ဆားလင်းကြီးမှာ စစ်ကောင်စီပစ်ခတ်လို့ ဆိုင်ကယ်စီး အမျိုးသားတဦးသေဆုံး၊ တဦးဒဏ်ရာရ

စက်တင်ဘာ၊ ၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဆိုင် ကယ် မရပ်ပေးလို့ပစ်ခတ်တာကြောင့် တဦးသေဆုံးပြီး တဦးဒဏ်ရာရသွားတယ်လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ် ချုပ်ရေးအဖွဲ့ကကိုစစ်ငြိမ်းက ပြောပါတယ်။

“လမ်းသွားလမ်းလာတွေပဲ၊(စစ်တပ်က)အက်စစ်စက်ရုံရှေ့မှာ စစ်နေတာ၊စစ်နေတာ ကိုမရပ်လို့ ပစ်ခံရတာ၊ စစ်တာ ထွက်စစ်တာကို မရပ်လို့ ကင်းပုန်းကနေပစ်လိုက်တာ”လို့ သူကပြောပါတယ်။

ဆားလင်းကြီးမြို့မြောက်ဘက် ကြေးနီစီမံကိန်း ဧရိယာအနီးက အက်ဆစ်စက်ရုံရှေ့ကို မနေ့က မနက် ၁၀နာရီ လောက်မှာ မောင်းနှင်လာတဲ့ ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသားနှစ်ဦးကို  ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်သား တွေကတားပေမယ့် မရပ်တာကြောင့် သေနတ်နဲ့ ငါးချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် ကံကုန်းကြီးကျေးရွာက အသက် ၃၁ နှစ်အရွယ် ကိုကျော်မင်းထွန်းသေဆုံးခဲ့ပြီး နောက်အမျိုး သားတဦးကတော့ လက်မောင်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

သေဆုံးခဲ့သူ ရုပ်အလောင်းကိုတော့ မနေ့ကပဲ အက်ဆစ်စက်ရုံမှာ သွားရောက်ထုတ်ယူခဲ့ပြီး သင်္ဂြိုလ်ပေးလိုက်ပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ် လုံခြုံရေးယူပေးထားတဲ့ အက်ဆစ်စက်ရုံဟာ စစ်တပ်ပိုင် မြန်မာ ဦးပိုင် ကုမ္ပဏီလက်အောက်ခံ စက်ရုံ တခုဖြစ်ပြီး ကြေးနီစီမံကိန်း လုပ်ခွင့်ရတရုတ်ကုမ္ပဏီတွေဖြစ်တဲ့ ဝမ်ပေါင်-ယန်စီ တို့ဆီအဓိကကုန်တင်ပို့နေတဲ့ စက်ရုံတခုဖြစ်တယ်လို့သိရပါတယ်။