အာဏာရှင်ကို မဲပေးလိုက်ရတာမျိုးဖြစ်မှာစိုးလို့ ရွေးကောက်ပွဲမလုပ်တာလို့ စစ်ခေါင်းဆောင်ပြော

ဇူလိုင်၊ ၃၁

လက်ရှိအခြေအနေတွေအရ ရွေးကောက်ပွဲမဖြစ်မနေလုပ်လို့ရနိုင်တဲ့အခြေအနေတွေရှိပေမယ့် အာဏာရှင်နဲ့ အ ကြမ်းဖက်အားပေးတွေကို မဲပေးရွေးချယ်လိုက်ရတာမျိုးဖြစ်မှာစိုးလို့ ရွေးကောက်ပွဲမလုပ်တာလို့ အာ ဏာသိမ်းစစ် ခေါင်းဆောင်က ပြောဆိုပါတယ်။

စစ်ကောင်စီက အရေးပေါ်အခြေအနေခြောက်လသက်တမ်းတိုးဖို့အတွက် ကာလုံအစည်းအဝေးကို ဒီကနေ့ မနက် ပိုင်းက ပြုလုပ်ခဲ့ရာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကအဲ့ဒီလိုပြောဆိုခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ လက်ရှိအခြေအနေတွေကြားမှာပဲ မတည်ငြိမ်တဲ့ ဒေသတွေကိုချန်လှပ်ပြီး ရွေးကောက် ပွဲ လုပ် ဖို့၊တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲလုပ်ဖို့ စတဲ့ အခင်းအကျင်းနှစ်ခုကိုသုံးသပ်ခဲ့တယ်လို့ သူကဆိုပါ တယ်။

ဒါပေမယ့် လက်ရှိ နိုင်ငံတဝန်းဒေသအများအပြား လက်နက်ကိုင်တိုက်ခိုက်မှုတွေရှိနေချိန်မှာ ရွေးကောက်ပွဲ လုပ် မယ်ဆိုရင် ဒီမိုကရေစီအတွက်မဲပေးရွေးချယ်မှုဟာအာဏာရှင်နဲ့ အကြမ်းဖက်အားပေးတွေအတွက် မဲပေးရွေး ချယ်လိုက်ရတဲ့ ဖြစ်စဉ်မျိုးဖြစ်လာနိုင်တယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

ရွေးကောက်ပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးလိုက်တဲ့တိုင်အောင် ဒေသခံမဲဆန္ဒရှင်တွေကို လက်နက်အားကိုး နဲ့ မဲပေးစေရေး၊မဲပေးရင်လည်းလက်နက်ကိုင်တွေလိုလားသူကိုသာ မဲပေးစေရေး ဖိအားပေးအကျပ်ကိုင်မှုတွေ ပေါ် ပေါက်လာနိုင်ပြီး ရွေးကောက်ပွဲရဲ့ မူလဦးတည်ချက်တွေ ပပျောက်သွားနိုင်တယ်လို့ သူကဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်နေရာအများစုအနိုင်ရထားတဲ့ NLD ပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင် လွှတ် တော် ကိုယ်စားလှယ်တွေကို ဖမ်းဆီးသတ််ဖြတ်တာ၊ဖမ်းဝရမ်းထုတ်တာ၊ဖိအားပေးပြီး ခံဝန် လက်မှတ်ထိုး စေတာတွေ လုပ် ထားတဲ့ စစ်ကောင်စီခေါင်းဆောင်က သူတို့အနေနဲ့ လွှတ်တော် အစည်းအဝေးတွေခေါ်ယူ ကျင်း ပနိုင်တဲ့ အနေအထား ရှိတယ်လို့လည်း ပြောပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်အစည်းအဝေးခေါ်ယူတဲ့ ပထမဆုံးနေ့မှာ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စ ား လှယ်ထက်ဝက်ကျော် တက်ရောက်ရင် အထမြောက်တယ်လို့ ပြဌာန်းထားပါတယ်။

အဲ့ဒီအချက်အရ လွှတ်တော်တွင်းမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းရှိနေတာကြောင့် နောက် ထပ် ၂၅ရာခိုင်နှုန်းရှိရုံနဲ့ လွှတ်တော် အစည်းအဝေးတွေအထမြောက်အောင်လုပ်ဆောင်နိုင်ပေမယ့် ပုံရိပ်အရ မသင့်တော် တာကြောင့် မလုပ်ခဲ့တာလို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့အချက်အလက်တွေအရ ၂၀၂၀ အထွေထွေရွေး ကောက် ပွဲမှာ NLD ပါတီက ပြည်ထောင်စုအဆင့်လွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ်တွေအတွက် အမတ် နေရာ ၈၃ရာခိုင်နှန်းအထိ အနိုင်ရခဲ့တာပါ။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် သူကိုယ်တိုင် ပါဝင်မဲပေးခဲ့ချိန်မှာ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ့ ဆန္ဒဖြစ်လို့လက်ခံရမှာလို့ စစ်ခေါင်းဆောင်က သတင်းထောက်တွေကိုပြောခဲ့ပေမယ့် NLD အနိုင်ရခဲ့ပြီးနောက်မှာတော့ မဲမသမာမှုတွေရှိတယ်လို့ဆိုကာ အာဏာသိမ်းခဲ့ပါတယ်။

အထက်ပါအတိုင်း စဉ်းစားချက်တွေရှိပေမယ့် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အလောတကြီး မလုပ် ဘဲ စနစ်တ ကျပြင် ဆင်လိုတဲ့အပြင် လက်ရှိနိုင်ငံ့အခြေအနေအပေါ် တည်ငြိမ်ရေး ဆက်လက်ဆောင် ရွက်မှာဖြစ်လို့ အရေးပေါ် ကာလကို နောက်ထပ် ခြောက်လသက်တမ်းတိုးလိုကြောင်းဒီကနေ့ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာ  သူကပြောပါတယ်။

အဲ့ဒီနောက် ကာလုံအဖွဲ့ဝင်တွေရဲ့ သဘောတူညီချက်အရ လို့ဆိုကာ စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်း ကို နောက်ထပ် ခြောက်လသက်တမ်းထပ်တိုးလိုက်ပါတယ်။အခုတကြိမ်အပါအဝင် စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်ကစလို့ အရေးပေါ်ကာလ သက်တမ်း လေးခုအထိ သတ်မှတ်ထားပြီးပါပြီ။