မြန်မာစစ်တပ်ကိုခုခံနေသူတွေ လုံလောက်တဲ့အကူအညီမရဘဲရုန်းကန်နေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ပြော

ဇူလိုင်၊၁၉

မြန်မာနိုင်ငံက စစ်တပ်ကို ဖီဆန်ခုခံနေသူတွေဟာ ပြည်ပကနေ လုံလောက်တဲ့ ကူညီထောက်ပံ့မှုမျိုးမရဘဲ ရုန်းကန်နေကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကင်မ်က ဒီကနေ့ NUGနဲ့ CRPH တို့ပူးပေါင်း ကျင်း ပတဲ့ အာဇာနည်နေ့အခမ်းအနားမှာပြောပါတယ်။

ဒါပေမယ့် နိုင်ငံတကာ အစိုးရတွေက မြန်မာပြည်သူတွေကို ကူညီပေးဖို့ပျက်ကွက်နေတဲ့တိုင်အောင် ကမ္ဘာတ လွှားကပြည်သူတွေက သူတို့ကူညီနိုင်သမျှ အကူအညီတွေကို အစွမ်းကုန်လုပ်ဆောင်နေကြတယ်လို့လည်း သူက ပြောပါသေးတယ်။

“အဲဒီအကူအညီမျိုးတွေက အသည်းအသန်လည်း လိုအပ်ပါတယ်၊အခုဆိုရင် အခြေအနေတွေက အရမ်းအရေး ကြီးတဲ့ အဆင့်မျိုးဆီ ရောက်လာပြီး မြန်မာနိုင်ငံ အတွင်းရော အပြင်မှာပါ စည်းလုံးညီညွတ်တဲ့ ရည်မှန်းချက်မျိုး ကသာ ဒီပြည်တွင်းစစ် နောက်ထပ် ရှည်ကြာနေတဲ့ အခြေအနေကို ရပ်တန့် တားဆီးနိုင်ပါလိမ့်မယ်”လို့ ဒေါ်အောင် ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ်က ဆိုပါတယ်။

NLD ပါတီအာဏာရခဲ့တဲ့ သက်တမ်းအတွင်း မြန်မာနိုင်ငံကိုမလာခဲ့တဲ့ ကင်မ်အဲရစ်ဟာ အာဏာသိမ်းပြီးနောက် ပြည်ပရောက်မြန်မာတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အမြဲလိုလိုပူးပေါင်းပါဝင်နေသလို ဒီက နေ့ ၇၆နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကိုလည်း တက်ရောက်ခဲ့တာပါ။

ဒီကနေ့ အွန်လိုင်းကပြုလုပ်တဲ့ အဲ့ဒီအခမ်းအနားမှာ ကင်မ်က ကျဆုံးသွားခဲ့သူကို အောက်မေ့သတိရခြင်းနဲ့အတူ လက်ရှိကြိုးစားရုန်းကန်နေသူတွေကိုလည်း မမေ့မလျော့ရှိကြဖို့ ထည့်ပြောခဲ့ပါသေးတယ်။

ကွယ်လွန်သူတွေက သွားနှင့်ကြပြီလေ။ သူတို့ရဲ့ အိပ်မက်တွေ လက်ရှိ အချိန်ထိ မပြည့်ဝနိုင်သေးပါလား ဆိုတာ ကို သူတို့တွေ တမလွန်ကနေ လှမ်းမမြင်ရဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊အသက်ရှင်နေသူတွေကတော့ နာ ကျင် ထိခိုက်နေကြပါတယ်၊အဲဒီ အိပ်မက်တွေကို နားလည်ပုံဖော်ဖို့ တိုက်ပွဲဝင်နေချိန် အတောအတွင်း နောက်ထပ် နာကျင်မှုတွေကိုလည်း ခါးစည်းခံကြရမှာ ဖြစ်ပါတယ်”လို့ သူကပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကလည်း သူ့ရဲ့မိန့်ခွန်းမှာ အဲ့ဒီအချက်ကို ထည့်ပြောခဲ့ပါသေးတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းက ဓလေ့အယူအဆတွေမှာ ကျဆုံးကွယ်လွန်သွားကြမှ အာဇာနည်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ချီးမွှမ်းဂုဏ်ပြုကြလေ့ရှိပါတယ်။ ကျွန်တော့်တို့အနေနဲ့ အာဇာနည်စိတ် / အာဇာနည် လုပ်ရပ်ကို သက်ရှိထင်ရှားရှိစဉ် အချိန်မှာလည်း ဂုဏ်ပြု ဦးညွှတ်ဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်”လို့ ယာယီ သမ္မတကပြောပါတယ်။

ဒါ့အပြင် သမိုင်းမှာ ဖုံးဖိဖျောက်ဖျက်ခံထားရတဲ့ လူမျိုးစုအာဇာနည်ခေါင်းဆောင်တွေနဲ့ လူမသိ၊သူမသိ မထင်မရှား စွန့်လွှတ်ပေးဆပ်ခဲ့ကြသူတွေကိုလည်း မမေ့မလျော့ရှိကြဖို့ ယာယီသမ္မတဒူဝါလရှီးကတိုက်တွန်းပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကင်မ်က စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ လက်ဝှေ့ကျော် တူးတူးကိုလည်း နာမည်တပ်ဂုဏ်ပြုခဲ့ပါသေးတယ်။

“သူဟာ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ အတောအတွင်းမှာ ကွယ်လွန်သွားခဲ့ရှာပါတယ်၊ကြီးမြတ်သူ ကြားထဲမှာ သူ့ရဲ့ နာမည်ကိုလည်း အမှတ်တရ ရှိနေကြမှာပါ”လို့ စစ်ကောင်စီဖမ်းဆီးသွားပြီးနောက် တနှစ်နီးပါးအကြာမှ မိသားစုကို သေဆုံးပြီလို့အကြောင်းကြားခံခဲ့ရတဲ့ လက်ဝှေ့ချန်ပီယံ တူးတူးနဲ့ပတ်သက်လို့ ကင်မ်ကဆိုပါတယ်။

၂၀၁၀ခုနှစ်မှာ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ဒေါ်အောင်ဆန်းကြည်ကိုလာရောက်တွေ့ဆုံခဲ့တဲ့ ကင်မ်အဲရစ်