ပြည်တွင်းအခေါက်ရွှေစျေး နှစ်သိန်းကျော် ပြန်တက်

စက်တင်ဘာ၊ ၁၂

ပြည်တွင်းအခေါက်ရွှေဟာ မကြာသေးခင်က ရက်ပိုင်းက အကျဖက်ကို ဦးတည်နေပေမယ့် ဒီနေ့မှာ တော့ တကျပ်သားကို ၃,၅၇၀,၀၀၀ ကျပ်နဲ့ နှစ်သိန်းကျော်ပြန်လည်ဈေးမြင့်တက်ခဲ့တယ်လို့ရန်ကုန်မြို့ ရွှေကုန်သည်အ သိုင်း အဝိုင်း က  သိရပါတယ်။

“ရွှေဈေးကတော့နည်းနည်းပြန်တက်တာပေါ့။ ဘာကြောင့်တက်လိုက်၊ကျလိုက်ဖြစ်နေတာလဲဆို အဓိကက ဒေါ်လာဈေးမငြိမ်တာပေါ့’’ လို့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဝါးတန်းလမ်းမှာရှိတဲ့ ရွှေကုန်သည်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လအတွင်းက တကျပ်သားကို သိန်းလေးဆယ်နီးပါးအထိတက်ခဲ့တဲ့ မြန်မာ့ရွှေစျေးဟာ စက်တင်ဘာလ ၅ ရက်မှာတော့ ၃,၇၅၀,၀၀၀ အထိ ပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၆ရက်မှာ အခေါက်ရွှေတကျပ်သား ၃,၆၃၀,ဝဝဝကျပ်၊၇ ရက်က ၃,၅၃၀,ဝဝဝကျပ်၊ ၈ရက်မှာတော့ တော့ ၃,၄၂၀,ဝဝဝကျပ်နဲ့ ၉ ရက်မှာတော့ ၃,၃၆၀,ဝဝဝကျပ်အထိ ထပ်မံကျဆင်းခဲ့တာပါ။

အဲ့ဒီလိုကျဆင်းခဲ့ပေမယ့် စက်တင်ဘာလ ၁၁ ရက်နဲ့ ၁၂ရက်ဒီနေ့မှာတော့ အခေါက်ရွှေတကျပ်သားကို  ၃,၅၇၀,ဝဝဝနဲ့ နှစ်သိန်းကျော်ပြန်လည်စျေးတက်ခဲ့တယ်လို့ ရွှေကုန်သည်တွေဆီကသိရပါတယ်။

‘’အရောင်းအဝယ်က ပုံမှန်ပဲဗျ။ပုံမှန်ဆိုတာ အေးမြဲတိုင်းအေးတာကိုပြောတာ” လို့ ဝါးတန်းလမ်းက ရွှေကုန်သည်က ပြောပါတယ်။

ဒီလိုရွှေဈေးနှုန်းမတည်ငြိမ်တာဟာအမေရိကန် ဒေါ်လာဈေးမတည်မငြိမ်ဖြစ်တာကြောင့်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို စက်တင်ဘာလ ၁၁ရက်က ၁,၉၂၆ ဒေါ်လာဖြစ်ပြီး ဒီနေ့မှာတော့ ၁,၉၁၉ ဒေါ်လာထိ ကျဆင်းခဲ့ပေမယ့့် ရွှေဈေးကတေ့ အတက်ဖက်မှာ ငြိမ်နေတာပါ။

စက်တင်ဘာလ ၁၁ရက် မနေ့က အမေရိကန် တဒေါ်လာ ၃,၄၆၀ ကျပ်၊တယူရို ၃,၈ဝရကျပ်၊စင်္ကာပူ တဒေါ်လာ ၂,၄၄ဝကျပ်နဲ့ ထိုင်းတဘတ် ၉၉ကျပ်ပေါက်ဈေးရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့မှာတော့  အမေရိကန် တဒေါ်လာ ၃,၄ရဝကျပ်၊ တယူရို ၃,၇၆၉ကျပ်၊ စင်္ကာပူ တဒေါ်လာ ၂,၅၂၀ ကျပ်နဲ့  ထိုင်းတဘတ်ကို ၉ရကျပ်ထိ ဈေးကျဆင်းခဲ့ပြီး အချိန်အလိုက်အပြောင်းအလဲ ရှိနိုင်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်