စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဟာ နိုင်ငံရေးအသုံးချမှုသာဖြစ်တယ်လို့ NUG သမ္မတပြော

အောက်တိုဘာ၊ ၁၄

NCA ရှစ်နှစ်ပြည့်အခမ်းအနားကျင်းပဖို့ပြင်နေတဲ့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဟာ ကိုယ်ကျိုးစီးပွားအခြေပြုနိုင် ငံ ရေးအသုံးချမှု သက်သက်သာဖြစ်ပြီး စစ်အုပ်စုဆီကနေ တည်ကြည်တဲ့ နိုင်ငံရေးအာမခံချက်တွေ ရနိုင်မှာ မဟုတ် ဘူးလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတကဝေဖန် ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကဒီကနေ့ ထုတ် ပြန်ပြောကြားတဲ့ သူ့ရဲ့ လစဉ် မိန့်ခွန်းထဲ အဲဒီလို ထည့်သွင်းပြောကြားလိုက်တာပါ။

“ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေပါမချန် အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ စစ် ကောင်စီထံကနေ စေတနာမှန်တဲ့ ငြိမ်ချမ်းရေးဆိုတာ ဘယ်တော့မှ ရလာမှာ မဟုတ်ပါဘူး”လို့ သူကဆိုပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ကြတာ ရှစ်နှစ်ပြည့်မယ့် မနက်ဖြန် အောက်တိုဘာလ ၁၅ ရက်မှာ စစ်ကောင်စီက အထိမ်းအမှတ်နေ့အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေ တာပါ။

 NCA စာချုပ် လက်မှတ်ရေးထိုးတုန်းကအစိုးရနဲ့ လွှတ်တော်တို့ပါဝင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီကတော့ အ ကြမ်းဖက်ဂိုဏ်းတခုသာဖြစ်တာကြောင့် NCA နှစ်ပတ်လည်နေ့ကို ကျင်းပဖို့ အခွင့်အာဏာလည်း မရှိဘူးလို့ ဒူ ဝါလရှီးလက ပြောပါတယ်။

“စစ်ကောင်စီဟာ NCA စာချုပ်ကို လိုက်နာမှုမရှိ၊NCA အခြေခံမူတွေကိုလေးစားမှုမရှိချိုးဖျက်ခဲ့ပြီးကာမှ NCA နှစ်ပတ်လည်လုပ်မယ်ဆိုတာ အင်မတန်မှမျက်နှာပြောင်တိုက်ရာကျပြီး ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်ပါတယ်”လို့ သူက ဝေဖန်ပါတယ်။

NCA စာချုပ်မှာ  လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်အမျိုးသားအစည်းးအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) မြန် မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး နဲ့ ABSDF တပ်ဖွဲ့တို့ကလည်းပြီးခဲ့တဲ့ ရက်ပိုင်းက အ လားတူ ထုတ်ပြန်ဝေဖန်ထားပါသေးတယ်။

စစ်အုပ်စုရဲ့အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရော NCA စာချုပ်ပါပျက်ပြယ်သွားသလို စစ် ကောင်စီက ကြည်း၊ရေ၊လေစစ်ဆင်ရေးတွေနဲ့ ပြည်သူတွေအပေါ်ပစ်မှတ် ထား တိုက်ခိုက်မှုတွေအကြိမ်ကြိမ် ကျူးလွန်နေတာဟာလည်း NCA ပျက်ပြယ်မှုကိုပိုမိုခိုင်မာစေတယ်လို့ အဲ့ဒီလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ သုံးခုရဲ့ပူးတွဲထုတ်ပြန်ချက်ကဆိုပါတယ်။

 အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ NCA စာချုပ်ဟာ ဘယ်တော့မှပျက်ပြယ်မှာမဟုတ်တဲ့ သမိုင်းဝင်စာ ချုပ် လို့ကြွေးကြော်ထားပြီး မနက်ဖြန်ပြုလုပ်မယ့် နှစ်ပတ်လည်အခမ်းအနားကို အနှစ်သာရရှိရှိကျင်းပမယ်လို့ ပြော ထားတာပါ။

 ဒါပေမယ့်အဲ့ဒီနှစ်ပတ်လည်ပွဲကို NCA လက်မှတ်ရေးထိုးခဲ့တဲ့လက်နက်ကိုင်ဆယ်ဖွဲ့ထဲက အာဏာသိမ်းနောက်ပိုင်း စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေဆက်လုပ်နေတဲ့ အပစ်ရပ် ခုနှစ်ဖွဲ့သာ တက်ရောက်မှာဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ဆွေးနွေးပွဲတွေကို ပုံမှန်တက်နေပြီး NCA ရှစ်နှစ်ပြည့်ကိုပါ တက်ရောက်မယ့် အပစ်ရပ် ခုနှစ်ဖွဲ့ကတော့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတခုဖြစ်လာရေးအဖြေရှာနိုင်စေဖို့အတွက် စစ်ကောင်စီနဲ့ဆက်လက်ထိ တွေ့နေတာဖြစ်သလို NCAနှစ်ပတ်လည်ကိုလည်းတက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။

“အခုလိုမျိုး ရှစ်နှစ်ပြည့်အခမ်းအနားကနေပြီးတော့ ကျွန်တော်တို့မျှော်မှန်းနေတဲ့ သက်ဆိုင်သူများအား လုံးပါဝင် တဲ့ နိုင်ငံရေးအခင်းအကျင်း ပြန်လည်စတင်နိုင်မယ့် လမ်းစရှာမှုတွေ၊ အစပြုမှုတွေ၊ စတင်ချည်းကပ်မှုတွေ ရချင်တဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေ”လို့ အပစ်ရပ်ခုနစ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ KNU/KNLA(PC) ဗိုလ်မှူးကြီး စောကျော်ညွန့် က DNAကိုပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကြပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် သက်ဆိုင်သူ တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းတခု မရှိမဖြစ်လိုအပ်တယ်လို့လည်း သူကပြောပါတယ်။

လက်ရှိအထိ NCA လမ်းကြောင်းအတိုင်းဆက်သွားနေတဲ့ အပစ်ရပ်ခုနစ်ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မ တော်(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)(KNU/KNLA PC)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နဲ့ လားဟူဒီမိုကရက်တစ် အ စည်းအရုံး(LDU)တို့ ပါဝင်ပါတယ်။

မွန်ပြည်သစ်ပါတီ(MNSP)ကတော့ လက်ရှိအထိ NCA မူတွေကို ဆက်လက်ကိုင်စွဲထားမယ်လို့ဆိုထားသလို စစ် ကောင်စီနဲ့ တိုက်ပွဲပြန်ဖြစ်နေတာမျိုးလည်းမရှိပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုတော့ ရပ်ဆိုင်းထားပါတယ်။