ဇူလိုင် ၂၄
မုန်တိုင်းကြောင့် မျိုးစပါးတွေ ပျက်စီးခဲ့ရတဲ့ ရခိုင်မှာမိုးဦးရာသီ မိုးအရွာနည်းတာကြောင့် လယ်သမားတွေဟာ လယ်ယာတွေကို အချိန်မီ ထွန်ယက်၊ စိုက် ပျိုးဖို့ အခက်ကြုံနေကြရတယ်လို့ ပြောကြပါတယ်။
“မိုးက တရက်ရွာရင် ငါးရက်လောက် နေပူတယ်၊ အဲတော့ လယ်ကွင်းတွေမှာ ရေမရှိဘူး၊လယ်ထွန်လို့မရ ဖြစ် နေတယ်၊ထွန်လိုက်ရင်လည်း စပါးကြဲ(စိုက်)ဖို့က ဒီအတိုင်းဆိုရင် အဆင်မပြေဘူးလေ၊မိုးရွာမှာကို ထိုင်စောင့်နေ ကြရတဲ့အဖြစ်ပါ”လို့ မင်းပြားမြို့နယ်က လယ်သမားတဦးဖြစ်တဲ့ ဦးသောင်းကျော်က ပြောပါတယ်။
မင်းပြားအပါအဝင် ဆည်ရေသွင်းစနစ်တွေမရှိတဲ့ ရခိုင်ပြည်နယ်တခုလုံးမှာ အဲဒီလို အခက်အခဲတွေနဲ့ ကြုံ နေရတာ ဖြစ်ပြီး မထွန်ယက်ရသေးတဲ့ လယ်ဧပေါင်း သိန်းချီရှိနေသေးတယ်လို့ လယ်သမားအ ရေးဆောင်ရွက်နေတဲ့အဖွဲ့အ စည်းတွေနဲ့ လယ်သမားတွေက ပြောကြပါတယ်။
မိုးမမှန်တဲ့အတွက် ထွန်လက်စလယ်ယာမြေတွေကို ဆက်ထွန်လို့မရဘဲ ရပ်ထားရတယ်လို့လည်း လယ်သ မားတွေက ပြောကြပါတယ်။
“မိုးမရွာတော့ လယ်ကွင်းက ခြောက်ကပ်ပြီး မြက်တွေ၊ ပေါင်းတွေတောင် ပြန်ထလာကြပြီ၊ အဲဒါ မိုး ရွာမှ ရမယ်၊ ဒီ ဘက်မှာက ဆည်ရေသွင်းဖို့လည်း အ ဆင်မပြေဘူး၊ရေစုပ်စက်နဲ့ရေတင်ဖို့ကလည်း မြစ်နဲ့ ချောင်းနဲ့ ဝေးတယ်”လို့ မင်းပြားမြို့နယ်က နောက်ထပ်လယ်သမားတဦးဖြစ်တဲ့ ကိုမောင်လှသန်းကလည်း ပြောပါတယ်။
မိုးရွာလို့ လယ်ယာတွေ ထွန်ယက်ဖို့အဆင်ပြေရင် တောင် မျိုးစပါးတွေ မရှိသေးတာကြောင့် စိုက်ပျိုးချိန် နောက်ကျနိုင်တယ်လို့လည်း လယ်သမားတွေက ပြောကြပါတယ်။
“မနှစ်က မိုးဦးမကောင်းလို့ တော်တော်နောက်ကျခဲ့တယ်၊စပါးတွေလည်း မဖြစ်ဘူး၊ ရှုံးတဲ့သူရှုံးတယ်၊ဒီနှစ်လည်း မိုးပုံမှန်မရွာဘူး၊မျိုးစပါးကလည်း မရှိသေးဘူး၊အစိုးရကလည်း ပေးမယ်ဆိုတာ အခုထိ မရသေးဘူး၊ ဒီနှစ်လည်း လယ်သမားတွေ ဒုက္ခ ရောက်မယ့်နှစ်ပါပဲ၊ (စက်သုံး)ဆီစျေးကကြီး၊ အ လုပ်သမားစျေးက ကြီးနဲ့”လို့ ပုဏ္ဏားကျွန်းမြို့ နယ်ကလယ်သမား ဦးထွန်းကျော်က ပြောပါတယ်။
ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်စတဲ့မြို့နယ် တွေက လယ်သမားတွေဟာ သို လှောင်ထားကြတဲ့ မျိုးစပါးတွေ ပျက်စီးသွားခဲ့ကြရတာဖြစ်ပြီး အစိုးရအပါအဝင် အ ဖွဲ့အစည်းတွေအ နေနဲ့ မျိုးစပါး ဝိုင်းဝန်းကူညီပေးကြဖို့လိုတယ်လို့ လယ်သမားအရေးဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။
ရခိုင်ပြည်နယ်မှာ စပါးစိုက်လယ်ဧကပေါင်း ၁၂ သိန်းကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်က မိုးဦးကာလ မိုးခေါင်တာ၊ သွင်းအားစုတွေ စျေးကြီးတာတွေကြောင့် ချန်လှပ်ထားခဲ့ကြရတဲ့ လယ်ယာမြေတွေ ရှိခဲ့ကာ ဧက ၁၀ သိန်းလောက်ကိုသာ ထွန် ယက်နိုင်ခဲ့ကြတယ်လို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာတောင်သူ လယ်သမားသမဂ္ဂက ပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ စိုက်ပျိုးမြေလျော့နည်းခဲ့တဲ့အပြင် စပါးအထွက်နှုန်းဟာလည်းအရင်နှစ်တွေကထက် သုံးပုံတပုံ လောက်အထိ လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအဆခြအနေတွေအရဆိုရင် လာမယ့်နှစ်မှာလည်း စပါးအထွက်နှုန်းတွေ လျော့ကျနိုင်တယ် လို့ လယ်သမားတွေက ခန့်မှန်းထားကြပါတယ်။
Photo CJ
ထွန်ယက်စိုက်ပျိုးဖို့အတွက် မိုးမျှော်နေရတဲ့ ရခိုင်က စပါးခင်းတချို့