အလုပ်သမားတွေအပေါ်ဖိနှိပ်မှုတွေကို စစ်ကောင်စီက လိမ်ညာထုတ်ပြန်နေတယ်လို့ ဝေဖန်

ဇူလိုင်၊၂၉

 အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကိုဖမ်းဆီး၊ဝရန်းထုတ်တာတွေလုပ်နေတဲ့စစ်ကောင်စီက အပြည် ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ပြဌာန်းချက် ၈၇ဖြစ်တဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ကို လိုက်နာနေ တယ်လို့ထုတ်ပြန်လာတဲ့အပေါ်အလုပ်သမားအဖွဲ့တွေကဝေဖန်နေကြပါတယ်။

“အလုပ်သမားအဖွဲ့တွေလွတ်လပ်စွာဖွဲ့စည်းလုပ်ကိုင်ခွင့်ရနေလား၊မရဘူးလားဆိုတာမြေပြင်လုပ်ရပ်တွေကိုကြည့်ရုံနဲ့သိသာနေတာ”လို့ မြန်မာနိုင်ငံစက်မှုလက်မှု နှင့်ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတဦးကပြောပါတယ်။

အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေပြဋ္ဌာန်းချက်တွေနဲ့အညီ အလုပ်သမားအဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖွဲ့ စည်းဆောင်ရွက်ခွင့်ပြုနေပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့နဲ့အလုပ်သမား အဖွဲ့ချုပ်၊ အလုပ် ရှင် အဖွဲ့ချုပ်တွေဟာ ဥပဒေနှင့်အညီ လွတ်လပ်စွာဖွဲ့စည်းခွင့်၊စည်းရုံးခွင့်တွေရနေတယ်လို့ စစ်ကောင်စီအ လုပ် သမား ဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။

 အဲ့ဒီထုတ်ပြန်ချက်ဟာ လိမ်ညာထုတ်ပြန်ချက်သာဖြစ်ပြီး အာဏာသိမ်းပြီးနောက် အလုပ်သမားအဖွဲ့အစည်းတွေ နဲ့ အလုပ်သမားခေါင်းဆောင်တွေ၊အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကို ဖိနှိပ်နေတဲ့အပေါ် ဝေဖန်မှုကို ကာ ကွယ်ဖို့ ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေကပြောကြပါတယ်။

 စစ်အာဏာသိမ်းပြီး လပိုင်းအကြာမှာ စစ်ကောင်စီတပ်တွေက MICS-TUsFအလုပ်သမားအဖွဲ့ချုပ်ရုံးခန်းကို ဝင် ရောက်စီးနင်းပြီး ရုံးပစ္စည်းတွေသိမ်းယူသွားတာရှိသလို အဲဒီအလုပ်သမားအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူးချုပ် ကိုသက်နှင်းအောင်ကိုလည်းဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ထောင်နှစ်နှစ် ချမှတ်ခဲ့ပါတယ်။

 ပြီးခဲ့တဲ့လကုန်ပိုင်းကကိုသက်နှင်းအောင်ဟာ ထောင်လွတ်ရက်စေ့ခဲ့ပေမယ့် အပြင်ကိုရောက်ရှိမလာဘဲ အဆက် သွယ်ပြတ်တောက်နေတယ်လို့လည်း MICS-TUsFတာဝန်ရှိသူတွေကပြောထားပါတယ်။

 ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အလုပ်သမားအဖွဲ့ ၁၆ခုကို တရားမဝင်အဖွဲ့အစည်း တွေအ ဖြစ်ကြေညာခဲ့ပါတယ်။

အခုစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ MICS-TUsFနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM) အပါအဝင်အလုပ်သမားအဖွဲ့ချုပ်၁၁ခုကို လွတ်လပ်စွာဖွဲ့စည်းလုပ်ကိုင်ခွင့်ပေးထားတယ်လို့ဖော် ပြထားပါတယ်။

