ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို စစ်ကောင်စီက ထောင်နှစ်နှစ်ဆယ်ချတယ်လို့ ကြေညာ

အောက်တိုဘာ၊ ၁၀

အဂတိအမှုတွေနဲ့ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ နှစ်ဦးကို စစ် တရားရုံးနဲ့ စစ်ဆေးစီရင်ပြီး နှစ်နှစ်ဆယ်နဲ့ ညီမျှတဲ့ တသက်တကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ စစ်ကောင်စီ က ဒီကနေ့ညပိုင်းမှာ ကြေညာပါတယ်။

“မင်းအောင်လှိုင်က သူရဲ့ အာဏာကို ပြချင်တဲ့အခါမှာ သူ့ရဲ့လူရင်း၊တပည့်ရင်းတွေကို စံနမူနာပြပြီး အရေးယူ လိုက်တဲ့ သ ဘောပဲ၊ သူနဲ့ အတူယှဥ်လာတဲ့ သဘောတရားတွေကိုပါ ချေမှုန်းပြီးတော့ လုပ်လိုက်တယ်လို့ထင်တယ်” လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က DNA ကို ပြောပါတယ်။

သူတို့နှစ်ဦးလုံးဟာ တာဝန်ယူထားစဥ်ကာလအတွင်းပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူတာ၊ ဗဟိုဘဏ် ရည်ညွှန်း စျေး ထက် စျေးတင်ပြီး ဒေါ်လာရောင်းချနေတာတွေကို သိပေမယ့် အရေးမယူတာ၊ကုမ္ပဏီတွေဆီကလက်ဆောင် ပစ္စည်းရယူတာ၊ နိုင်ငံခြားသုံးငွေ တရားမဝင် လက်ဝယ်ထားရှိတာ စတဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီကဆိုပါတယ်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့ပြီး အဖမ်းမခံရခင် အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီး ဆင်းမှုများ မှန် ကန်မြန်ဆန်ရေးကော်မတီတို့မှာ ဥက္ကဌတာဝန်ယူခဲ့ပါတယ်။

အလားတူ ဗိုလ်မှူးချုပ် ရန်နောင်စိုးဟာလည်း ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးကော် မတီမှာ တွဲ ဖက်အတွင်းရေးမှူးအနေနဲ့ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

“ဒီဖြစ်စဥ်က တပ်တွင်းစည်းလုံးရေးကိုတော့ အကြီးကြီးမရိုက်ခတ်နိုင်ဘူး၊ ဒါပေမယ့် ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ် ကြီး တွေ Level(အဆင့်)မှာတော့ သတိထားစရာတွေ အများကြီးဖြစ်သွားလိမ့်မယ်”လို့ CDM ဗိုလ်ကြီးလင်းထက် အောင်ကသုံးသပ်ပါတယ်။

ဖမ်းဆီးထောင်ချခံလိုက်ရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့လူယုံလို့ နာမည်ကြီးပြီး စစ်ကောင်စီတပ်ထဲမှာ နံပါတ် ၇ အဆင့်နေရာ စစ်ဦးစီးအရာရှိချုပ် (ကြည်း)နေရာ တာဝန်ယူခဲ့ရသူလည်းဖြစ်ပါတယ်။

စစ်တပ်အရာရှိကြီးတွေဖြစ်တဲ့ သူတို့နှစ်ဦးကို စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က နေပြည်တော်မှာ ဖမ်း ဆီးစစ်ဆေးခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုတော့ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ကြောင်း စက် တင်ဘာလ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။

သူတို့နှစ်ဦးလိုပဲ ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုတော့ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ စက်တင် ဘာလ ၂၅ ရက်မှာပဲ ထုတ်ပယ်ခဲ့ပေမယ့် သူ့ကိုတော့ ထောင်ချတာမရှိဘဲ မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်း ဆောင်ခဲ့ပါတယ်။