ချောက်မြို့မှာဗုံးအတုထောင် မျှားခေါပြီး မိုင်းခွဲတိုက်ခိုက်လို့ စခန်းမှူးအပါအဝင်နှစ်ဦးဒဏ်ရာရ

ဇူလိုင် ၊ ၂၆

မကွေးတိုင်း၊ချောက်မြို့နယ်၊ အမှတ် (၁) ‌ရေနံကလပ်ထောင့် ကြံ့ခိုင်ရေး ရုံးအနီးမှာ ဒေသကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့ ဗုံးအတုကိုရှင်းလင်းပြီးပြန်သွားတဲ့ စစ်ကောင်စီတပ်တွေ လမ်းမှာ မိုင်းခွဲခံရလို့ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

“ ကျွန်တော်တို့မြို့တွင်းဝင်ပြီး တိတ်တဆိတ်မိုင်းထောင်းထားခဲ့တယ်။ နှစ်နေရာမှာပေါ့။ ပြီးတော့ ကြံ့ခိုင်ရေးရုံးနားမှာ ဗုံးအတုတစ်လုံးထောင်ထားခဲ့တယ် ။စခနဲ့ရခ အလာကိုစောင့်နေချိန် ရခနဲ့စခ လာပြီးဗုံးအတုကို စနိုက်ပါနဲ့ပစ်ပြီး ရှင်းလင်းပြီးတဲ့နောက် ကျွန်တော်တို့ထောင်ထားတဲ့ မိုင်းအနားရောက်ချိန်မိုင်းဖောက်လိုက်တာပါ။ နှစ်ကောင်ထိသွားပါတယ် “ လို့  Chauk Guerrilla Force (C.G.F ) တာဝန်ရှိသူကဆိုပါတယ်။

မနေ့က ဇူလိုင်လ ၂၅ ရက် နေ့  မနက်ပိုင်း ၇ နာရီခန့်မှာ ကြံ့ခိုင်ရေးရုံးအရှေ့  ထောင်ထားတဲ့ ဗုံးအတုကို လာရှင်းပြီး အပြန် ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ လို့ ချောက်မြို့နယ်၊ မြို့မရဲစခန်းမှူးအပါအဝင်စစ်သားတဦးဒဏ်ရာရခဲ့တာပါ။

အဲဒီတိုုက်ခိုက်မှုကြောင့် ချောက်မြို့နယ်၊မြို့မ စခန်းမှူး (ဦး)ဝင်းဆန်းရဲ့လည်ပင်း မိုင်းစ ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ချောက်မြို့နယ်ဆေးရုံမှာ ကုသမှုခံယူနေရကာဗိုလ်အိမ်နံပါတ် ၆၀ မှာနေတဲ့  စနိုက်ပါတပ်သားတဦးကတော့  နားရွက်ပြတ်ထွက်ကာ ခန္တာကိုယ်တခြမ်းမိုင်းစထိမှန်လို့  မကွေးဆေးရုံကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။

“ ကျွန်တော်တို့က ဒုတိယအလုံးကို ဖောက်ဖို့စောင့်နေတဲ့ချိန် ၃ နာရီခွဲလောက်မှာ စခနဲ့ရခက မိုင်းကိုတွေသွားလို့ ဖောက်လိုက်ချိန် error  တတ်ပြီးမကွဲဘူး။ သူတို့ကတော့ အဲ့မိုင်းကိုစနိုက်ပါနဲ့ဖျက်ဆီးလိုက်ပါတယ်ဗျ “ လို့ Chauk Guerrilla Force (C.G.F ) တာဝန်ရှိသူကဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ရဲများက တော်လှန်ရေးရဲဘော်တွေထောင်ထားတဲ့မိုင်းကိုတွေ့ရှိသွားပြီးနောက် ကလပ်ထောင့်နဲ့ရေနံချက် စက်ရုံရှိလမ်းများကိုပိတ်ကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး နောက်မိုင်းကိုဖောက်ခွဲဖျက်ဆိးလိုက်တယ်လို့သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force Burma Revolution Ranger နဲ့ချောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖောက်ခွဲမှုပြီးနောက်တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။