုင်ငံတကာက ကိုယ်စားလှယ်တွေအပါအဝင် ပြည်တွင်း၊ ပြည်ပက ဖိတ်ကြားထားသူတွေအများအပြား အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

မြန်မာအစိုးရက ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ကယန်းပြည်သူ့ပါတီ (KNPP) အဖွဲ့တို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ စတင်ကမ်းလှမ်းပါတယ်။

အဲဒီနောက်မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်မှာ NCA စာချုပ် အချောသတ်နိုင်ခဲ့တာပါ။

ငြိမ်းချမ်းရေးကမ်းလှမ်းတဲ့ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်ကနေ လက်မှတ်ထိုးတဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်အထိ ရက်ပေါင်း၁၄၅၀ ကြာမြင့်ပြီး ဆွေးနွေးပွဲပေါင်း ငါးထောင်ခန့်ကျင်းပညှိနှိုင်းခဲ့ကြတာလို့ဆိုပါတယ်။

#လက်မှတ်ရေးထိုးခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU)

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)

ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNLO)

 ချင်းအမျိုးသား တပ်ဦး (CNF)

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)

 မြန်မာ နိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)

ထပ်တိုး NCA လက်မှတ်ထိုးတဲ့ အဖွဲ့ နှစ်ဖွဲ့

လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)

မွန်ပြည်သစ်ပါတီ(MNSP)

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီချုပ်ပါတီအစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ပြည်ထောင်စုနေ့မှာ အထက်ပါတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ဟာ NCA လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

#စစ်အာဏာသိမ်းမှုကြောင့်NCAပျက်ပြယ်ပြီကြေညာထားတဲ့အဖွဲ့သုံးဖွဲ့

ချင်းအမျိုးသား တပ်ဦး (CNF)

မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)

ကရင်အမျိုးသားအစည်းအရုံး (KNU)

NCA ထိုးမထားတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)

ရက္ခိုင့်တပ်တော်(AA/ULA)

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)

ရှမ်းပြည်တိုးတတ်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) (စစ်အာဏာသိမ်းပြီးပေါ်ပေါက်လာတဲ့ အဖွဲ့)