ပုဂံမှာ ဘောလုံးပွဲလုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခံရ

စက်တင်ဘာ၊ ၅

ညောင်ဦးမြို့နယ် ပုဂံမှာ မြို့နယ် ဘောလုံးပြိုင်ပွဲကိုလုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကား မနေ့ကအဝေး ထိန်းမိုင်းနဲ့ဖောက်ခွဲတိုက် ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ ဒေသခံ တွေကပြော ပါတယ်။

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံမှာ မြို့နယ်ဘောလုံးပြိုင်ပွဲ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ Double cap ကားရပ် ထားတဲ့နေရာမှာ မိုင်းကြိုတင်ထောင်ထားကာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Bagan-Nyaung-U Special Task Force (ပုဂံ-ညောင်ဦးမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့)ဝင် ရဲဘော် အက္ခရာက DNA ကိုပြောပါတယ်။

“သူတို့ကားရပ်တဲ့နေရာကို သတင်းရပြီးတော့ အဲမှာကျွန်တော်တို့ကမိုင်းထောင်ထားလိုက်တာ၊သူတို့လာပြီဆိုမှ အ ဝေးထိန်းမိုင်းနဲ့ခွဲလိုက်တာပေါ့၊ကားကလည်း ကံဆိုးချင်တော့ မိုင်းနဲ့ တည့်တည့်ကြီးကို ကွက်တိဖြစ်နေတော့ ဒီ ကောင်တွေ တော်တော်ထိသွားတာ” လို့သူကဆိုပါတယ်။

ရွှေစည်းခုံစေတီတော်အနီး ဘုရားပွဲဈေးကျင်းပလေ့ရှိတဲ့ ကွင်းပြင်ထဲက ထန်နောင်းပင်အောက်မှာရပ်ထားတဲ့ စစ် ကောင်စီကားကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့ တယ် လို့ ရဲဘော် အက္ခရာကပြောပါတယ်။

ရပ်ထားတဲ့ စစ်ကောင်စီကားအနီးမှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်စုစုပေါင်းရှစ်ဦး လုံခြုံရေးယူထားတာ  ဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရှစ်ဦးလုံး သေဆုံးထိခိုက်မှုရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်(စစ်သား) အောင်စိုးမိုး ဆိုသူကဗိုက်ပေါက်ဒဏ်ရာ၊ ရင် ဘတ်ထိမှတ် ဒဏ်ရာတွေနဲ့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့သလို ကျန်နှစ်ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့ပြီး ငါးဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ရဲဘော် အက္ခရာက ဆိုပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ကားကလည်း လုံးဝပျက်ဆီးသွားတဲ့အတွက် အသုံးပြုမရတော့ဘဲ ကရိန်းနဲ့လာရောက် ဆွဲယူသွားခဲ့ရတယ်လို့ သူကပြောပါတယ်။

“မြို့ပေါ်မှာတော့ ဒါပထမဆုံးပဲဗျ၊သတိထားပြင်ဆင်ရတယ်၊တခြားနေရာဆိုမလုပ်ရဲဘူး၊ပြည်သူတွေ ထိမှာစိုး ရတာပေါ့၊သူတို့ကွင်းပြင်မှာ ဒီလိုလာရပ်တာက သူတို့ကံဆိုးသွားတာ ” လို့ ရဲဘော် အက္ခရာကဆိုပါတယ်။

ပုဂံဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးကြီးခဲ့ပေမယ့် မနေ့က ညနေပိုင်းက မိုးရွာသွန်းမှုမရှိခဲ့တာကြောင့် ဘောလုံး ကွင်းမှာ အားကစားပွဲကျင်းပနေချိန် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံ တဦးကလည်း အတည်ပြုပါတယ်။

“ဘောလုံးကွင်းမှာ မိုင်းကွဲသွားတယ်လို့ပဲ သတင်းပြန်ကြားရတာပေါ့နော်၊ဘယ်လောက်ထိတယ်ဘာညာတော့ သေချာတော့မသိဘူး၊တယောက်ကတော့ တော်တော်ဒဏ်ရာပြင်းထန်တယ်လို့တော့ကြားတယ်၊မနေ့ကတော့ လုံခြုံရေးတွေ ယူထားတာတော့တွေ့တယ်၊ဒီကနေတော့ အေးဆေးပါပဲ ” လို့ ဒေသခံအမျိုးသမီးတဦးက ပြော ပါတယ်။

 အဲဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် အ.က.ဖ(ပခုက္ကူမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့) ၊ ပုဂံ-ညောင်ဦးမြို့နယ် အထူးတိုက်ခိုက်ရေးအဖွဲ့ တို့ပူးပေါင်းဆောင်ရွက်တာလို့ အဲဒီအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။  

ပခုက္ကူနဲ့ ပုဂံ-ညောင်ဦးမြို့နယ်တွေမှာ စစ်ဆင်ရေးအရှိန်မြှင့်တင်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ် ရေးပစ်မှတ်တွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့နဲ့ တော်လှန်ရေးအဖွဲ့တွေကို ဝိုင်းဝန်းကူညီထောက်ပံ့ကြ ဖို့လည်း အဲ့ဒီ အဖွဲ့တွေက တိုက်တွန်းထားပါတယ်။