နွေဦးဖွံဖြိုးရေးဘဏ် ကနဦးစမ်းသပ်မှု နှစ်ဆယ့်လေးနာရီမပြည့်မီ စာရင်းဖွင့်သူဦးရေတထောင်ပြည့်

ဇူလိုင် ၊ ၂၂

အမျိုးသားညီညွတ်ရေး အစိုးရ NUG က တည်ထောင်တဲ့ နွေဦးဖွံဖြိုးရေးဘဏ်ကို ဒီကနေ့ ကနဦးအကြိုကာလ အနေနဲ့ စ တင်စမ်းသပ်ဖွင့်လှစ်ရာမှာ ပထမဆုံးနေ့ ၂၄နာရီမပြည့်မီမှာပဲ စာရင်းဖွင့်သူပေါင်း တထောင်ပြည့်ခဲ့ တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေးထားပါတယ်။

ယုံကြည်မှုတခု၊ ပန်းတိုင် တခု တည်းကို နောက်မဆုတ်စတမ်း အတူလက်တွဲ ချီတက်နေကြတာဟာ အားတက် စရာကောင်းသလို ဝမ်းမြောက်ဂုဏ်ယူရပါတယ်”လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ က နေဖော်ပြပါတယ်။

လက်တလော ဆောင်ရွက်သွားမယ့် Beta Version ဟာ အကန့်အသတ်ရှိနေတာမို့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံလာခဲ့ရင်လည်း နိုင်ငံအနှံ့မှာ ခန့်အပ်ထားတဲ့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ (Relationship Managers) အ ယောက်တရာနဲ့အတူ ပြင်ဆင်မွမ်းမံမှုတွေ အစဥ်တစိုက်လုပ်ဆောင်သွားမှာဖြစ်လို့ စိတ်ရှည်သည်းခံပြီးဆက် လက် အားပေးဝန်းရံကြဖို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒစ်ဂျစ်တယ်ဘဏ် တခုဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ဇူလိုင်လ ၂၂ ရက်(ဒီကနေ့)မှာ အသုံးပြုသူ တထောင်၊ ကြီးကြပ်သူဦးရေ တရာနဲ့ စမ်းသပ်အသုံးပြုမှာဖြစ်ပြီး သြဂုတ်လနှောင်းပိုင်းမှာတော့ သုံးစွဲ သူတွေ အပြည့်အဝ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဘဏ်ပြောရေးဆိုခွင့်ရှိသူ ဦးကယ်လ်ဗင်က ပြီးခဲ့တဲ့ရက်ပိုင်း အ တွင်း သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။

နွေဦးဘဏ်ဟာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့အရေးပါတဲ့ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ ဒုတိယမြောက် ခြေလှမ်းတခုဖြစ်ပြီး ဒီ့မတိုင်ခင်ကတော့ အွန်လိုင်း ငွေကြေး ဝန်ဆောင်မှုတခုဖြစ်တဲ့ NUG Pay ကိုဖော်ဆောင် လုပ်ကိုင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်မှာာ စတင်လည်ပတ်ခဲ့တဲ့ NUG Pay ဟာ တနှစ်အကြာမှာ သုံးစွဲသူပေါင်း နှစ် သောင်းရှစ်ထောင်ကျော်ရှိနေပြီး စုစုပေါင်း ဈေးကွက်အတွင်းလည်ပတ်ငွေ ကျပ် ၁၅ဘီလီယံကျော်ရှိတယ်လို့ NUGရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

လက်ရှိနွေဦးဖွံဖြိုးရေးဘဏ်ကိုတော့ ပထမခြောက်လအတွင်း ဘဏ်အကောင့်ဖွင့်လှစ်အသုံးပြုသူ တသိန်းအထိ ရှိ ဖို့ မျှော်မှန်းထားပြီး နောက်ခြောက်လအကြာမှာတော့ အသုံးပြုသူ ငါးသိန်းအထိရှိလာဖို့ ရည်ရွယ်ထားတယ်လို့ ဘဏ်ရဲ့ စီမံခန့်ခွဲမှု အမှုဆောင်အရာရှိလည်းဖြစ်သူ ဦးကယ်လ်ဗင်ကပြောထားပါတယ်။

အမေရိကန်ဒေါ်လာ ငါးသိန်း မတည် တည်ထောင်မယ့် အဲဒီဘဏ်ကို နိုင်ငံခြားငွေတွေ အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်တွေကို ငွေကြေးစီးဝင်တာ ရပ်တန့်စေဖို့နဲ့ တော်လှန်ရေးအတွက် ဘဏ္ဍာငွေရှာဖွေတာ၊ အခွန်ကောက်ခံတာတွေ လုပ်ဆောင်နိုင်ဖို့ အဓိကရည်ရွယ်ပြီး ထူထောင်တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဘဏ်မှာ ပဏာမအဆင့်အနေနဲ့ မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနဲ့ ထိုင်းဘတ်ငွေတွေ အပ်နှံတာ၊ ငွေကြေးလဲလှယ်တာ၊ ငွေလွှဲတာ၊ ရွှေဝယ်စုတာ၊ Master/Visa ကဒ် အသုံးပြုပြီး ငွေသွင်းငွေ ထုတ် လုပ်နိုင်တာတွေအပြင် တော်လှန်ရေးအတွက် NUG က ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေ၊ စစ်အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေ လေလံတင်ရောင်းချတာကိုလည်း အဲဒီဘဏ်ကနေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ကတော့ စတာလင်ပေါင်၊ ယူရို၊ ဝမ်၊ ယန်း စတဲ့ ငွေကြေးတွေကိုပါ အသုံးပြုနိုင်အောင် စီစဉ် ထားပြီး ကုန်သွယ်မှုအတွက် ငွေပေးချေတာ၊ နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်တာ၊ ချေးငွေထုတ်ချေးတာ၊ NUG ကနေ ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ်တွေကို တခြားပစ္စည်းတွေနဲ့ လဲလှယ်တာတွေကိုပါ အဲဒီဘဏ်ကနေတဆင့် လုပ်ဆောင်နိုင်အောင် စီစဉ်နေတယ်လို့ ဘဏ်တာဝန်ရှိသူတွေကဆိုထားပါတယ်။