ရခိုင်က ကျောင်းဆရာမ အသတ်ခံရမှု ကျူးလွန်သူကို ဖော်ထုတ်အတည်ပြုနိုင်ပြီလို့ AAပြော

အောက်တိုဘာ ၊ ၁၄ 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က အလယ်တန်းပြကျောင်းဆရာမ အသတ်ခံရမှုမှာ ကျူးလွန်ခဲ့တဲ့ တရားခံ ကိုဖော်ထုတ်အတည်ပြုနိုင်ပြီလို့ ရခိုင့်တပ်တော်(AA)က ဒီကနေ့ ထုတ်ပြန်လာပါတယ်။

အဲ့ဒီအမှုနဲ့ပတ် သက် လို့ အဓိကသံသယရှိသူအဖြစ် ဖမ်းဆီးထားတဲ့ မောင်မောင်အေးဆိုသူ အမျိုးသားဟာ တ ရားခံအစစ်ဖြစ်သလို ကိုယ်တိုင် လည်း ဝန်ခံထွက်ဆိုထားတယ်လို့ AAထုတ်ပြန်ချက်ကဆိုပါတယ်။

“ဘာကြောင့်၊ ဘယ်လိုသတ်ဖြတ်ခဲ့တယ်ဆိုတာကိုလဲ တရားခံကိုယ်တိုင် ဝန်ခံထားပြီးဖြစ်ပါတယ်” လို့ရခိုင့်တပ် တော် A‌Aပြောခွင့်ရ ဦးခိုင်သုခကပြောပါတယ်။

ရသေ့တောင်မြို့နယ် ကျွန်းပေါ်(ပေါက်တော)ရွာမှာနေထိုင်တဲ့အသက် ၃၇နှစ်အရွယ် အလယ်တန်းပြ ဆရာမ ဒေါ်နှင်းယုနွယ်ဟာ ဇာတိရွာနဲ့ နှစ်မိုင်လောက်အကွာ ပန်းဖော်ပြင်ရွာမှာရှိတဲ့  တာဝန်ကျကျောင်းကို စာသင်ဖို့ အသွား စက်တင်ဘာ ၁၆ရက်မနက်ပိုင်းက သတ်ဖြတ်ခံခဲ့ရတာပါ။

ပြစ်မှုကျူးလွန်သူလို့ဆိုထားသူ မောင်မောင်အေးက ဆရာမ ဒေါ်နှင်းယုနွယ်ကို ဓါးရိုးနဲ့ ရိုက်ကာ ဓါးနဲ့ ခုတ်သတ်ခဲ့ ကြောင်း ဝန်ခံထားတဲ့ ရုပ်သံဖိုင်ကိုလည်း AA ပြောခွင့်ရ ဦးခိုင်သုခက သူရဲ့ Telegram ချန်နယ်ကတဆင့် ဒီကနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ဆရာမ ဒေါ်နှင်းယုနွယ်ကို စာပြဖို့အသွား လမ်းခုလတ်မှာ စောင့်နေပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဖမ်းဆီးစစ် ဆေးခံနေရတဲ့ မောင်မောင်အေးဆိုသူက အဲ့ဒီရုပ်သံဖိုင်မှာ ဝန်ခံထားတာ တွေ့ရပါတယ်။သူဟာ ဆရာမဒေါ်နှင်း ယုနွယ်နဲ့ တရွာတည်းနေအမျိုးသားတဦးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

မောင်မောင်အေးဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေချိန်အတွင်း ဆရာမ ဒေါ်နှင်းယုနွယ်ကို အွန်လိုင်းကတဆင့် ချစ်ရေးဆိုခဲ့ပေမယ့် ဆရာမက ငြင်းဆိုခဲ့တဲ့အတွက် အငြိုးထားသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ AA တရားရေးဌာနကို ဝန်ခံခဲ့ကြောင်း AA နဲ့ နီးစပ်တဲ့ Arakan Princess Media က ရေးသားထား ပါတယ်။

အဲ့ဒီအချက်ကိုတော့ AAက ထုတ်ပြန်ထားတဲ့ အထဲမှာဖော်ပြထားတာမတွေ့ရပါဘူး။ဒါ့အပြင် ဆရာမ ဒေါ်နှင်းယု နွယ်ဟာ အဓမ္မပြုကျင့်မှပါခံခဲ့ရနိုင်တယ်လို့ ကနဦး သုံးသပ်မှုတွေရှိခဲ့ပေမယ့် အဲ့ဒီလိုအခြေအနေရှိမရှိဆိုတာလည်း အခု AA ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။

ဆရာမရဲ့ ရုပ်အလောင်းကအဝတ်အစားတွေ ဖရိုဖရဲဖြစ်နေတဲ့အခြေအနေကြောင့် အတွက် အဓမ္မပြုကျင့်မှုကိုပါ ခံခဲ့ရနိုင်တယ်လို့ အလောင်းကို တွေ့ရှိခဲ့ရသူတွေနဲ့ ဒေသခံတွေကသုံးသပ်ထားကြတာပါ။

“တရားခံကို သိရပြီဆိုရင် ထိထိရောက်ရောက်အရေးယူဖို့လိုပါတယ်၊အဓမ္မပြုကျင့်တာ ရှိ၊ မရှိလည်း သိချင်တယ်၊ ရှိခဲ့ရင် အဲဒီအတွက်ပါ အပြစ်ထပ်ပေးရမယ်လေ၊ပွင့်ပွင့်လင်းလင်း ထုတ်ပြန်စေချင်ပါတယ်”လို့ ရသေ့တောင် မြို့ နယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ အလယ်တန်းပြ ဆရာမတဦးက သူ့အမြင်ကိုပြောပါတယ်။

သတ်ဖြတ်ခံရသူဆရာမရဲ့ မိသားစုနဲ့ ဒေသခံတွေ၊ အမျိုးသမီးအရေးလှုပ်ရှားသူတွေကလည်း ပြစ်မှကျူးလွန်ခဲ့တဲ့ တရားခံကို ဖော်ထုတ်ပြီး ထိရောက်တဲ့ပြစ်ဒဏ်တစ်ခု အမြန်ဆုံးပေးဖို့လိုအပ်တယ်လို့ တောင်းဆိုထားပါတယ်။

အဲ့ဒီအမှုကိုကျူးလွန်ခဲ့ကြောင်းဝန်ခံထားတယ်လို့ ထွက်ဆိုချက်ရုပ်သံဖိုင်နဲ့အတူAA ကထုတ်ပြန်လာတဲ့ မောင် မောင်အေးဆိုသူဟာစက်တင်ဘာ ၁၇ရက်မှာစတင်ဖမ်းဆီးခံခဲ့ရပြီးနှစ်ရက်အကြာမှာ ထွက်ပြေးလွတ်မြောက် ခဲ့ပေမယ့် စက်တင်ဘာ ၂၆ရက်မှာတော့ AA တပ်ဖွဲ့က ပြန်ဖမ်းမိခဲ့ပါတယ်။

အခု ဆရာမ သတ်ဖြတ်ခံရတဲ့ ပေါက်တောရွာနဲ့ ပန်းဖော်ပြင်ရွာတို့ဟာ မယူမြစ်အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး ရခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားတဲ့နယ်မြေတခုဖြစ်ပါတယ်။