လယ်ယာလုပ်ငန်းခွင်ထဲက ABSDF တပ်ဖွဲ့ဝင်တွေ

ဇူလိုင်၊ ၂၆

တပ်တွင်းရိက္ခာဖူလုံရေး စီမံချက်အရ လယ်ကွင်းတွေထဲ ကောက်စိုက်၊စပါးရိတ်နေကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တပ်ဖွဲ့ဝင်တွေရဲ့ပုံရိပ်တွေဖြစ်ပါတယ်။

အခုဓာတ်ပုံတွေထဲ လယ်ယာလုပ်ငန်းခွင်ဝင်နေကြသူတွေဟာ တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ABSDF စစ်ကြောင်း(၃) တာဝန်ရှိ သူ တဦးက DNA ကိုအတည်ပြုပါတယ်။

လက်ရှိကာလအထွေထွေ အကျပ်အတည်းတွေကြောင့် ပြည်သူတွေဒုက္ခမျိုးစုံရင်ဆိုင်နေရသလို ကုန်ဈေးနှုန်း တွေလည်း အဆမတန်မြင့်မားနေတဲ့ အခြေအနေမှာ ရိက္ခာဖူလုံဖို့အတွက် တတ်နိုင်သမျှစိုက်ပျိုးနေတယ်တယ်လို့ အဲ့ဒီစစ်ကြောင်းက အသိပေးထားပါတယ်။

ဒေသခံပြည်သူတွေအခက်အခဲကြုံတွေ့လာချိန်မှာပြန်လည်မျှဝေပေးနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ဆိုပါတယ်။

ကျောင်းသားတပ်မတော် ABSDF စစ်ကြောင်း(၃)ဟာ စစ်ကိုင်းတိုင်းအတွင်းအခြေစိုက်တဲ့ တပ်ရင်းတခုဖြစ်ပြီး စစ် ကြောင်းနယ်မြေအတွင်းက  တပ်ရင်း၊တပ်ဖွဲ့တွေဟာ ပဲ၊နှမ်း၊စပါး ဆယ်ဧကကျော် စိုက်ပျိုးထားတယ်လို့ သိရပါ တယ်။

ABSDF တပ်ဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA)ကိုလက်မှတ်ရေးထိုးထား ပေမယ့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှုတွေမှာ ပါဝင်နေပါတယ်။