စစ်ရှောင်စခန်းကို တိုက်ခိုက်တဲ့ စစ်တပ်က အေအေစခန်းကိုပါ ပစ်လို့ တဦးကျဆုံး၊ ဆယ်ဦးဒဏ်ရာရ

အောက်တိုဘာ၊ ၁၀

KIO ဌာနချုပ်လိုင်ဇာက စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တစ်ချိန်တည်းမှာပဲ အဲဒီအနီးရှိ ရက္ခိုင့်တပ် တော်(AA)တပ်စခန်းကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်သားတဦး ကျဆုံးကာ ဆယ် ဦး ဒဏ် ရာရသွားခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

 အောက်တိုဘာလ ၉ ရက်၊ ည ၁၁ နာရီကျော်မှာ ကချင်ပြည်နယ် ၊လိုင်ဇာမြိုု့အနီးရှိ မုန်လိုင်ခက်စစ်ဘေး ရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လသားအရွယ်ကစပြီး ၁၆ နှစ်အောက် ကလေး ငယ်၁၁ ဦးအပါအဝင်  စုစုပေါင်း ၂၉ ဦး သေဆုံးကာ ဒဏ်ရာရသူ ၅၇ ဦးအထိ ရှိခဲ့ပါတယ်။

“မနေ့ကညမှာ လိုင်ဇာမှာရှိတဲ့ ကျွန်တော်တို့ရက္ခိုင့်တပ်တော်ရဲ့ တပ်စခန်းတစ်ခုကိုလည်းပဲ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ တစ်ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိတယ်”လို့ AA ပြောခွင့်ရ ဦးခိုင်သုခက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ AA တပ်စခန်းတွေကို အဲဒီလိုမျိုုး ဦးတည်ပြီး ပစ်မှတ်ထား၊ တိုက်ခိုက်တာတွေ ဆက်တိုက် များလာလို့ရှိရင်တော့ တင်းမှုမြင့်မားပြီး ရခိုင်ပြည်တွင်း အပစ်အခတ်ရပ်စဲထားတဲ့အခြေအနေတွေကိုပါ အပြောင်း အလဲ ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။

“အခုလည်းပဲ ဒီလိုပဲ မြန်မာစစ်တပ်ဘက်ကနေ ကျွန်တော်တို့ရဲ့ တပ်စခန်းတွေကို ဦးတည်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေ များလာလို့ရှိရင်တော့ အခြေအနေကတော့ အပြောင်းအလဲတွေ ရှိလာနိုင်တာပေ့ါ”လို့ ဦးခိုင်သုခက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တကျောပြန်တိုက်ပွဲတွေဟာလည်း စစ်ကောင်စီတပ်ရဲ့ AA တပ်စခန်းတွေအပေါ် ဦးတည်တိုက် ခိုက်မှုတွေကနေတစ်ဆင့် တင်းမာမှုတွေမြင့်ပြီး တိုက်ပွဲပြန်ဖြစ်တဲ့အဆင့်ကို ရောက်သွားခဲ့ရတာဖြစ်တယ်လို့ ဆိုပါ တယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်ကလည်း လိုင်ဇာမှာရှိတဲ့ AA တပ်စခန်းကိုပဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ AA ဗိုလ်ကြီးတဦး သေဆုံးကာ တပ်သား အချို့ဒဏ်ရာရခဲ့ပါသေးတယ်။

 “ ဒီနောက်ပိုင်းမှာ အခု မနေ့က ပစ်ခတ်မှုကတော့ ဒါ အဆိုးဆုံး အစုလိုက်၊ အ ပြုံလိုက် ပစ်ခတ်မှုလို့ ပြောလို့ရတာပေ့ါနော်။ ဒီပစ်ခတ်မှုတွေအတွက် မြန်မာစစ်တပ်အနေနဲ့ကတော့ သူတို့ တာဝန် ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်တယ်”လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဲဒီတိုက်ခိုက်မှုအပေါ် ဝမ်းနည်းကြေ ကွဲရပြီး တရားမျှတမှုနဲ့ အမှန်တရားရရှိရေးအတွက် ကချင်ပြည်သူလူထု၊ KIO/KIAနဲ့အတူ တစ်သွေးတည်း၊ တစ်သားတည်းရှိပြီး ရှေ့ဆက်ပြီးတော့ လုပ်စရာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လိုAA အပါအဝင် ညီနောင်မဟာမိတ် သုံးဖွဲ့က ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

“ဒါဟာ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ရှောင်စခန်းက အရပ် သားပြည်သူတွေကို ပစ်ခတ်မှုဟာ လူ့သားမျိုးနွယ်အပေါ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ်ဗျ”လို့ ဦး ခိုင်သု ခက ပြောပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(PSLP/TNLA) ပြောရေးဆိုခွင့်ရှိသူ တာအိုက်ကျော်ကလည်း စစ်ကောင်စီတပ်ရဲ့ မုန်လိုင်ခက်စခန်း ကို တိုက်ခိုက်မှုဟာ  စစ်ရာဇဝတ်မှုမြောက်ပြီး လူသားမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဟာကတော့ သူတို့က မကြာခဏ ဒီလိုမျိုး အရပ်ဖက်ကို ဦးတည်တိုက်ခိုက်တာတွေ့ရတယ်။ အထူးသဖြင့်က တော့ ပြည်သူ၊ အပြစ်မဲ့ပြည်သူကို တိုက်ခိုက်တယ်။ ဒါကတော့ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်”လို့ ၎င်းက DNA ကို ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကလည်း မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံ့မှုနဲပက်သက်လို့ တရား မျှတ မှု ပြန်လည်ရယူပေးနိုင်ရေးအတွက် အတူတကွ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် ကု လသမဂ္ဂမြန်မာနဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)တို့ကလည်း ဒါဟာ လက်ခံနိုင်စရာအကြောင်း ပြချက် လုံးဝမရှိတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။