မြေပြိုလို့ပျက်စီးသွားတဲ့ ပုလဲဂန့်ဂေါကားလမ်းကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြုပြင်နေ

စက်တင်ဘာ ၊ ၉

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက ပုလဲ-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် ၅၁ အနီးမှာ မြေပြိုလို့လမ်းပျက်စီးခဲ့တာ ကြောင့် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ဒေသခံ ပကဖတွေက လတ်တလောသွားလာနိုင် အောင်ပြန်လည် ပြုပြင်ပေးနေတယ်လို့ ပုလဲပအဖက ကိုဇော်ထက်က DNAကိုပြောပါတယ်။

အခုလဆန်းပိုင်းအတွင်း ပုလဲမြို့နယ်မှာ မိုးများတာကြောင့် လမ်းပိုင်းမြေပြိုကျမှုတွေဖြစ်ခဲ့ပြီး ပုလဲ-ဂန့်ဂေါကား လမ်းဟာသွားလာရအဆင်မပြေဖြစ်ခဲ့ရာကနေ စက်တင်ဘာ၈ရက်မှာတော့မြေသားတွေပြိုကျသွားလို့ ကုန်တင် ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေ နာရီနဲ့ချီပိတ်ဆို့ခဲ့တယ်လို့ သူကပြောပါတယ်။

“အခုကကျွန်တော်တို့အရေးပေါ်လမ်းဖောက်ပေးထားတာ၊အရင်ပေတရာလမ်းမကြီး ပြိုကျသွားပြီးအဲ့ဒီနေရာမှာ ကျွန်တော်တို့ကကမ်းပါးယံတွေထိုးပြီးတော့ကွင်းလမ်းပုံစံမျိုးဖောက်ပေးထားတာပေါ့၊အခုကွင်းလမ်းကိုပါမြေသား တွေကအိလိုက်ပြီးပြိုနေတာ” လို့ ကိုဇော်ထက်ကပြောပါတယ်။

မြေသားပြိုတဲ့နေရာအနီးမှာ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နဲ့တခြားကားအသေး စုစုပေါင်းအစီးရေငါးဆယ် ကျော်လောက်ပိတ်မိခဲ့တာကြောင့် ဒေသခံတိုက်နယ် ပကဖအကူအညီနဲ့ စက်ယန္တယားတွေ အသုံးပြုပြီး တစီးချင်း သွားလာနိုင်အောင် လုပ်ပေးနေရတယ်လို့ ဆိုပါတယ်။

ပုလဲ-ဂန့်ဂေါသွားကားလမ်းဟာပြီးခဲ့တဲ့ သြဂုတ်လကလည်း ပြိုကျပျက်စီးခဲ့သေးတယ်လို့သိရပါတယ်။မြို့နယ် အုပ် ချူပ်ရေးအဖွဲ့တွေက ယာယီသွားလာလို့ရအောင် လမ်းဖောက်ပေးထားပေမယ့် နည်းပညာနဲ့ ရန်ပုံငွေအား နည်း ချက်တွေကြောင့် ရေရှည်သွားလာနိုင်တဲ့လမ်းပိုင်းဖြစ်ဖို့တော့ အခက်အခဲတွေရှိနေသေးတယ်လို့ကိုဇော်ထက်က ပြောပါတယ်။