အောက်တိုဘာ၊ ၁၁
ဧရာဝတီတိုင်း မြို့နယ်တချို့က ကျေးရွာတွေမှာ ပြည်သူ့စစ်လို့အမည်ခံထားတဲ့ ပျူစောထီး အဖွဲ့ဝင်တွေကို အ နောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက် အောက်ခံ စစ်ကောင်စီ တပ်တွေက ၁၅ ရက်ကြာ စစ်သင် တန်း တွေ ပေးနေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေကပြောပါတယ်။
ဒေသအတွင်း လုံခြုံရေး နဲ့ စစ်ရေးအတွက် လိုအပ်ပါ က စစ်ကောင်စီတပ် တွေနဲ့ အ တူ စစ်ကြောင်းထိုးတာ တွေ ၊စစ်ဆင် ရေးလုပ် တာတွေမှာ အင်အားဖြည့်တင်း ဖို့ ဖြစ်တယ် လို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် စခန်းရုံး နဲ့ နီးစပ်သူတွေကပြောပါတယ်။
“အရင်က တော့ သာပေါင်းမြို့က ခလရ ၃၀၈ တပ် ရင်းမှာ သွား တက်ရတယ်၊သင်တန်းမှာ စားဖို့ ရိက္ခာ နဲ့ ရိက္ခာစို အတွက် ငွေကို ရွာကပေးရတယ် ခုတော့ ရွာ တွေမှာလာပြီး သင် တန်းပေး နေတယ်”လို့ သာပေါင်းမြို့နယ် ဒေသ ခံတဦး က DNA ကိုပြောပါတယ်။
လက်ရှိ အောက်တိုဘာ လဆန်းပိုင်း ကစပြီးပျူစောထီး အဖွဲ့ ဝင်အဖြစ် စုဆောင်းထားသူတွေ နဲ့ ရွာခံ မီးသတ် အဖွဲ့ဝင်တွေ ကို အခြေခံ စစ်ပညာ သင်တန်းနဲ့ လက် နက်ငယ် စစ်သင်တန်းပေးနေတာလို့ ဆိုပါတယ်။
အဲ့ဒီသင်တန်းတွေမှာ သေနတ်ငါးလက်လောက်နဲ့ အခြေခံလက်နက်တပ်ဆင်ပစ်ခတ်မှုတွေကို လက်တွေ့သင် ပေး တာရှိသလို စစ်ကောင်စီထောက်ခံတဲ့အမာခံတွေရဲ့နေအိမ်တွေမှာစာတွေ့အနေနဲ့ သင်ပေးတာမျိုးတွေလည်းရှိ တယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကောင်စီ တပ်စခန်း အခြေစိုက်ရာမြို့နဲ့ နီးတဲ့ ကျေးရွာတွေကပျူစောထီးတွေ ကို အခြေစိုက် တပ်စခန်းအတွင်း ခေါ်ယူသင်တန်းပေးတာဖြစ်ပြီး တပ်စခန်းနဲ့ဝေးတဲ့ နေရာတွေကိုတော့ အနောက်တောင်တိုင်းစစ်ဌာနချုပ် လေ့ ကျင့်ရေး တပ် က နည်းပြတွေက ရွာတွေမှာ လာပြီးသင်တန်းပေးတာလို့ ဒေသခံတွေကပြောကြပါတယ်။
“ဒီမှာတော့ ရွာက ရွာခံပျူစောထီးတွေရယ် အနီး ပါတ်ဝန်းကျင် ရွာကပျူစောထီး တွေ ရယ်ကို ရွာမှာပဲ သင် တန်းပေးတယ်၊သင်တန်း နည်းပြ တွေက ပုသိမ်တပ် က လာတာ”လို့ ငပုတောမြို့နယ် ရုတ်ကောင်း ကမ်းခြေ ဒေသခံ တဦးကပြောပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း အတွင်းက ပုသိမ်၊သာပေါင်း၊ငပုတော မြို့နယ် ကမ်းခြေ ဒေသ ရွာတွေက စစ်သင် တန်း ဆင်းပြီးတဲ့ပျူစောထီးတွေ ဟာ ဧရာဝတီတိုင်း ကမ်းခြေ ဒေသ စိုးမိုးရေး အတွက် အခြေစိုက် တပ်စွဲထားတဲ့ စစ် ကောင်စီတပ် နဲ့ အတူ အင်အားဖြည့် ပူး ပေါင်း ပါဝင် ရတယ်လို့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေဆီကသိရပါတယ်။
အဲဒီလိုအခြေစိုက် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်း တွေ ကို ကမ်းခြေရွာ တိုင်းက တရွာ ကို ငွေ ခြောက် သောင်းကျပ် နဲ့ ဆန်တအိတ် စီ ရိက္ခာ အတွက် ပေးသွင်း ရတယ်လို့ဆိုပါတယ်။
အထူးဖြင့် စစ်ကောင်စီရဲ့ အနောက် တောင်တိုင်း စစ်ဌာချုပ် (နတခ) ဟာ စစ်သားစုဆောင်းတာ နဲ့ ပြည်သူစစ် အမည်ခံပျူစောထီး တွေကိုစုဆောင်းရာမှာ အလုပ် လက်မဲ့တွေနဲ့ ခိုးဆိုးလုနှိုက်တွေကိုလည်းနည်းမျိုးစုံ နဲ့ စုဆောင်းကြတယ်လို့ ပျူစောထီးတွေနဲ့နီးစပ်သူတဦးကပြောပါတယ်။
ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ မအူပင်၊ ညောင်တုန်း၊ ကျိုတ်လတ်၊ ဟင်္သာ တ၊ ဇလွန်၊ ပန်းတနော် ၊ဓနုဖြူ၊ ဝါးခယ်မ အိမ်မဲ စတဲ့ မြို့နယ် တွေက ကျေးလက် ဒေသ တွေမှာတော့ ပြည်သူ့ စစ် အမည်ခံ ပျူစောထီး အဖွဲ့ထဲကို ဝင်ဖို့ ဖိအားပေးစုဆောင်းတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ပျူစောထီးအဖွဲ့တွေကို တမြို့နယ်မှာ တပ်ခွဲတခွဲပုံစံနဲ့ အင်အား ၆၀ကနေ ၉၀ကြား လောက်အထိ စုဆောင်းကာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာလို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၅၊ရပ်ကွက် ၁၄၊ ရပ်ကွက် ၁၂တို့က မီးသတ်တပ်ဖွဲ့ဝင်တွေကို စစ်သင် တန်းပေးပြီး ပျူစောထီးအဖွဲ့ထဲထည့်လို့ သင်တန်းကနေ ထွက်ပြေးသွားကြတဲ့ဖြစ်စဉ်မျိုးလည်းဖြစ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဩဂုတ်လ နောက်ဆုံးပတ်အတွင်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်စီမံကိန်း မှာ ပျူစောထီးအဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဖို့ရောက်လာတဲ့ဧရာဝတီတိုင်းဒေသခံ အမျိုးသား ၁၄ဦးကို ဒေသခံ ကာကွယ် ရေးတပ်ဖွဲ့တွေကဖမ်းမိခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်။