သီလရှင်ကနေပျောက်သွားတဲ့ တအာင်းမိန်းကလေးနှစ်ဦး တပတ်ကြာတဲ့အထိပြန် မတွေ့သေး

ဇူလိုင်၊၂၉

 မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာရှိတဲ့ သီလရှင်သင် ပရဟိတကျောင်းတခုမှာ နေထိုင်ရင်း ပျောက်သွားတဲ့ တ အာင်းလူမျိုး မိန်း ကလေးနှစ်ဦးကို တပတ်ကြာတဲ့အထိ ပြန်မတွေ့သေးဘူးလို့ အဲ့ဒီကလေးတွေရဲ့ အဒေါ်ဖြစ်သူ လွေးအေးလူက DNAကိုပြော ပါတယ်။

“သူ့တို့နဲ့ အတူနေတဲ့ကလေးတွေက ရွာပြန်တယ်လို့ပြောတာ၊ရွာကို မရောက်လာဘူး၊ကလေးတွေဆိုတော့ ရွာကို ဘယ်လိုပြန်တတ်မှာလဲ၊ဗမာစကားလည်း မပြောတတ်ဘူး၊သူတို့နေတဲ့ကျောင်းက ပြောလာတာကတော့ သူတို့ လည်းရှာနေတာ မတွေ့သေးဘူးတဲ့၊ကလေးတွေကို တွေ့တဲ့သူတွေအနေနဲ့ အမြန်ဆုံးဆက်သွယ်ပေးစေချင် ပါ တယ်”လို့ သူက ပြောပါတယ်။

ကျောက်ဆည်မြို့နယ် ဖောင်ရွာရပ်ကွက်မှာရှိတဲ့ ရွှေဂူချောင် သီလရှင်သင် ပရဟိတစာသင်ကျောင်းမှာနေထိုင်တဲ့ အသက် ၁၂နှစ်အရွယ် မိုင်းအိုက်ဆာနဲ့ အသက် ၁၄နှစ်အရွယ် ဆရာလေး လွေးအေးယမ်းတို့ဟာ ဇူလိုင် ၂၃ရက်မှာ ကျောင်းကနေ ပျောက်သွားတာလို့ သိရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်၊လွယ်ဆိုင်ကျေးရွာဒေသခံ အဲ့ဒီ တအာင်းမိန်းကလေးနှစ်ဦးဟာ ညီအစ်မ ဝမ်းကွဲတော် စပ်ကြပြီး ရွှေဂူချောင် သီလရှင်သင် ပရဟိတစာသင်ကျောင်းမှာနေထိုင်နေတာ သုံးလဝန်း ကျင်သာ ရှိသေးတယ်လို့ အဒေါ်ဖြစ်သူကပြောပြပါတယ်။

“မနက်ပိုင်း ဆွမ်းကပ်ချိန်မှာ ပျောက်သွားတာ၊အဲဒီလို ပျောက်သွားတာကို သီလရှင်ကျောင်းကနေ ဖုန်းဆက် လာတာ၊သူတို့လည်းရှာနေကြတယ်ပေါ့”လို့ သူက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ မိန်းကလေးနှစ်ဦးဟာ ရွှေဂူချောင်း ပရဟိတကျောင်းမှာ ရောက်ရှိနေတဲ့ သုံးလအတွင်း မိသားစု နဲ့ဖုန်းအဆက်အသွယ် အမြဲတမ်းမရဘူးလို့ သူတို့ရဲ့ အဒေါ်ဖြစ်သူကပြောပါတယ်။လက်ရှိမှာ အဲ့ဒီမိန်းကလေး ငယ် နှစ်ဦးဟာ ကျောင်းကနေထွက်ပြေးသွားတာ ဟုတ်မဟုတ်ဆိုတဲ့ အခြေအနေတွေကိ အတည်မပြုနိုင်သေးပါဘူး။

ရွှေဂူချောင်း သီလရှင်ပရဟိတကျောင်းမှာ အခုပျောက်သွားတဲ့ မိန်းကလေးနှစ်ဦးနဲ့ တရွာတည်းနေ ကလေး ဆယ် ဦးလောက်လည်း နေထိုင်ပညာသင်နေကြတယ်လို့သိရပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးငယ် နှစ်ဦးကို ရှာဖွေတွေ့ရှိသူတွေအနေနဲ့ ရွှေဂူချောင် ပရဟိတကျောင်း ဖုန်း 09-402 612 079 နဲ့ လွယ်ဆိုင်ကျေးရွာက ဖုန်း 09-454 122 689 ကိုဆက်သွယ်သတင်းပေးဖို့ အဒေါ်ဖြစ်သူက ပြောပါ တယ်။