ဒါပေမယ့် စစ်အာဏာသိမ်းမှုကိုမထောက်ခံတဲ့ CTUMနဲ့အလုပ်သမားအဖွဲ့ချုပ်တချို့က ခေါင်းဆောင်တွေကို စစ် ကောင်စီကဖမ်းဆီးတာ၊ ဖမ်းဝရန်းထုတ်တာတွေပြုလုပ်နေတာကြောင့်ဖမ်းဆီးခံရသူတွေရှိနေသလို ထွက်ပြေး တိမ်းရှောင်နေကြရသူတွေအများအပြားရှိနေတယ်လို့လည်း CTUMအဖွဲ့ဝင်တဦးကဆိုပါတယ်။

 “CTUMဥက္ကဌဦးမောင်မောင်ကို စကစ ဘက်ကနိူင်ငံသားအဖြစ်ကရပ်စဲတာမျိုးတွေတောင် ရှိတယ်။ကျန်တဲ့သူ တွေ လည်းဝရန်းထုတ်ခံထားရတော့ မြေပြင်မှာအလုပ်သမားအရေးလှုပ် ရှားဆောင်ရွက်လို့မရတော့တဲ့အခြေအ နေ ဖြစ်တယ်။ဒါကိုမှ လွတ်လပ်စွာဖွဲ့စည်းလုပ်ကိုင်ခွင့်ပေးထားပါတယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”လို့ သူက ပြောပါတယ်။

ဒါ့အပြင် တရားမဝင်အဖွဲ့အစည်းအ​ဖြစ်​ကြေညာခံထားရတဲ့ အလုပ်သမားအဖွဲ့၁၆ကိုလည်း အလုပ်သမားအ​ရေး လှုပ်ရှားဆောင်ရွက်ရင် တည်ဆဲဥပဒေတွေနဲ့ထိရောက်စွာ အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေ ညာထားပြီးအခုအလုပ်သမားအဖွဲ့တွေလွတ်လပ်စွာဖွဲ့စည်းလုပ်ကိုင်ခွင့်ရှိ​နေတယ်ဆိုတဲ့ထုတ်ပြန်ချက်ဟာ ရှေ့ နောက်မညီဘူးလို့ အဲဒီအလုပ်သမားအဖွဲ့တွေမှာပါဝင်သူတွေကပြောပါတယ်။

စစ်ကောင်စီက တရားမဝင်အဖြစ်ကြေညာထားတဲ့အလုပ်သမားအဖွဲ့တွေထဲကတခုဖြစ်တဲ့  Action Labor Rights အဖွဲ့က အဖွဲ့ဝင် သုံးဦးဟာ ပြီးခဲ့တဲ့ဇွန်လကစက်ရုံလုပ်သားတွေရဲ့လုပ်ခတိုးမြှင့်ပေးရေး တောင်းဆိုမှု မှာပါဝင်ကူ ညီရာကနေ စက်ရုံအလုပ်သမားခုနှစ်ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

 အဲဒီလိုအလုပ်သမားအခွင့်အရေးလူပ်ရှားသူတွေကိုဖမ်းဆီးတာဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ (ILO)ပြဌာန်းချက် အမှတ်၈၇ကိုချိုးဖောက်ရာရောက်တယ်ဆိုပြီး ILOကထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီ ဘက်က သူတို့အနေနဲ့အဲဒီပြဌာန်းချက်အတိုင်းလေးစားလိုက်နာနေတယ်လို့တုံ့ပြန်ထားပါတယ်။

 လက်ရှိမှာ မြန်မာနိုင်ငံမှာ အဓမ္မစေခိုင်းမှုနဲ့ ပြဌာန်းချက်အမှတ် (၈၇)ကိုချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ တိုင် ကြားချက် တွေအပေါ်  ILOက အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အချက်အလက်စုဆောင်းနေကာ မကြာ ခင် တွေ့ရှိချက်အစီရင်ခံစာထွက်လာဖို့ရှိနေတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေဆီကသိရပါတယ်။